ငါ့ကို မိန့်မှာတော်မူသည့်အတိုင်း ငါသည် ပရောဖက်ပြုဟောပြော၏။ ပရောဖက်ပြုဟောပြောနေစဉ် အသံတစ်ခုကြားရ၏။ အရိုးတို့ လှုပ်ရှားလာပြီး အရိုးအရိုးချင်း ဆက်မိသွားသည်ကို ငါတွေ့ရ၏။
ယေဇကျေလ 37:8 - မြန်မာ့စံမီသမ္မာကျမ်း ငါကြည့်နေစဉ် အရိုးတို့တွင် အရွတ်များ၊ အသားများ တက်လာ၍ ၎င်းတို့အပေါ်တွင် အရေပြားဖုံးလွှမ်းသွားသည်ကို မြင်လေ၏။ သို့သော် ထွက်သက်ဝင်သက် မရှိသေး။ Common Language Bible ယင်းတို့ကိုငါကြည့်လျက်နေစဉ်ပင်အရိုး တို့အပေါ်မှာ အကြောများပေါ်လာ၍ အသားတက်လျက်အရေဖုံးလေ၏။ သို့ ရာတွင်အသက်မရှိသေး။ Garrad Bible အ ကြော ရောက် လျက်၊ အ သား တက် လျက်၊ အ ရေ ဖုံး လျက် ရှိ သည် ကို မြင် ရာ တွင်၊ ရှူ သက် မ ရှိ သေး ချေ။ Judson Bible ငါကြည့်ရှုစဉ်တွင် အကြောတို့သည်ပေါ်လာ၍ အသားလည်းတတ်၏။ အရေလည်း ဖုံးလွှမ်း၏။ သို့ရာတွင်၊ အသက်မရှိသေး။ |
ငါ့ကို မိန့်မှာတော်မူသည့်အတိုင်း ငါသည် ပရောဖက်ပြုဟောပြော၏။ ပရောဖက်ပြုဟောပြောနေစဉ် အသံတစ်ခုကြားရ၏။ အရိုးတို့ လှုပ်ရှားလာပြီး အရိုးအရိုးချင်း ဆက်မိသွားသည်ကို ငါတွေ့ရ၏။
ထိုအခါ ကိုယ်တော်က ငါ့အား “အချင်းလူသား၊ အသက်လေအား ပရောဖက်ပြုဟောပြောလော့။ ဘုရားရှင်ထာဝရဘုရားက ‘အို အသက်လေ၊ သေသူတို့အသက်ရှင်လာအောင် အရပ်လေးမျက်နှာမှလာ၍ သူတို့အထဲသို့ အသက်လေကို မှုတ်သွင်းလော့’ဟူ၍ မိန့်တော်မူသည်”ဟု မိန့်ဆို၏။