အောက်မုခ်ဆောင်ရှေ့မှ အတွင်းဝင်းရှေ့ထိ အကျယ်ကိုတိုင်းရာ အတောင်တစ်ရာရှိ၏။ အရှေ့ဘက်နှင့် မြောက်ဘက်တို့တွင်လည်း အတောင်တစ်ရာစီကျယ်၏။
ယေဇကျေလ 40:27 - မြန်မာ့စံမီသမ္မာကျမ်း အတွင်းဝင်းတောင်ဘက်တွင်လည်း မုခ်ဆောင်တစ်ခုရှိ၏။ ထိုတောင်ဘက်မုခ်ဆောင် တစ်ဆောင်နှင့်တစ်ဆောင် အကွာအဝေးကိုတိုင်းရာ အတောင်တစ်ရာရှိ၏။ Common Language Bible ဤအရပ်၌လည်းတံတိုင်းအတွင်းဝင်းသို့ဝင်ရာမုခ်ပေါက်တစ်ခုရှိ၏။ ထိုသူသည်ဤမုခ်ပေါက်နှင့်ပထမမုခ်ပေါက်အကွာအဝေးကိုတိုင်းတာကြည့်ရာ ပေတစ်ရာခုနစ်ဆယ်ရှိသည်ကိုတွေ့ရ၏။ Garrad Bible အ တွင်း တံ တိုင်း ရှိ တောင် ဘက် တံ ခါး သို့၊ အ ပြင် တံ ခါး မှ အ တောင် တစ် ရာ တိုင်း ၏။ Judson Bible တောင်မျက်နှာ၌ အတွင်းတံတိုင်းတံခါးဝရှိ၏။ ထိုမျက်နှာ၌ တံခါးဝတစ်ခုမှသည် တစ်ခုတိုင်အောင်တိုင်း၍ အတောင်တစ်ရာ ကွာ၏။ |
အောက်မုခ်ဆောင်ရှေ့မှ အတွင်းဝင်းရှေ့ထိ အကျယ်ကိုတိုင်းရာ အတောင်တစ်ရာရှိ၏။ အရှေ့ဘက်နှင့် မြောက်ဘက်တို့တွင်လည်း အတောင်တစ်ရာစီကျယ်၏။
အရှေ့မုခ်ဆောင်ကဲ့သို့ပင် မြောက်ဘက်မုခ်ဆောင်တွင်လည်း မျက်နှာချင်းဆိုင်တွင် အတွင်းဝင်းမုခ်ဆောင်ရှိ၍ တစ်ဆောင်နှင့်တစ်ဆောင်အကွာအဝေးကိုတိုင်းရာ အတောင်တစ်ရာရှိ၏။
ထို့နောက် ငါ့ကို အတွင်းဝင်း၏အရှေ့ဘက်သို့ ခေါ်ဆောင်သွားပြီး မုခ်ဆောင်ကိုတိုင်းရာ အခြားမုခ်ဆောင်များနှင့် အတိုင်းအတာ အတူတူပင်ဖြစ်၏။
တစ်ဖန် ငါ့ကို မြောက်ဘက်မုခ်ဆောင်သို့ ခေါ်ဆောင်သွားပြီး တိုင်းရာ အခြားမုခ်ဆောင်များနှင့် အတိုင်းအတာ အတူတူဖြစ်၏။
အတွင်းဝင်းထဲရှိ အတွင်းမုခ်ဆောင်အပြင်ဘက်တွင် သီချင်းသည်တို့နေရာအခန်းများရှိ၏။ တစ်ခန်းမှာ မြောက်မုခ်ဆောင်၌ရှိပြီး တောင်ဘက်သို့မျက်နှာမူထား၏။ နောက်တစ်ခန်းမှာ တောင်မုခ်ဆောင်တွင်ရှိပြီး မြောက်ဘက်သို့မျက်နှာမူထား၏။
ထို့နောက် သူသည် စတုရန်းပုံဝင်းကိုတိုင်းရာ အလျားအတောင်တစ်ရာ၊ အနံအတောင်တစ်ရာရှိ၏။ အိမ်တော်ရှေ့တွင် ယဇ်ပလ္လင်ရှိ၏။