ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားမူကား တရားမျှတခြင်းကြောင့် ချီးမြှောက်ခြင်းခံရမည်။ သန့်ရှင်းသောအရှင်သည် မိမိသန့်ရှင်းတော်မူကြောင်းကို ဖြောင့်မတ်ခြင်းအားဖြင့် ထင်ရှားစေတော်မူမည်။
ယေဇကျေလ 39:27 - မြန်မာ့စံမီသမ္မာကျမ်း လူမျိုးတကာတို့ထံမှ သူတို့ကို ပြန်ခေါ်လာမည်။ ရန်သူတို့နေရာမှ သူတို့ကို ပြန်လည်စုရုံးမည်။ သူတို့အားဖြင့် လူမျိုးတကာတို့ရှေ့တွင် ငါသန့်ရှင်းကြောင်းကို ထင်ရှားပြမည်။ Common Language Bible ငါသည်သန့်ရှင်းမြင့်မြတ်တော်မူသောဘုရား ဖြစ်သည်ကိုလူမျိုးတကာတို့သိရှိကြစေ ရန် ငါ၏လူမျိုးတော်အားရန်သူတို့နေထိုင် ရာတိုင်းပြည်နိုင်ငံအသီးသီးမှငါပြန် လည်ခေါ်ဆောင်ခဲ့မည်။- Judson Bible ရန်သူနေရာပြည်တို့မှ စုဝေးစေလျက်၊ သူတို့အားဖြင့် များစွာသော လူမျိုးတို့ရှေ့မှာ ငါသည်ချီးမြှောက်ခြင်းသို့ ရောက်သောအခါ၊ သူတို့သည် ကြောက်စေသောသူမရှိ၊ ငြိမ်ဝပ်စွာနေကြစဉ်တွင် ခံရဖူးသောအရှက်ကွဲခြင်းနှင့်၊ ငါ့အားပြစ်မှားခြင်းအပြစ်များကို အောက်မေ့ရကြလိမ့်မည်။ |
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားမူကား တရားမျှတခြင်းကြောင့် ချီးမြှောက်ခြင်းခံရမည်။ သန့်ရှင်းသောအရှင်သည် မိမိသန့်ရှင်းတော်မူကြောင်းကို ဖြောင့်မတ်ခြင်းအားဖြင့် ထင်ရှားစေတော်မူမည်။
သင်တို့ကို လူမျိုးတကာတို့ထံမှ ထုတ်ဆောင်လာ၍ ကွဲလွင့်ရာအရပ်ရပ်မှ ပြန်လည်စုစည်းသောအခါ ငါသည် သင်တို့ကို မွှေးကြိုင်သောရနံ့အဖြစ် လက်ခံမည်။ ငါသည် သန့်ရှင်းသောဘုရားဖြစ်ကြောင်းကို လူမျိုးခြားတို့ရှေ့တွင် ငါထင်ရှားပြမည်။
သူတို့အား ‘ဘုရားရှင်ထာဝရဘုရားက ကြည့်ရှုလော့။ ငါသည် အစ္စရေးအမျိုးသားတို့ကို သူတို့ရောက်ရာလူမျိုးခြားတို့အလယ်မှ ပြန်ခေါ်လာမည်။ သူတို့ရောက်ရာအရပ်ရပ်မှ သူတို့ကိုစုစည်းပြီး နေရင်းပြည်သို့ ပြန်ပို့ဆောင်မည်။
မိုးတိမ်သည် မြေပြင်ကိုလွှမ်းမိုးသကဲ့သို့ သင်သည် ငါ့လူမျိုးတော်အစ္စရေးတို့ကိုတိုက်ခိုက်ရန် စစ်ချီလာမည်။ အို ဂေါဂမင်းကြီး၊ နောင်ကာလတွင် ငါ၏ပြည်တော်ကို တိုက်ခိုက်ရန် သင့်ကို ငါစစ်ချီစေ၍ ငါသန့်ရှင်းကြောင်းကို သင့်အားဖြင့် လူမျိုးတကာတို့ရှေ့တွင် ထင်ရှားစေသောအခါ သူတို့သည် ငါ့ကိုသိကြလိမ့်မည်’ဟု မိန့်တော်မူ၏။
လူမျိုးတကာတို့ရှေ့တွင် ငါသည် ကြီးမြတ်သောဘုရား၊ သန့်ရှင်းသောဘုရားဖြစ်ကြောင်း ထင်ရှားပြသောအခါမှ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သူတို့သိကြလိမ့်မည်’ဟု မိန့်တော်မူ၏။
ကာလအတန်ကြာပြီးနောက် သင့်ကိုဆင့်ခေါ်လိမ့်မည်။ နောင်ကာလတွင် သင်သည် ဓားဘေးမှလွတ်မြောက်လာသောသူ၊ လူမျိုးတကာတို့ထံမှ ပြန်လည်စုစည်းသောသူတို့၏ပြည်ထဲသို့ ကျူးကျော်ဝင်ရောက်မည်။ သူတို့သည် လူမျိုးတကာတို့ထံမှ ပြန်လည်ထုတ်ဆောင်လာသောသူများဖြစ်၍ ကြာမြင့်စွာဆိတ်ညံနေသော အစ္စရေးတောင်တန်းတွင် ဘေးကင်းလုံခြုံစွာ နေထိုင်လျက်ရှိသောသူများဖြစ်၏။
ပြည်သူပြည်သားအားလုံး ဝိုင်းဝန်းသင်္ဂြိုဟ်ကြလိမ့်မည်။ ဤသို့ဖြင့် ငါ့ဘုန်းထင်ရှားရာနေ့တွင် သူတို့သည်လည်း ထင်ပေါ်ကျော်ကြားကြလိမ့်မည်’ဟု မိန့်တော်မူ၏။
ထို့ကြောင့် ဘုရားရှင်ထာဝရဘုရားက ‘ဖမ်းခေါ်သွားခြင်းခံရသောယာကုပ်အမျိုးကို ယခု ငါပြန်ခေါ်လာမည်။ အစ္စရေးတစ်မျိုးနွယ်လုံးကို သနားစုံမက်မည်။ သန့်ရှင်းသောငါ့နာမအတွက် ငါသဝန်တိုမည်။
သူတို့ကို လူမျိုးတကာတို့ထံသို့ ကွဲလွင့်သွားစေခဲ့သော်လည်း သူတို့၏နေရင်းပြည်သို့ တစ်ယောက်မကျန် ပြန်လည်စုဝေးလာစေသောအခါ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သူတို့သိကြလိမ့်မည်’ဟု မိန့်တော်မူ၏။
ထိုအခါ မောရှေက အာရုန်အား “ထာဝရဘုရားက ‘ငါ့ထံသို့ချဉ်းကပ်သောသူတို့အား ငါသန့်ရှင်းကြောင်း ငါထင်ရှားပြမည်။ လူအပေါင်းတို့ရှေ့၌ ငါသည် ဘုန်းအသရေရှိမည်’ဟူ၍ မိန့်ဆိုခဲ့သည်မှာ ဤအမှုကိုဆိုလို၏”ဟု ဆိုသော် အာရုန်သည် တိတ်ဆိတ်နေလေ၏။