အိမ်တော်၏အနောက်ဘက် မြေကွက်လပ်ကို မျက်နှာမူထားသော အဆောက်အအုံ၏အလျားနှင့် အိမ်တော်တစ်ဖက်တစ်ချက်ရှိ လျှောက်လမ်းကိုတိုင်းရာ အတောင်တစ်ရာစီရှိ၏။ ဗိမာန်တော်အပြင်ခန်း၊ အတွင်းခန်းနှင့် ဗိမာန်တော်ဆင်ဝင်တို့ကိုလည်း တိုင်း၏။
ယေဇကျေလ 42:5 - မြန်မာ့စံမီသမ္မာကျမ်း အပေါ်ဆုံးထပ်၏အခန်းများမှာ ကျဉ်း၏။ အကြောင်းမှာ အဆောင်အပေါ်ဆုံးထပ်၏လျှောက်လမ်းသည် အောက်ဆုံးထပ်နှင့် အလယ်ထပ်တို့ထက် နေရာယူထားသောကြောင့်ဖြစ်၏။ Common Language Bible အမြင့်ပိုင်းတွင်ရှိသည့်အခန်းများသည် အလယ်ပိုင်းနှင့်အနိမ့်ပိုင်းတွင်ရှိသည့် အခန်းများထက်ပို၍ကျဉ်း၏။ အဘယ် ကြောင့်ဆိုသော်ထိုအခန်းတို့ကိုနောက်သို့ ဆုတ်၍ဆောက်လုပ်ထားသောကြောင့်ဖြစ်၏။- Garrad Bible အ ဆင့် သုံး ထပ် ရှိ သော ထို တိုက်၌၊ တံ တိုင်း များ ကဲ့ သို့၊ တိုင် များ မ ရှိ သည့် အ တွက်၊ စင်္ကြံ များ ကြောင့် ဆုတ် ရ သော အ ထက် ခန်း များ သည်၊ အောက် ခန်း၊ အ လယ် ခန်း များ ထက် ကျဉ်း လျက် ရှိ၏။ Judson Bible အထက်ခန်းတို့သည် ကျဉ်းကြ၏။ သူတို့၏ကြမ်းပြင်သည် အောက်ခန်းကြမ်းပြင်၊ အလယ်ခန်း ကြမ်းပြင်နှင့်မညီ၊ အထဲသို့ဝင်လျက် ရှိကြ၏။ |
အိမ်တော်၏အနောက်ဘက် မြေကွက်လပ်ကို မျက်နှာမူထားသော အဆောက်အအုံ၏အလျားနှင့် အိမ်တော်တစ်ဖက်တစ်ချက်ရှိ လျှောက်လမ်းကိုတိုင်းရာ အတောင်တစ်ရာစီရှိ၏။ ဗိမာန်တော်အပြင်ခန်း၊ အတွင်းခန်းနှင့် ဗိမာန်တော်ဆင်ဝင်တို့ကိုလည်း တိုင်း၏။
အိမ်တော်အတွင်းပတ်ပတ်လည်ရှိ အခန်းများသည် အထက်သို့ရောက်လေလေ ပို၍ကျယ်လေလေဖြစ်၏။ အကြောင်းမူကား အိမ်တော်၏ပုံစံသည် အောက်၌ကျဉ်းပြီး အထက်သို့ကျယ်သွားသောကြောင့် အိမ်တော်ပတ်ပတ်လည်ရှိ အခန်းငယ်တို့သည်လည်း အထက်သို့ရောက်လေလေ ပို၍ကျယ်လေလေဖြစ်၏။ အောက်ထပ်မှ အပေါ်ဆုံးထပ်သို့ တက်သွားသောအခါ အလယ်ထပ်ကို ဖြတ်သွားရ၏။
အတွင်းဝင်းရှိ အတောင်နှစ်ဆယ်ကျယ်သောမြေကွက်လပ်နားရှိ သုံးထပ်ဆောင်နှင့် အပြင်ဝင်းရှိ ကျောက်ခင်းစင်္ကြံနှင့်မျက်နှာချင်းဆိုင် သုံးထပ်ဆောင်တို့၏လျှောက်လမ်းတို့သည် မျက်နှာချင်းဆိုင်လျက်ရှိ၏။
အဆောင်နှစ်ဆောင်တို့သည် အထပ်သုံးထပ်ရှိသော်လည်း အခြားအဆောင်များကဲ့သို့ တိုင်များမပါရှိချေ။ ထို့ကြောင့် အပေါ်ဆုံးထပ်သည် အောက်ထပ်နှင့် အလယ်ထပ်တို့ထက်ကျဉ်း၏။