ကိုယ်တော်သည် ကမ္ဘာမြေကြီးအစွန်းတိုင်အောင် စစ်ပွဲတို့ကိုအဆုံးသတ်စေတော်မူ၏။ လေးကိုချိုးလျက် လှံကိုအပိုင်းပိုင်းဖြတ်ကာ စစ်ရထားတို့ကို မီးဖြင့်ရှို့တော်မူ၏။
ယေဇကျေလ 39:9 - မြန်မာ့စံမီသမ္မာကျမ်း ဘုရားရှင်ထာဝရဘုရားက ‘အစ္စရေးမြို့များ၌နေထိုင်သောသူတို့သည် မြို့ပြင်သို့ထွက်လာ၍ ဒိုင်းလွှားကြီးဒိုင်းလွှားငယ်၊ လေးမြား၊ တုတ်၊ လှံ စသော လက်နက်တို့ကိုသိမ်းယူ၍ လောင်စာအဖြစ် ခုနစ်နှစ်တိုင်တိုင် မီးဆိုက်အသုံးပြုကြလိမ့်မည်။ Common Language Bible ဣသရေလမြို့များတွင်နေထိုင်သူတို့သည် မြို့ပြင်သို့ထွက်၍ ရန်သူများစွန့်ပစ်ထား ခဲ့သည့်လက်နက်များကိုထင်းအဖြစ်စု သိမ်းကြလိမ့်မည်။ သူတို့သည်ခုနစ်နှစ်တိုင် တိုင်မီးဆိုက်နိုင်လောက်အောင် ဒိုင်းလွှား၊ လေး၊ မြား၊ တင်းပုတ်နှင့်လှံများကိုရရှိကြလိမ့် မည်။- Garrad Bible ထို အ ခါ၊ ဣ သ ရေ လ မြို့ ရွာ များ တွင် နေ ထိုင် သူ တို့ သည် ထွက် ၍၊ ဒိုင်း ဝန်း၊ ဒိုင်း ရှည် ကို လည်း ကောင်း၊ လေး နှင့် မြှား များ ကို လည်း ကောင်း၊ တုတ် နှင့် လှံ များ ကို လည်း ကောင်း၊ လက် နက် ဟူ သ မျှ ကို ခု နစ်နှစ် ပတ် လုံး ထင်း လုပ် ၍ မီး ဆိုက် ကြ လိမ့် မည်။ Judson Bible ဣသရေလမြို့တို့၌နေသောသူတို့သည် ထွက်သွား၍၊ စစ်တိုက်လက်နက်၊ ဒိုင်း၊ လွှား၊ လေး၊ မြား၊ တုတ်၊ လှံများကို ခုနစ်နှစ်ပတ်လုံး မီးရှို့ကြလိမ့်မည်။ |
ကိုယ်တော်သည် ကမ္ဘာမြေကြီးအစွန်းတိုင်အောင် စစ်ပွဲတို့ကိုအဆုံးသတ်စေတော်မူ၏။ လေးကိုချိုးလျက် လှံကိုအပိုင်းပိုင်းဖြတ်ကာ စစ်ရထားတို့ကို မီးဖြင့်ရှို့တော်မူ၏။
သူတို့သည် ငါ့ကိုဆန့်ကျင်ပုန်ကန်သောလူတို့၏အလောင်းကောင်များကို ထွက်ကြည့်ကြလိမ့်မည်။ ထိုအလောင်းကောင်တို့ကိုစားသောလောက်ကောင်သည် မသေ၊ လောင်သောမီးလည်း မငြိမ်း။ လူခပ်သိမ်းတို့အတွက် စက်ဆုပ်ဖွယ်ဖြစ်မည်”ဟု မိန့်တော်မူ၏။
ကွင်းပြင်မှထင်းများကို စုသိမ်းစရာမလို၊ တောထဲမှ ထင်းများကို ခုတ်ယူစရာမလို။ ထိုလက်နက်များကို လောင်စာအဖြစ် အသုံးပြုကြလိမ့်မည်။ သူတို့ထံ လုယူခဲ့သောအရာများကို သူတို့ပြန်လည်လုယူကြလိမ့်မည်။ သူတို့ထံ သိမ်းယူသွားသောအရာတို့ကို သူတို့ပြန်လည်သိမ်းယူကြလိမ့်မည်’ဟု မိန့်တော်မူ၏။
ကြည့်ရှုလော့။ ငါမိန့်ဆိုခဲ့သောနေ့ရက်သည် အမှန်ပင်ရောက်ရှိဖြစ်ပျက်လာလိမ့်မည်’ဟု မိန့်တော်မူ၏။
ဧဖရိမ်ပြည်၏စစ်ရထား၊ ဂျေရုဆလင်မြို့၏မြင်းတို့ကို ငါဖယ်ရှားပစ်မည်။ စစ်လေးလက်နက်တို့သည်လည်း ကျိုးပဲ့ကုန်လိမ့်မည်။ ရှင်ဘုရင်သည် လူမျိုးတကာတို့ကို ငြိမ်းချမ်းရေးသတင်းစကားပြောကြားလိမ့်မည်။ သူ၏အုပ်စိုးမှုအာဏာစက်သည် တစ်ပင်လယ်မှ တစ်ပင်လယ်တိုင်အောင်လည်းကောင်း၊ ယူဖရေးတီးမြစ်မှ မြေကြီးစွန်းတိုင်အောင်လည်းကောင်း ရောက်လိမ့်မည်။
သင်တို့သည် ကိုယ့်မျက်စိနှင့်မြင်၍ ‘ထာဝရဘုရားသည် အစ္စရေးပြည်ပြင်ပအထိပင် တန်ခိုးကြီးသောဘုရားဖြစ်တော်မူ၏’ဟု ဆိုကြလိမ့်မည်။
ထိုအခါ ထာဝရဘုရားက ယောရှုအား “သူတို့ကို မကြောက်နှင့်။ မနက်ဖြန် ယခုလိုအချိန်တွင် ငါသည် သူတို့အားလုံးကို အစ္စရေးစစ်သည်တို့ရှေ့တွင် အသတ်ခံရစေမည်။ သင်သည် မြင်းများ၏တံကောက်ကြောကို ဖြတ်ပစ်ရမည်၊ စစ်ရထားများကိုလည်း မီးရှို့ပစ်ရမည်”ဟု မိန့်တော်မူ၏။