ယဇ်ပုရောဟိတ်တို့အတွက် ဝင်းတံတိုင်း၊ အပြင်တံတိုင်းကြီးနှင့် ဝင်းတံခါးများကိုလည်း ပြုလုပ်၏။ တံခါးများကို ကြေးနီဖြင့်မွမ်းမံထား၏။
ယေဇကျေလ 42:15 - မြန်မာ့စံမီသမ္မာကျမ်း ထိုသူသည် အိမ်တော်အတွင်းပိုင်းကို တိုင်းတာပြီးနောက် ငါ့အား အရှေ့ဘက်မုခ်ဆောင်တံခါးအပြင်ဘက်သို့ ခေါ်ဆောင်သွားပြီး ပတ်ပတ်လည်ကို တိုင်းတာ၏။ Common Language Bible ထိုလူသည်ဗိမာန်တော်အတွင်းပိုင်းအကျယ် အဝန်းကိုတိုင်းတာပြီးနောက် ငါ့အားအရှေ့ တံခါးမှခေါ်ဆောင်ကာအပြင်ပိုင်းကိုတိုင်း တာ၍ကြည့်၏။- Garrad Bible အ တွင်း ဌာ န တော် ကို အ ဆုံး သတ် တိုင်း ပြီး လျှင်၊ အ ရှေ့ တံ ခါး ဖြင့် ငါ့ ကို ထွက် စေ လျက်၊ ပတ် လည် တစ် လျှောက် တိုင်း သော်၊ Judson Bible အတွင်းဗိမာန်တော်ကို တိုင်းပြီးသည်နောက်၊ အရှေ့တံခါးပြင်သို့ ခေါ်သွား၍၊ |
ယဇ်ပုရောဟိတ်တို့အတွက် ဝင်းတံတိုင်း၊ အပြင်တံတိုင်းကြီးနှင့် ဝင်းတံခါးများကိုလည်း ပြုလုပ်၏။ တံခါးများကို ကြေးနီဖြင့်မွမ်းမံထား၏။
ကြည့်ရှုလော့။ အိမ်တော်အပြင်ဘက်ပတ်ပတ်လည်တွင် တံတိုင်းရှိ၏။ ထိုသူသည် အရှည်ခြောက်တောင်ရှိသော တိုင်းစရာကျူတစ်ချောင်းကိုကိုင်ထား၏။ ထိုကျူချောင်းတစ်တောင်လျှင် လူ့လက်တစ်တောင်နှင့်လက်တစ်ဝါးရှိ၏။ တံတိုင်းကိုတိုင်းတာရာ အနံကျူချောင်းတစ်ပြန်စာ၊ အမြင့်ကျူချောင်းတစ်ပြန်စာရှိ၏။
အိမ်တော်၏အနောက်ဘက် မြေကွက်လပ်ကို မျက်နှာမူထားသော အဆောက်အအုံ၏အလျားနှင့် အိမ်တော်တစ်ဖက်တစ်ချက်ရှိ လျှောက်လမ်းကိုတိုင်းရာ အတောင်တစ်ရာစီရှိ၏။ ဗိမာန်တော်အပြင်ခန်း၊ အတွင်းခန်းနှင့် ဗိမာန်တော်ဆင်ဝင်တို့ကိုလည်း တိုင်း၏။
ထို့နောက် သူသည် ငါ့အား အရှေ့ဘက်သို့မျက်နှာမူသော မုခ်ဆောင်တံခါးသို့ ခေါ်ဆောင်သွား၏။
ထိုမြေထဲမှ အလျားအတောင်ငါးရာ၊ အနံအတောင်ငါးရာ စတုရန်းပုံမြေကွက်သည် သန့်ရှင်းရာဌာနအဖို့ ဖြစ်ရမည်။ ထိုမြေကွက်၏ပတ်ပတ်လည်တွင် အတောင်ငါးဆယ်မြေကွက်လပ် ထားရှိရမည်။