အကျွန်ုပ်၏ဒုစရိုက်ကို အကုန်အစင်ဆေးကြော၍ အကျွန်ုပ်၏အပြစ်မှ အကျွန်ုပ်ကိုစင်ကြယ်စေတော်မူပါ။
ယေဇကျေလ 36:33 - မြန်မာ့စံမီသမ္မာကျမ်း ဘုရားရှင်ထာဝရဘုရားက ‘ငါသည် သင်တို့၏ဒုစရိုက်အားလုံးကို စင်ကြယ်စေသောနေ့၌ သင်တို့ကို မြို့များတွင် ပြန်လည်နေထိုင်ခွင့်ပေးမည်။ ပြိုပျက်ရာများကိုလည်း ပြန်လည်ပြုပြင်ခွင့်ပေးမည်။ Common Language Bible အရှင်ထာဝရဘုရားက``သင်တို့ကို အပြစ်အပေါင်းမှသန့်စင်စေသည့်ကာလ ၌ ငါသည်သင်တို့အားမိမိတို့မြို့များ တွင်ပြန်လည်နေထိုင်ခွင့်ပေးမည်။ ပျက်စီး ယိုယွင်းသောအရာများကိုလည်းပြန် လည်တည်ဆောက်ခွင့်ပေးမည်။- Garrad Bible သင် တို့ ကို ဒု စ ရိုက် အ မျိုး မျိုး နှင့် စင် ကြယ် စေ သည့် ကာ လ၊ ငါ သည် မြို့ ရွာ များ ကို စည် ကား အောင်၊ ဖုန်း ဆိုး ကုန်း များ ကို ပြု ပြင် အောင် စီ ရင် လျက်၊ Judson Bible အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်တို့ဒုစရိုက်အပြစ်ရှိသမျှတို့ကို ငါရှင်းလင်းသောအခါ၊ မြို့များ၌လူနေစေ၍ ပျက်စီးသောအရပ်တို့သည် ပြုပြင်ခြင်းရှိကြလိမ့်မည်။ |
အကျွန်ုပ်၏ဒုစရိုက်ကို အကုန်အစင်ဆေးကြော၍ အကျွန်ုပ်၏အပြစ်မှ အကျွန်ုပ်ကိုစင်ကြယ်စေတော်မူပါ။
သင့်လူမျိုးတို့သည် ရှေးအပြိုအပျက်တို့ကို ပြန်လည်တည်ဆောက်ကြမည်။ ခေတ်ကာလအဆက်ဆက်မှ ပျက်စီးခဲ့သောအုတ်မြစ်တို့ကို ပြန်ချမည်။ သင့်ကိုလည်း ပြိုပျက်သောမြို့ရိုးကိုပြန်တည်ဆောက်သူ၊ လူနေလမ်းများကိုပြန်ပြုပြင်သူဟု ခေါ်ဆိုကြမည်။
သူတို့သည် ရှေးပြိုပျက်ရာတို့ကို ပြန်လည်တည်ဆောက်ကြလိမ့်မည်။ ယခင်က လူသူကင်းမဲ့သောအရပ်တို့ကို ပြန်လည်ထူထောင်ကြလိမ့်မည်။ မျိုးဆက်အဆက်ဆက်လူသူကင်းမဲ့၍ ပြိုပျက်နေသောမြို့တို့ကို ပြုပြင်ကြလိမ့်မည်။
လူမရှိ၊ တိရစ္ဆာန်မရှိ ဆိတ်ညံသောပြည်၊ ခါလဒဲတပ်၏လက်သို့ ရောက်သွားသောပြည်ဖြစ်၏ဟု သင်တို့ပြောသော ထိုပြည်မှလယ်ကို ဝယ်ယူကြလိမ့်မည်’ဟု မိန့်တော်မူ၏။
ထာဝရဘုရားက ‘ဤအရပ်တွင် လူမရှိ၊ တိရစ္ဆာန်မရှိ၊ ဆိတ်ညံရာဖြစ်လေပြီဟု သင်တို့ပြောဆိုကြသော လူမရှိ၊ တိရစ္ဆာန်မရှိ၊ နေထိုင်သူမရှိ ဆိတ်ညံသောယုဒမြို့များနှင့် ဂျေရုဆလင်မြို့လမ်းများပေါ်တွင်
ငါ့ကိုပြစ်မှားခဲ့သောအပြစ်ရှိသမျှတို့နှင့် သူတို့ကိုကင်းစင်စေမည်။ ငါ့ကိုပြစ်မှားခြင်း၊ ငါ့ကိုပုန်ကန်ခြင်းအပြစ်ရှိသမျှတို့ကို ငါခွင့်လွှတ်မည်။
သင်တို့ပေါ်တွင် အစ္စရေးတစ်မျိုးနွယ်လုံးကို တိုးပွားများပြားစေမည်။ သူတို့သည် မြို့များ၌ နေထိုင်ကြလိမ့်မည်။ ပြိုပျက်ရာတို့ကို ပြုပြင်ကြလိမ့်မည်။
ဖြတ်သန်းသွားလာသောသူတို့၏အမြင်တွင် တိတ်ဆိတ်ခြောက်ကပ်၍ လူသူကင်းမဲ့သောမြေကို ထွန်ယက်စိုက်ပျိုးသောမြေ ဖြစ်စေမည်။