ပြတင်းပေါက်သုံးတန်းပါရှိပြီး တစ်တန်းနှင့်တစ်တန်း မျက်နှာချင်းဆိုင်လျက်ရှိ၏။
ယေဇကျေလ 40:25 - မြန်မာ့စံမီသမ္မာကျမ်း ထိုမုခ်ဆောင်နှင့် ဆင်ဝင်ပတ်ပတ်လည်တွင် ပြတင်းပေါက်တို့ ပါရှိ၏။ ထိုပြတင်းပေါက်တို့သည် အခြားပြတင်းပေါက်တို့နှင့်တူ၏။ မုခ်ဆောင်သည် အလျားအတောင်ငါးဆယ်၊ အနံနှစ်ဆယ့်ငါးတောင်ရှိ၏။ Common Language Bible ဤမုခ်ပေါက်မှအခန်းများတွင် အခြားမုခ်ပေါက်များမှအဆောင်များမှာကဲ့သို့ပင်ပြူတင်းပေါက်များရှိ၏။ မုခ်ပေါက်-သည်စုစုပေါင်းအလျားရှစ်ဆယ့်ငါးပေ၊ အနံလေးဆယ့်နှစ်ပေရှိ၏။- Garrad Bible တံ ခါး မုတ် ဆောင် ပတ် လည် ရှိ လေ သာ ပေါက် များ သည်၊ အ ထက် လေ သာ ပေါက် များ နှင့် တူ ၏။ တံ ခါး အ လျား အ တောင် ငါး ဆယ်၊ အ နံ နှစ် ဆယ့် ငါး တောင် တည်း။ Judson Bible အရင်ပြတင်းပေါက်ကဲ့သို့ ပြတင်းပေါက်များ၊ မုခ်များရှိ၍၊ အလျားအတောင်ငါးဆယ်၊ အနံ နှစ်ဆယ်ငါးတောင်ရှိ၏။ |
ပြတင်းပေါက်သုံးတန်းပါရှိပြီး တစ်တန်းနှင့်တစ်တန်း မျက်နှာချင်းဆိုင်လျက်ရှိ၏။
မုခ်ဆောင်အတွင်းပတ်ပတ်လည်တွင် ပြတင်းပေါက်ငယ်များပါရှိ၏။ မုခ်ဆောင်အတွင်းဘက်ရှိ အခန်းငယ်များ၊ တိုင်များနှင့် ဆင်ဝင်တို့တွင် ပြတင်းပေါက်ငယ်များပါရှိ၏။ တိုင်များတွင် စွန်ပလွံပင်ပုံ ဖော်ထား၏။
ထိုမုခ်ဆောင်၏အခန်းငယ်များ၊ တိုင်များနှင့် ဆင်ဝင်၏အတိုင်းအတာသည် အခြားတို့နှင့် အတူတူပင်ဖြစ်၏။ မုခ်ဆောင်ပတ်ပတ်လည်နှင့် ဆင်ဝင်တွင် ပြတင်းပေါက်များရှိ၏။ မုခ်ဆောင်သည် အလျားအတောင်ငါးဆယ်၊ အနံနှစ်ဆယ့်ငါးတောင်ရှိ၏။
အခန်းငယ်များ၊ တိုင်များနှင့် ဆင်ဝင်၏အတိုင်းအတာသည် အခြားတို့နှင့် အတူတူပင်ဖြစ်၏။ မုခ်ဆောင်နှင့် ဆင်ဝင်ပတ်ပတ်လည်တွင် ပြတင်းပေါက်များရှိ၏။ မုခ်ဆောင်သည် အလျားအတောင်ငါးဆယ်၊ အနံနှစ်ဆယ့်ငါးတောင်ရှိ၏။
တံခါးခုံများ၊ ရာဇမတ်ကွက်ပြတင်းပေါက်ငယ်များနှင့် တံခါးခုံရှေ့ရှိ သုံးဘက်သုံးတန်မှလျှောက်လမ်းများကို သစ်သားဖြင့် အလှဆင်ထား၏။ ကြမ်းပြင်မှပြတင်းပေါက်အထိနံရံများ၊ ပြတင်းပေါက်များကိုလည်း သစ်သားဖြင့် အလှဆင်ထား၏။
ငါ့ကိုယုံကြည်သောသူတိုင်း မှောင်မိုက်ထဲ၌မနေရစေရန် ငါသည် အလင်းအဖြစ် ဤလောကသို့ကြွလာပြီ။
ယခု ငါတို့သည် မှန်အားဖြင့် မှုန်ဝါးဝါးသာမြင်ရကြ၏။ ထိုအခါ၌မူကား မျက်ဝါးထင်ထင်မြင်ရကြလိမ့်မည်။ ယခု ငါသည် တစ်စိတ်တစ်ဒေသမျှသာသိ၏။ သို့သော် ငါ့ကိုစုံလင်စွာသိတော်မူသကဲ့သို့ ထိုအခါ၌မူကား ငါသည်လည်း စုံလင်စွာသိရလိမ့်မည်။
ထို့ပြင် ငါတို့၌ ပို၍ခိုင်လုံသော ပရောဖက်တို့၏စကားလည်းရှိ၏။ သင်တို့၏စိတ်နှလုံးထဲ၌ အရုဏ်တက်၍ မိုးသောက်ကြယ်ပေါ်ထွက်လာသည့်တိုင်အောင် သင်တို့သည် ထိုစကားကို မှောင်သောအရပ်၌ထွန်းလင်းနေသည့်ဆီမီးသဖွယ် ကောင်းစွာအာရုံစိုက်သင့်၏။