အရှေ့မုခ်ဆောင်တံခါးဝ၏ဘေးတစ်ဖက်တစ်ချက်စီတွင် အခန်းငယ်သုံးခန်းစီရှိ၏။ အခန်းငယ်သုံးခန်းစလုံး အရွယ်အစားတူ၏။ အခန်းငယ်တို့၏တစ်ဖက်တစ်ချက်ရှိ တိုင်များသည်လည်း အရွယ်အစားတူ၏။
ယေဇကျေလ 40:11 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် မုခ်ဆောင်တံခါးဝအကျယ်ကိုတိုင်းရာ အတောင်တစ်ဆယ်ရှိ၏။ မုခ်ဆောင်တံခါးဝအမြင့်မှာ တစ်ဆယ့်သုံးတောင်ရှိ၏။ Common Language Bible ထိုနောက်သူသည်ကြားလမ်း၏အနံကိုတိုင်းကြည့်ရာ စုစုပေါင်းနှစ်ဆယ့်နှစ်ပေရှိသည်ကိုတွေ့ရ၏။ မုခ်ပေါက်လမ်းတစ်လျှောက်လုံးကားတစ်ဆယ့်ခြောက်ပေရှိသတည်း။- Garrad Bible တံ ခါး ဝ အ နံ ကို ဆယ် တောင်၊ တံ ခါး အ ကျယ် ကို ဆယ့် သုံး တောင် တိုင်း ၏။ Judson Bible တံခါးဝကိုလည်းတိုင်း၍ အနံဆယ်တောင်၊ အမြင့်တစ်ဆယ်သုံးတောင်ရှိ၏။ |
အရှေ့မုခ်ဆောင်တံခါးဝ၏ဘေးတစ်ဖက်တစ်ချက်စီတွင် အခန်းငယ်သုံးခန်းစီရှိ၏။ အခန်းငယ်သုံးခန်းစလုံး အရွယ်အစားတူ၏။ အခန်းငယ်တို့၏တစ်ဖက်တစ်ချက်ရှိ တိုင်များသည်လည်း အရွယ်အစားတူ၏။
တစ်ဖက်တစ်ချက်ရှိ အခန်းငယ်တို့အရှေ့အောက်ခြေတွင် အလျားတစ်တောင်၊ အနံတစ်တောင်ရှိသော အကာရှိ၏။ ထိုအခန်းငယ်တို့သည် အလျားခြောက်တောင်၊ အနံခြောက်တောင်စီရှိ၏။