အိမ်တော်ပတ်ပတ်လည်တွင် အမြင့်ငါးတောင်ရှိသောအခန်းငယ်များ ဆောက်လုပ်ထားပြီး ထိုအခန်းများကို သစ်ကတိုးသားရက်မများဖြင့် အိမ်တော်နှင့်တွဲဆက်ထား၏။
ယေဇကျေလ 41:6 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခန်းငယ်တို့သည် အထပ်သုံးထပ်ရှိ၍ တစ်ထပ်လျှင် အခန်းပေါင်းသုံးဆယ်စီရှိ၏။ အိမ်တော်နံရံပတ်ပတ်လည်တွင် ထိုအခန်းငယ်များကို ထောက်ပင့်ထားသောတိုင်များရှိ၏။ ထိုထောက်ပင့်ထားသောတိုင်တို့သည် အိမ်တော်နံရံနှင့် ကပ်မနေပေ။ Common Language Bible ထိုအခန်းများသည်အထပ်သုံးထပ်ရှိ ၍တစ်ထပ်လျှင် အခန်းငယ်ပေါင်းသုံးဆယ် စီရှိ၏။ ဗိမာန်တော်ဘက်မှနံရံများသည် တစ်ထပ်နှင့်တစ်ထပ်ထုချင်းမတူကြ။ အောက် ထပ်နံရံကအထက်ထပ်နံရံထက်ပို၍ ထူ၏။ ဤနည်းအားဖြင့်အခန်းငယ်များ ကိုနံရံနှင့်ချိတ်ဆက်၍ဆောက်မည့်အစား၊ ထုထည်ကြီးသောနံရံချွန်းပေါ်တွင် တင်၍ဆောက်လုပ်ထားလေသည်။- Garrad Bible အ ဆင့် သုံး ထပ်၌ စီ တန်း သော အ ခန်း ငယ် သုံး ဆယ် စီ များ အ ဖို့၊ ဗိ မာန် တော် နံ ရံ ကို မ ဖောက် ဘဲ၊ အ ခန်း ငယ် ဆွယ် ရာ ဗိ မာန် တော် နံ ရံ၌၊ ရက် မ ခံ ဖောင်း ရစ် များ ရှိ၏။ Judson Bible ထရံအခန်းတို့သည် အစဉ်အတိုင်းသုံးဆယ်၊ အဆင့်သုံးဆင့်ပေါင်း သုံးဆယ်သုံးလီရှိကြ၏။ ထိုအခန်းတို့သည် အိမ်တော်ထရံထဲသို့ မဝင်ဘဲ ထရံအောက်ပိုင်းထွက်သောခြေအပေါ်မှာ မှီနေကြ၏။ |
အိမ်တော်ပတ်ပတ်လည်တွင် အမြင့်ငါးတောင်ရှိသောအခန်းငယ်များ ဆောက်လုပ်ထားပြီး ထိုအခန်းများကို သစ်ကတိုးသားရက်မများဖြင့် အိမ်တော်နှင့်တွဲဆက်ထား၏။
ထို့နောက် သူသည် ငါ့ကို အပြင်ဝင်းသို့ ခေါ်ဆောင်သွား၏။ ဝင်းပတ်ပတ်လည်တွင် အခန်းများနှင့်ကျောက်ခင်းစင်္ကြံရှိ၏။ ထိုကျောက်ခင်းစင်္ကြံပေါ်တွင် အခန်းပေါင်းသုံးဆယ်ရှိ၏။
ထို့နောက် အိမ်တော်နံရံကိုတိုင်းရာထုမှာ ခြောက်တောင်ရှိ၏။ အိမ်တော်နှင့်ကပ်လျက် အိမ်တော်ပတ်ပတ်လည်ရှိ အခန်းငယ်များမှာ တစ်ခန်းလျှင်လေးတောင်စီ အကျယ်ရှိ၏။
အဆောင်နှစ်ဆောင်တို့သည် အထပ်သုံးထပ်ရှိသော်လည်း အခြားအဆောင်များကဲ့သို့ တိုင်များမပါရှိချေ။ ထို့ကြောင့် အပေါ်ဆုံးထပ်သည် အောက်ထပ်နှင့် အလယ်ထပ်တို့ထက်ကျဉ်း၏။
သင်တို့သည် နောက်ဆုံးသောကာလ၌ဖော်ပြရန် အသင့်ပြင်ဆင်ထားသောကယ်တင်ခြင်းအတွက် ဘုရားသခင်၏တန်ခိုးတော်၌ ယုံကြည်ခြင်းအားဖြင့် စောင့်ရှောက်ခြင်းကိုခံရကြ၏။