ထာဝရဘုရားသည် ဂျေရုဆလင်မြို့ကို တည်ဆောက်၍ နှင်ထုတ်ခြင်းခံရသောအစ္စရေးလူမျိုးကို စုဝေးစေတော်မူ၏။
ယေဇကျေလ 39:28 - မြန်မာ့စံမီသမ္မာကျမ်း သူတို့ကို လူမျိုးတကာတို့ထံသို့ ကွဲလွင့်သွားစေခဲ့သော်လည်း သူတို့၏နေရင်းပြည်သို့ တစ်ယောက်မကျန် ပြန်လည်စုဝေးလာစေသောအခါ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သူတို့သိကြလိမ့်မည်’ဟု မိန့်တော်မူ၏။ Common Language Bible ထိုအခါငါ၏လူမျိုးတော်သည်ငါ့အား မိမိတို့၏ဘုရားသခင်ထာဝရဘုရား ဖြစ်တော်မူကြောင်းသိရှိကြလိမ့်မည်။ အ ဘယ်ကြောင့်ဆိုသော်ငါသည်ယခင်ကသူ တို့အားဖမ်းဆီးခေါ်ဆောင်ခြင်းကိုခံစေ တော်မူခဲ့သော်လည်း ယခုအခါ၌တစ် ယောက်မကျန်ပြန်လည်စုသိမ်းကာမိမိ တို့ပြည်သို့ပို့ဆောင်တော်မူသောကြောင့် တည်း။- Garrad Bible လူ မျိုး ခြား တို့ သို့ သိမ်း သွား ခံ စေ လျက်၊ ပြည် ရင်း သို့ စု သိမ်း ပြန် ၍၊ ဣ သ ရေ လ အ မျိုး သား တို့ အ ပေါ် သို့ ဝိ ညာဉ် တော် ကို သွန်း လောင်း ခဲ့ ပြီး ဖြစ် သော ကြောင့်၊ ငါ သည်၊ ကိုယ့် ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ဖြစ် လျက်၊ နောင် တစ် ဦး တစ် ယောက် ကို မျှ မ ချန် မ ခြွင်း၊ မျက် နှာ တော် ကို လည်း မ လွှဲ ကြောင်း၊ သူ တို့ သိ ရ ကြ လ တ္တံ့ ဟု ဆင့် ဆို လော့ ဟူ ၍ တည်း။ Judson Bible ငါသည် သူတို့ကို တစ်ပါးအမျိုးသားတို့၏သိမ်းသွားခြင်းကို ခံစေသောကြောင့်လည်းကောင်း၊ နောက်တစ်ဖန် နေရင်းပြည်၌ စုဝေးစေ၍ နေရာချသောကြောင့်လည်းကောင်း၊ သူတို့၏ဘုရားသခင်ထာဝရဘုရား ဖြစ်ကြောင်းကို သိရကြလိမ့်မည်။ |
ထာဝရဘုရားသည် ဂျေရုဆလင်မြို့ကို တည်ဆောက်၍ နှင်ထုတ်ခြင်းခံရသောအစ္စရေးလူမျိုးကို စုဝေးစေတော်မူ၏။
အို အစ္စရေးအမျိုးသားတို့၊ ထိုနေ့ရက်၌ ထာဝရဘုရားသည် ယူဖရေးတီးမြစ်လက်တက်မှ အီဂျစ်ပြည်စမ်းချောင်းတိုင်အောင် သင်တို့ကို တလင်းနယ်၍ တစ်ယောက်ပြီးတစ်ယောက် ကောက်သိမ်းတော်မူမည်။
သူတို့၏ဘုရားသခင် ငါထာဝရဘုရားသည် သူတို့နှင့်အတူရှိကြောင်း၊ အစ္စရေးအမျိုးအနွယ်သည် ငါ့လူမျိုးတော်ဖြစ်ကြောင်းကို လူတို့သိကြလိမ့်မည်’ဟူ၍ မိန့်တော်မူသည်”ဟု မိန့်ဆို၏။
သူတို့အား ‘ဘုရားရှင်ထာဝရဘုရားက ကြည့်ရှုလော့။ ငါသည် အစ္စရေးအမျိုးသားတို့ကို သူတို့ရောက်ရာလူမျိုးခြားတို့အလယ်မှ ပြန်ခေါ်လာမည်။ သူတို့ရောက်ရာအရပ်ရပ်မှ သူတို့ကိုစုစည်းပြီး နေရင်းပြည်သို့ ပြန်ပို့ဆောင်မည်။
ကာလအတန်ကြာပြီးနောက် သင့်ကိုဆင့်ခေါ်လိမ့်မည်။ နောင်ကာလတွင် သင်သည် ဓားဘေးမှလွတ်မြောက်လာသောသူ၊ လူမျိုးတကာတို့ထံမှ ပြန်လည်စုစည်းသောသူတို့၏ပြည်ထဲသို့ ကျူးကျော်ဝင်ရောက်မည်။ သူတို့သည် လူမျိုးတကာတို့ထံမှ ပြန်လည်ထုတ်ဆောင်လာသောသူများဖြစ်၍ ကြာမြင့်စွာဆိတ်ညံနေသော အစ္စရေးတောင်တန်းတွင် ဘေးကင်းလုံခြုံစွာ နေထိုင်လျက်ရှိသောသူများဖြစ်၏။
ငါသည် သူတို့၏ဘုရားသခင်ထာဝရဘုရားဖြစ်ကြောင်းကို ထိုနေ့မှစ၍ နောင်ကာလတိုင်အောင် အစ္စရေးအမျိုးတို့ သိရကြလိမ့်မည်။
လူမျိုးတကာတို့ထံမှ သူတို့ကို ပြန်ခေါ်လာမည်။ ရန်သူတို့နေရာမှ သူတို့ကို ပြန်လည်စုရုံးမည်။ သူတို့အားဖြင့် လူမျိုးတကာတို့ရှေ့တွင် ငါသန့်ရှင်းကြောင်းကို ထင်ရှားပြမည်။
ဘုရားရှင်ထာဝရဘုရားက ‘အစ္စရေးအမျိုးတို့အပေါ် ငါ့ဝိညာဉ်ကို သွန်းလောင်းမည်။ သူတို့ကို မျက်နှာလွှဲတော့မည်မဟုတ်’ဟူ၍ မိန့်တော်မူသည်”ဟု မိန့်ဆို၏။
သင့်ကိုသစ္စာရှိရှိ လက်ထပ်ယူမည်။ သင်သည်လည်း ထာဝရဘုရားကို သိကျွမ်းရလိမ့်မည်”ဟု မိန့်တော်မူ၏။
“ကြည့်ရှုလော့။ ငါမိန့်ဆိုပြီ။ လူမျိုးတကာတို့အလယ်တွင် အစ္စရေးအမျိုးအနွယ်ကို ဆန်ခါခါသကဲ့သို့ ခါချမည်။ ဆန်တစ်စေ့မျှ မြေကြီးပေါ် မကျရ။