မုခ်ဆောင်အတွင်းပတ်ပတ်လည်တွင် ပြတင်းပေါက်ငယ်များပါရှိ၏။ မုခ်ဆောင်အတွင်းဘက်ရှိ အခန်းငယ်များ၊ တိုင်များနှင့် ဆင်ဝင်တို့တွင် ပြတင်းပေါက်ငယ်များပါရှိ၏။ တိုင်များတွင် စွန်ပလွံပင်ပုံ ဖော်ထား၏။
ယေဇကျေလ 40:31 - မြန်မာ့စံမီသမ္မာကျမ်း မုခ်ဆောင်ဆင်ဝင်တို့သည် အပြင်ဝင်းဘက်သို့ မျက်နှာမူ၏။ တိုင်များတွင် စွန်ပလွံပင်ပုံ ဖော်ထား၏။ ထိုမုခ်ဆောင်သို့ လှေကားရှစ်ထစ်ဖြင့်တက်ရ၏။ Common Language Bible ယင်းတွင်တံတိုင်းအပြင်ဝင်းသို့မျက်နှာမူနေသောအဝင်ခန်းရှိ၏။ မုခ်ပေါက်လမ်းကြားတစ်လျှောက်ရှိနံရံများတွင်စွန်ပလွံပင်ပုံများထွင်းထား၏။ ဤမုခ်ပေါက်သို့လှေကားရှစ်ထစ်ဖြင့်တက်ရ၏။ Garrad Bible တံ ခါး တိုင် နံ ရံ များ၌၊ စွန် ပ လွံ ပင် ပုံ ထု ပြီး ရှိ လျက်၊ လှေ ကား ရှစ် ထစ် ဖြင့် တက် ရ သော ထို မုတ် ဆောင် သည်၊ အ ပြင် တံ တိုင်း သို့၊ မျက် နှာ မူ ၏။ Judson Bible မုခ်တို့သည် ပြင်တံတိုင်းသို့မျက်နှာပြု၍၊ တိုင်များအပေါ်မှာ စွန်ပလွံပင်ပုံ ထုလျက်ရှိ၏။ လှေကား ရှစ်ထစ်ဖြင့် တက်ရ၏။ |
မုခ်ဆောင်အတွင်းပတ်ပတ်လည်တွင် ပြတင်းပေါက်ငယ်များပါရှိ၏။ မုခ်ဆောင်အတွင်းဘက်ရှိ အခန်းငယ်များ၊ တိုင်များနှင့် ဆင်ဝင်တို့တွင် ပြတင်းပေါက်ငယ်များပါရှိ၏။ တိုင်များတွင် စွန်ပလွံပင်ပုံ ဖော်ထား၏။
ပြတင်းပေါက်၊ ဆင်ဝင်နှင့် စွန်ပလွံပင်ပုံတို့သည် ယခင်တိုင်းခဲ့သောအရှေ့မုခ်ဆောင်နှင့် အတူတူဖြစ်၏။ ထိုမုခ်ဆောင်ပေါ်သို့ လှေကားခုနစ်ထစ်ဖြင့် တက်ရ၏။ ရှေ့တည့်တည့်တွင် မုခ်ဆောင်ဆင်ဝင်ရှိ၏။
ထိုမုခ်ဆောင်ပေါ်သို့ လှေကားခုနစ်ထစ်ဖြင့် တက်ရ၏။ ရှေ့တည့်တည့်တွင် မုခ်ဆောင်ဆင်ဝင်ရှိ၏။ မုခ်ဆောင်အတွင်းတစ်ဖက်တစ်ချက်ရှိတိုင်များတွင် စွန်ပလွံပင်ပုံ ဖော်ထား၏။
ထိုမုခ်ဆောင်၏ဆင်ဝင်သည် အပြင်ဝင်းနှင့် မျက်နှာချင်းဆိုင်လျက်ရှိ၏။ တစ်ဖက်တစ်ချက်ရှိတိုင်များတွင် စွန်ပလွံပင်ပုံ ဖော်ထား၏။ ထိုမုခ်ဆောင်ပေါ်သို့ လှေကားရှစ်ထစ်ဖြင့်တက်ရ၏။
ထိုမုခ်ဆောင်၏ဆင်ဝင်သည် အပြင်ဝင်းနှင့် မျက်နှာချင်းဆိုင်လျက်ရှိ၏။ တစ်ဖက်တစ်ချက်ရှိတိုင်များတွင် စွန်ပလွံပင်ပုံ ဖော်ထား၏။ ထိုမုခ်ဆောင်ပေါ်သို့ လှေကားရှစ်ထစ်ဖြင့်တက်ရ၏။
ဆင်ဝင်သည် အလျားအတောင်နှစ်ဆယ်၊ အနံတစ်ဆယ့်တစ်တောင်ရှိ၏။ ထိုနေရာသို့ လှေကားထစ်များဖြင့်တက်ရ၏။ ဆင်ဝင်တိုင်ဘေးတစ်ဖက်တစ်ချက်စီတွင် တိုင်လုံးကြီးရှိ၏။