ထိုသို့ တိုင်းပြည်အနှံ့သွားသောသူတို့သည် လူအရိုးကိုတွေ့လျှင် ထိုအရိုးကို ဟာမုန်ဂေါဂချိုင့်၌ မသင်္ဂြိုဟ်မီအထိ အရိုးနားတွင် အမှတ်အသားထားရမည်။
ထိုသူတို့သည်ပြည်ရွာကိုအစုန်အဆန် သွားလာလျက်လူရိုးများကိုတွေ့ရှိသည့် အခါတိုင်း ဂေါဂတပ်မတော်ချိုင့်ဝှမ်းတွင် မြှုပ်နှံမည့်သူများရောက်ရှိလာချိန်တိုင် အောင်မှတ်တိုင်များကိုစိုက်ထားကြလိမ့် မည်။-
နေ ပြည် တွင် သွား လာ တတ် သူ တို့ လည်း၊ ခ ရီး အ ကြား တွင် လူ့ အ ရိုး ကို တွေ့ လျှင်၊ ဟာ မုန် ဂေါ ဂ ချိုင့် ၌ စဏ္ဍာ လ တို့ မ မြှုပ် မ ချင်း၊ မှတ် တိုင် စိုက် ထား ရ မည်။
လှည့်လည်၍ ခရီးသွားသောသူတို့သည် အသေကောင်၏အရိုးကိုတွေ့မြင်လျှင်၊ မြေ၌မြှုပ်သော သူတို့သည် ဟာမုန်ဂေါဂချိုင့်၌ မမြှုပ်မီတိုင်အောင်၊ အရိုး၏အနားမှာ မှတ်တိုင်ကိုစိုက်ရကြမည်။
ဘုရားရှင်ထာဝရဘုရားက ‘ထိုနေ့ရက်တွင် အစ္စရေးပြည်၊ ပင်လယ်အရှေ့ဘက်ခရီးသွားရာလွင်ပြင်တွင် ဂေါဂမင်းကြီးကို သင်္ဂြိုဟ်ရန် မြေနေရာပေးမည်။ ထိုနေရာတွင် ဂေါဂမင်းကြီးနှင့်သူ့လူအုပ်ကို သင်္ဂြိုဟ်ကြသဖြင့် ခရီးသွားလာသောသူတို့အတွက် လမ်းပိတ်လိမ့်မည်။ ထို့ကြောင့် ထိုနေရာကို ဟာမုန်ဂေါဂချိုင့်ဟု ခေါ်ဆိုကြလိမ့်မည်။
ဘုရားရှင်ထာဝရဘုရားက ‘တိုင်းပြည်သန့်ရှင်းသွားအောင် ခုနစ်လအကုန်၌ မြေပြင်ပေါ်ကျန်ရှိနေသော ကျူးကျော်ဝင်ရောက်သူများ၏အလောင်းကို သင်္ဂြိုဟ်ရန် တိုင်းပြည်အနှံ့လိုက်လံရှာဖွေမည့်လူတို့ကို ခန့်ထားကြလိမ့်မည်။
ဟာမုန်ဟု အမည်တွင်သောမြို့လည်း ပေါ်လာမည်။ ဤသို့ဖြင့် ပြည်ကိုသန့်ရှင်းအောင် လုပ်ကြလိမ့်မည်’ဟု မိန့်တော်မူ၏။
သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား သင်တို့သည် မထင်ရှားသော သင်္ချိုင်းဂူများနှင့်တူကြ၏။ လူတို့သည် ၎င်းအပေါ်မှာ မသိဘဲ သွားလာတတ်ကြ၏”ဟု မိန့်တော်မူ၏။