ထို့နောက် ထာဝရအရှင်ဘုရားသခင်သည် မြေမှုန့်ဖြင့် လူကိုပုံဖော်ဖန်ဆင်း၍ သူ၏နှာခေါင်းထဲသို့ ဇီဝအသက်ကို မှုတ်သွင်းတော်မူရာ လူသည် သက်ရှိသတ္တဝါဖြစ်လာ၏။
ယေဇကျေလ 37:5 - မြန်မာ့စံမီသမ္မာကျမ်း ဤအရိုးတို့အား ဘုရားရှင်ထာဝရဘုရားက ‘ကြည့်ရှုလော့။ ငါသည် သင်တို့အထဲသို့ အသက်လေကိုမှုတ်သွင်း၍ သင်တို့အသက်ရှင်လာလိမ့်မည်။ Common Language Bible ငါအရှင်ထာဝရဘုရားမိန့်တော်မူသည် ကားသူတို့အား ငါသည်သင်တို့အထဲသို့ ထွက်သက်ဝင်သက်လေကိုမှုတ်သွင်းကာ သင် တို့အားအသက်ပြန်၍ရှင်စေတော်မူမည်။- Garrad Bible အ ရိုး များ အား အ ရှင် ထာ ဝ ရ ဘု ရား က၊ ငါ သည် သင် တို့ အ ထဲ သို့ ရှူ သက် သွင်း လျက်၊ ရှင် စေ မည်။ Judson Bible ဤသွေ့ခြောက်သော အရိုးတို့အား အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါသည် သင်တို့အထဲသို့ အသက်ကိုသွင်း၍ သင်တို့သည် အသက်ရှင်ရကြမည်။ |
ထို့နောက် ထာဝရအရှင်ဘုရားသခင်သည် မြေမှုန့်ဖြင့် လူကိုပုံဖော်ဖန်ဆင်း၍ သူ၏နှာခေါင်းထဲသို့ ဇီဝအသက်ကို မှုတ်သွင်းတော်မူရာ လူသည် သက်ရှိသတ္တဝါဖြစ်လာ၏။
ကိုယ်တော်၌ သေဆုံးသောသူတို့သည် ပြန်ရှင်ကြမည်။ ငါနှင့်သက်ဆိုင်သောအသေကောင်သည် ထမြောက်မည်။ မြေမှုန့်သားတို့၊ နိုးလော့။ ရွှင်လန်းစွာသီချင်းဆိုကြလော့။ အကြောင်းမူကား ကိုယ်တော်၏နှင်းသည် နံနက်ခင်းနှင်းကဲ့သို့ဖြစ်၏။ မြေကြီးသည် သေသူ၏ဝိညာဉ်ကို မွေးဖွားစေလိမ့်မည်။
ငါ့ဝိညာဉ်ကို သင်တို့အထဲသို့ သွင်းပေးမည်ဖြစ်၍ သင်တို့သည် အသက်ရှင်လိမ့်မည်။ သင်တို့ကို သင်တို့၏နေရင်းပြည်၌ နေရာချထားမည်။ ထိုအခါ ငါထာဝရဘုရားသည် ပြောလျှင်ပြောသည့်အတိုင်း ပြုတတ်သည်ကို သင်တို့သိရကြလိမ့်မည်ဟု မိန့်တော်မူ၏’ဟူ၍ ပရောဖက်ပြုဟောပြောလော့”ဟု မိန့်ဆို၏။
ထိုသို့မိန့်တော်မူပြီးနောက် သူတို့အပေါ်မှုတ်တော်မူလျက်“သန့်ရှင်းသောဝိညာဉ်တော်ကိုခံယူရရှိကြလော့။
အကြောင်းမူကား ခရစ်တော်ယေရှု၌ရှိသည့် အသက်ရှင်ခြင်း၏ဝိညာဉ်တော်နှင့်ဆိုင်သောတရားသည် အပြစ်နှင့်သေခြင်းတို့နှင့်ဆိုင်သောတရားမှ သင့်ကိုလွတ်မြောက်စေပြီဖြစ်၏။
ကျူးလွန်သောအပြစ်များ၌ သေနေသောငါတို့ကို ခရစ်တော်နှင့်အတူ အသက်ရှင်စေတော်မူ၏။ (သင်တို့သည် ကျေးဇူးတော်အားဖြင့် ကယ်တင်ခြင်းခံရကြ၏။)
သို့သော် သုံးရက်ခွဲလွန်ပြီးသောအခါ ဘုရားသခင်ထံတော်မှဇီဝအသက်သည် ထိုသူတို့အထဲသို့ဝင်၍ သူတို့သည် မိမိတို့ခြေဖြင့်မတ်တပ်ရပ်ကြ၏။ ထိုသူတို့ကိုမြင်သောသူတို့သည် အလွန်ကြောက်ရွံ့ကြ၏။