အို ဘုရားရှင်၊ အကျွန်ုပ်တို့၏အိမ်နီးချင်းတို့သည် ကိုယ်တော်ကိုကဲ့ရဲ့ပြစ်တင်ကြသည်ဖြစ်၍ သူတို့၏ကဲ့ရဲ့ပြစ်တင်ခြင်းကို သူတို့ရင်ခွင်ထဲသို့ ခုနစ်ဆပြန်ပေးတော်မူပါ။
ယေဇကျေလ 36:7 - မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် ဘုရားရှင်ထာဝရဘုရားက ‘သင့်ဝန်းကျင်ရှိလူမျိုးတို့သည် ကိုယ်တိုင်အရှက်တကွဲဖြစ်ရလိမ့်မည်ဟု ငါကျိန်ဆိုပြီ။ Common Language Bible ပတ်ဝန်းကျင်တိုင်းပြည်များသည်အရှက် ကွဲကြလိမ့်မည်ဖြစ်ကြောင်း ငါအရှင်ထာ ဝရဘုရားအလေးအနက်ကျိန်ဆို၏။- Garrad Bible ပတ် လည် ရှိ လူ မျိုး ခြား တို့ လည်း၊ ကိုယ့် အ ရှက် ဝန် ကို ထမ်း ရ ကြ မည် ဟု၊ လက် ရုံး မြှောက် လျက်၊ ငါ သ စ္စာ ဆို ခဲ့ ပြီ။ Judson Bible အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ အကယ်စင်စစ် သင်တို့ပတ်လည်၌နေသော တစ်ပါးအမျိုးသားတို့သည် ကိုယ်အရှက်ကွဲခြင်းကို ခံရကြလိမ့်မည်ဟု ငါကျိန်ဆိုပြီ။ |
အို ဘုရားရှင်၊ အကျွန်ုပ်တို့၏အိမ်နီးချင်းတို့သည် ကိုယ်တော်ကိုကဲ့ရဲ့ပြစ်တင်ကြသည်ဖြစ်၍ သူတို့၏ကဲ့ရဲ့ပြစ်တင်ခြင်းကို သူတို့ရင်ခွင်ထဲသို့ ခုနစ်ဆပြန်ပေးတော်မူပါ။
ကြည့်ရှုလော့။ မြောက်အရပ်မှ လူမျိုးအပေါင်းတို့နှင့်တကွ ငါ့အစေအပါး ဘေဘီလုံဘုရင်နေဗုခဒ်နေဇာကို ဆင့်ခေါ်ပြီး ဤပြည်နှင့်ပြည်သူပြည်သားများမှစ၍ ပတ်ပတ်လည်ရှိတိုင်းနိုင်ငံအားလုံးကို ဝင်ရောက်တိုက်ခိုက်ရန် ငါစေလွှတ်မည်။ ငါသည် သူတို့ကို လုံးလုံးဖျက်ဆီးမည်။ ထိတ်လန့်စရာ၊ ကဲ့ရဲ့ပြစ်တင်စရာ၊ ထာဝရပျက်စီးရာ ဖြစ်စေမည်’ဟု မိန့်တော်မူ၏။
ပြည်တကာတို့ထက် သာယာဝပြောသောပြည်ဖြစ်၍ ‘နို့နှင့်ပျားရည်စီးသောပြည်’ ဖြစ်သည့် သူတို့အားငါပေးသောပြည်သို့ သူတို့ကို မပို့ဆောင်တော့ဟု တောကန္တာရတွင် ငါကျိန်ဆိုခဲ့၏။
ဘုရားရှင်ထာဝရဘုရားက ဤသို့မိန့်တော်မူကြောင်း သူတို့အား ဆင့်ဆိုလော့။ အစ္စရေးလူမျိုးကို ငါရွေးချယ်သောနေ့တွင် ငါသည် ယာကုပ်အမျိုး၏သားစဉ်မြေးဆက်အား ကတိသစ္စာပြုခဲ့၏။ အီဂျစ်ပြည်၌ ငါမည်သူဖြစ်ကြောင်း သူတို့ကို သိစေခဲ့၏။ ‘ငါသည် သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်၏’ဟု သူတို့အား ကတိသစ္စာပြုခဲ့၏။
ဘုရားရှင်ထာဝရဘုရားက ‘လူမျိုးတကာတို့ရှုတ်ချသောစကားကို သင်ကြားရတော့မည်မဟုတ်။ လူတို့၏ကဲ့ရဲ့ခြင်းကို သင်ခံရတော့မည်မဟုတ်။ နောက်တစ်ဖန် သင့်လူမျိုးကို သင်လဲပြိုစေတော့မည်မဟုတ်’ဟူ၍ မိန့်တော်မူသည်”ဟု မိန့်ဆို၏။
အစ္စရေးပြည်နှင့်ပတ်သက်၍ ဤသို့ပရောဖက်ပြုဟောပြောလော့။ တောင်တန်းတောင်ကုန်းများ၊ မြစ်ချောင်းချိုင့်ဝှမ်းများအား ဘုရားရှင်ထာဝရဘုရားက ‘အခြားတိုင်းပြည်တို့သည် သင်တို့ကို အသရေဖျက်သောကြောင့် စိတ်အားကြီးစွာ၊ အမျက်ပြင်းစွာဖြင့် ငါမြွက်ဆိုပြီ’ဟု မိန့်တော်မူ၏။
အို အစ္စရေးတောင်တန်း၊ ငါ၏လူမျိုးတော်အစ္စရေးတို့ပြန်လာတော့မည်ဖြစ်၍ သင်တို့သည် သူတို့အတွက် အကိုင်းအခက်ထွက်လာ၍ အသီးသီးရကြလိမ့်မည်။