ယေဇကျေလ 38:15 - မြန်မာ့စံမီသမ္မာကျမ်း15 ထိုအခါ မြင်းစီးသူရဲတပ်ကြီး၊ စစ်တပ်ကြီးနှင့် လူအင်အားအမြောက်အမြားတို့သည် သင်နေထိုင်ရာမြောက်ဘက်စွန်းမှ သင်နှင့်အတူ ချီလာကြလိမ့်မည်။ အခန်းကိုကြည့်ပါ။Garrad Bible15 မြောက် မြား သော ဗိုလ် ထု အ လုံး အ ရင်း ဖြစ် သော မြင်း စီး သူ၊ လူ မျိုး များ တို့ နှင့် တ ကွ၊ နေ ထိုင် ရာ မြောက် မျက် နှာ စွန်း မှ ချီ ထွက်၍၊ အခန်းကိုကြည့်ပါ။Judson Bible15 မြင်းစီးသောသူ အလုံးအရင်းအပေါင်း၊ အားကြီးသော စစ်သူရဲအပေါင်းတို့နှင့်တကွ မြောက်မျက်နှာမှချီလာမည်။ အခန်းကိုကြည့်ပါ။ |
ထို့ကြောင့် ငါထ၍ လုယက်တိုက်ခိုက်မည့်နေ့ကို စောင့်နေလော့။ အကယ်စင်စစ် ငါသည် တိုင်းနိုင်ငံအရပ်ရပ်မှ လူမျိုးတကာတို့ကို ခေါ်ယူစုစည်းပြီး တရားစီရင်မည်။ ပြင်းထန်သော ငါ့အမျက်၊ ငါ့ဒေါသမီးအလုံးအရင်းကို သူတို့အပေါ်သို့သွန်ချမည်။ ငါ့ဒေါသမီးအရှိန်ကြောင့် မြေတစ်ပြင်လုံးလောင်ကျွမ်းသွားလိမ့်မည်။
လူမျိုးတကာတို့ကို စုရုံးပြီး ယောရှဖတ်ချိုင့်ဝှမ်းလွင်ပြင်သို့ ငါခေါ်ဆောင်လာမည်။ သူတို့သည် ငါ့လူမျိုးတော်ကို လူမျိုးတကာတို့ထံသို့ ကွဲလွင့်စေပြီး ငါ့ပြည်ကို ကွဲပြားစေခဲ့သောကြောင့် ငါ့လူမျိုးတော်ဖြစ်သည့် ငါ့အမွေတော်အစ္စရေးတို့အတွက် သူတို့ကို ထိုအရပ်၌ ငါတရားစီရင်မည်။
ထိုနေရာတွင် မြောက်အရပ်မှမင်းညီမင်းသားများနှင့် ဆီဒုန်လူမျိုးအားလုံးလည်း ရှိကြ၏။ သူတို့သည် အရှိန်အဝါကြီး၍ ကြောက်ရွံ့ခန့်ညားရသောလူများဖြစ်ခဲ့သော်လည်း အသတ်ခံရသောသူတို့နှင့်အတူ အရှက်တကွဲ တွင်းထဲသို့ကျကြရ၏။ ဓားဖြင့်အသတ်ခံရသော အရေဖျားလှီးခြင်းမခံသူတို့နှင့်အတူ လဲလျောင်းရ၍ တွင်းထဲရောက်သွားသူတို့နှင့်အတူ အသရေပျက်ခြင်းကို ခံရလေပြီတကား။