အကျွန်ုပ်အသက်ကိုဖျက်ဆီးရန် ရှာကြံသောသူတို့သည် အတူတကွအရှက်ကွဲ၍ မျက်နှာပျက်ကြရပါစေသော။ အကျွန်ုပ်ကိုဒုက္ခရောက်စေလိုသောသူတို့သည် နောက်သို့ပြန်ဆုတ်၍ အသရေပျက်ကြရပါစေသော။
ယေဇကျေလ 39:2 - မြန်မာ့စံမီသမ္မာကျမ်း ငါသည် သင့်ကိုပြန်လှည့်စေ၍ ဆွဲခေါ်လာမည်။ သင့်ကို မြောက်ဘက်စွန်းမှ ခေါ်ဆောင်လာ၍ အစ္စရေးတောင်များကို ဝင်ရောက်တိုက်ခိုက်စေမည်။ Common Language Bible ငါသည်သူ့အားလှည့်စေ၍ဆွဲခေါ်လာမည်။ ဣသရေလတောင်များသို့ရောက်သည့်တိုင် အောင်မြောက်မျက်နှာစွန်းမှခေါ်ဆောင်လာ မည်။- Garrad Bible သင့် ကို လှည့် ချီ စေ၍၊ မြောက် မျက် နှာ စွန်း မှ၊ ဣ သ ရေ လ တောင် တန်း ပေါ် သို့၊ ရှေ့ ဆောင် လျက် ချီ တက် ဝင် ရောက် စေ ပြီး လျှင်၊ Judson Bible သင့်ကို ငါလှည့်၍ သွေးဆောင်မည်။ မြောက်မျက်နှာမှ ချီလာ၍ ဣသရေလတောင်တို့အပေါ်သို့ ရောက်စေမည်။ |
အကျွန်ုပ်အသက်ကိုဖျက်ဆီးရန် ရှာကြံသောသူတို့သည် အတူတကွအရှက်ကွဲ၍ မျက်နှာပျက်ကြရပါစေသော။ အကျွန်ုပ်ကိုဒုက္ခရောက်စေလိုသောသူတို့သည် နောက်သို့ပြန်ဆုတ်၍ အသရေပျက်ကြရပါစေသော။
မီးခိုးသည် လွင့်သွားသကဲ့သို့ ကိုယ်တော်သည် သူတို့ကိုလွင့်သွားစေတော်မူလိမ့်မည်။ ဖယောင်းသည် မီးရှေ့တွင် အရည်ပျော်သကဲ့သို့ ဆိုးယုတ်သောသူတို့သည် ဘုရားသခင်၏ရှေ့တော်တွင် ပျက်စီးကြရလိမ့်မည်။
သင်သည် ငါ့ကိုအမျက်ထွက်သောကြောင့်၊ သင်စော်ကားပြောဆိုသောစကားကို ငါကြားရသောကြောင့် ငါသည် သင့်ကို နဖားကြိုးတပ်မည်၊ ဇက်ကြိုးတပ်မည်။ သင်လာသောလမ်းဖြင့် သင့်ကိုပြန်စေမည် ဟူ၍မိန့်ဆိုပြီ’ဟု မိန့်တော်မူ၏။
ထိုနေရာတွင် မြောက်အရပ်မှမင်းညီမင်းသားများနှင့် ဆီဒုန်လူမျိုးအားလုံးလည်း ရှိကြ၏။ သူတို့သည် အရှိန်အဝါကြီး၍ ကြောက်ရွံ့ခန့်ညားရသောလူများဖြစ်ခဲ့သော်လည်း အသတ်ခံရသောသူတို့နှင့်အတူ အရှက်တကွဲ တွင်းထဲသို့ကျကြရ၏။ ဓားဖြင့်အသတ်ခံရသော အရေဖျားလှီးခြင်းမခံသူတို့နှင့်အတူ လဲလျောင်းရ၍ တွင်းထဲရောက်သွားသူတို့နှင့်အတူ အသရေပျက်ခြင်းကို ခံရလေပြီတကား။
ထိုအခါ မြင်းစီးသူရဲတပ်ကြီး၊ စစ်တပ်ကြီးနှင့် လူအင်အားအမြောက်အမြားတို့သည် သင်နေထိုင်ရာမြောက်ဘက်စွန်းမှ သင်နှင့်အတူ ချီလာကြလိမ့်မည်။
အချင်းလူသား၊ ဂေါဂမင်းကြီးကိုဆန့်ကျင်၍ ပရောဖက်ပြုလော့။ ဘုရားရှင်ထာဝရဘုရားက ‘အို မေရှက်ပြည်၊ တုဗလပြည်တို့၏အကြီးအကဲခေါင်းဆောင် ဂေါဂမင်းကြီး၊ သင့်ကို ငါစီရင်မည်။
ထို့နောက် သင့်လက်ဝဲလက်မှလေးကို ချိုး၍ လက်ယာလက်မှမြားကို ရိုက်ချပစ်မည်။
နောက်ဆုံးကာလတွင် တောင်ဘုရင်သည် သူ့ကို တွန်းလှန်တိုက်ခိုက်လိမ့်မည်။ မြောက်ဘုရင်သည်လည်း စစ်ရထားများ၊ မြင်းစီးသူရဲများ၊ သင်္ဘောများဖြင့် မုန်တိုင်းတိုက်သကဲ့သို့ ချီလာ၍ တိုင်းပြည်များကို ဝင်ရောက်လွှမ်းမိုးတိုက်ခိုက်သွားလိမ့်မည်။