ယေဇကျေလ 42:13 - မြန်မာ့စံမီသမ္မာကျမ်း
သူက ငါ့အား “နေရာလွတ်နှင့်မျက်နှာချင်းဆိုင် မြောက်ဘက်ရှိအခန်းများနှင့် တောင်ဘက်ရှိအခန်းများသည် သန့်ရှင်းသောအခန်းများဖြစ်၏။ ထာဝရဘုရားထံချဉ်းကပ်ရသော ယဇ်ပုရောဟိတ်တို့သည် ထိုအခန်းတို့တွင် အထူးသန့်ရှင်းသောအစာကိုစားရ၏။ ထိုအခန်းတို့သည် သန့်ရှင်းသောကြောင့် ထိုနေရာတွင် အထူးသန့်ရှင်းသောပူဇော်သက္ကာများဖြစ်သည့် ဘောဇဉ်ပူဇော်သက္ကာ၊ အပြစ်ဖြေရာယဇ်၊ အပြစ်ဒဏ်ဖြေရာယဇ်တို့ကို ထားရှိ၏။
အခန်းကိုကြည့်ပါ။
ထိုသူကငါ့အား``ဤအဆောက်အအုံနှစ် ခုစလုံးသည်သန့်ရှင်းမြင့်မြတ်၏။ ထာဝရ ဘုရား၏ရှေ့တော်သို့ဝင်ရသူယဇ်ပုရော ဟိတ်တို့သည်ထိုအဆောက်အအုံများထဲ ၌အလွန်သန့်ရှင်းမြင့်မြတ်သောပူဇော် သကာများကိုစားသောက်ရကြ၏။ ထို အခန်းများသည်သန့်ရှင်းမြင့်မြတ်သဖြင့် ယဇ်ပုရောဟိတ်တို့သည်ဘောဇဉ်ပူဇော် သကာ၊ အပြစ်ဖြေရာယဇ်နှင့်ဒုစရိုက် ဖြေရာယဇ်တည်းဟူသောအလွန်သန့်ရှင်း မြင့်မြတ်သည့်ပူဇော်သကာများကိုထား ကြသည်။-
အခန်းကိုကြည့်ပါ။
ထို အ ခါ သူ က၊ မြောက် မ ဟာ ရံ၊ တောင် မ ဟာ ရံ၊ ရှေ့ တွင် ရှိ သော၊ အ ခန်း စဉ် များ ကား၊ ထာ ဝ ရ ဘု ရား ထံ ချဉ်း ကပ် ရ သူ ပ ရော ဟိတ် တို့ သည်၊ အ ထူး သီး သန့် ရာ များ ကို၊ ဘုန်း ပေး ခွင့် ရ သော၊ သန့် ရှင်း ရာ အ ခန်း စဉ် ဖြစ်၏။ သန့် ရှင်း သော ထို ဌာ န ၌၊ ဘော ဇဉ် သ က္ကာ၊ အ ပြစ် ဖြေ ရာ သ က္ကာ၊ ပြစ် ဒဏ် ဖြေ ရာ သ က္ကာ မှ စ၍၊ အ ထူး သီး သန့် ရာ များ ကို သို ထား ကြ ရ မည်။
အခန်းကိုကြည့်ပါ။
တိုင်းသောသူကလည်း၊ လွတ်လပ်သောအရပ်ရှေ့မှာ မြောက်ခန်းနှင့် တောင်ခန်းတို့သည် သန့်ရှင်းသောအခန်း၊ ထာဝရဘုရားထံတော်သို့ချဉ်းကပ်သော ယဇ်ပုရောဟိတ်တို့သည် အလွန်သန့်ရှင်းသောအရာများကို စားရသောအခန်း ဖြစ်ကြ၏။ ထိုအရပ်သည် သန့်ရှင်းသောကြောင့် အလွန်သန့်ရှင်းသောအရာ၊ ဘောဇဉ်ပူဇော်သကာ၊ အပြစ်ဖြေရာယဇ်၊ ဒုစရိုက်ဖြေရာယဇ်တို့ကို ထားရာအရပ်ဖြစ်၏။
အခန်းကိုကြည့်ပါ။