ဘုရားရှင်ထာဝရဘုရားက ‘တိုင်းပြည်သန့်ရှင်းသွားအောင် ခုနစ်လအကုန်၌ မြေပြင်ပေါ်ကျန်ရှိနေသော ကျူးကျော်ဝင်ရောက်သူများ၏အလောင်းကို သင်္ဂြိုဟ်ရန် တိုင်းပြည်အနှံ့လိုက်လံရှာဖွေမည့်လူတို့ကို ခန့်ထားကြလိမ့်မည်။
ခုနစ်လကာလကုန်ဆုံးသွားသောအခါ အရပ်ရပ်သို့လှည့်လည်၍ ကြွင်းကျန်နေသေး သောလူသေအလောင်းများကိုရှာဖွေသင်္ဂြိုဟ် စေရန်အတွက် လူတို့ကိုရွေးချယ်ခန့်ထား ကြလိမ့်မည်။ ဤနည်းအားဖြင့်ပြည်ရွာကို စင်ကြယ်စေကြလိမ့်မည်။-
ခု နစ် လ လွန် ပြီး မှ၊ မြေ အ ပြင် တွင် ကျန် သေး သ မျှ ကို သင်္ဂြိုဟ် ကြ စေ ခြင်း ငှာ၊ ရှာ မြဲ ရှာ လျက်၊ နေ ပြည် တွင် သွား လာ ရ သူ တို့ ကို ခိုင်း ရ ကြ မည်။
အရပ်ရပ်လှည့်လည်၍ အခြားသောခရီးသည်တို့နှင့် ဝိုင်းလျက်၊ မြေပေါ်၌ကြွင်းသေးသော အသေကောင်တို့ကို မြှုပ်၍၊ ထိုပြည်ကို သန့်ရှင်းစေခြင်းငှာ အစဉ်အမှုစောင့်သော သူတို့ကိုရွေးကောက်၍ ခန့်ထားရကြလိမ့်မည်။ ထိုသူတို့သည် ခုနစ်လမကရှာဖွေကြစဉ်တွင်၊
ပရောဖက်ပြုခံရသောပြည်သားတို့သည် ဓားဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေးတို့ကြောင့် သေဆုံး၍ ဂျေရုဆလင်မြို့ရှိလမ်းများပေါ်၌ ပစ်ထားခြင်းခံရလိမ့်မည်။ သူတို့နှင့်တကွ သူတို့၏မယား၊ သားသမီးတို့ကို သင်္ဂြိုဟ်မည့်သူရှိမည်မဟုတ်။ သူတို့ပြုခဲ့သောမကောင်းမှုကို သူတို့အပေါ်သို့ ငါသွန်ချမည်။
အစ္စရေးလူမျိုးတို့သည် ပြည်ကိုသန့်ရှင်းအောင် ခုနစ်လပတ်လုံး သူတို့ကို သင်္ဂြိုဟ်ရလိမ့်မည်။
ထိုသို့ တိုင်းပြည်အနှံ့သွားသောသူတို့သည် လူအရိုးကိုတွေ့လျှင် ထိုအရိုးကို ဟာမုန်ဂေါဂချိုင့်၌ မသင်္ဂြိုဟ်မီအထိ အရိုးနားတွင် အမှတ်အသားထားရမည်။