အစ္စရေးဘုရင်လည်း ဘုရားသခင်၏လူသတိပေးသောနေရာသို့ မိမိလူတို့ကို စေလွှတ်၍စူးစမ်းစေ၏။ ဤနည်းဖြင့် ရန်သူကို တစ်ကြိမ်နှစ်ကြိမ်မက ရှောင်နိုင်ခဲ့၏။
ယေဇကျေလ 33:5 - မြန်မာ့စံမီသမ္မာကျမ်း တံပိုးမှုတ်သံကိုကြားသော်လည်း သတိမထားသောကြောင့် အသက်သေသွားလျှင် ကိုယ်နှင့်သာဆိုင်၏။ သတိထားသောသူမူကား အသက်ချမ်းသာရာရမည်။ Common Language Bible သူသေရသည်မှာသူ၏ချို့ယွင်းမှုကြောင့် သူ့သွေးသည်သူ၏ခေါင်းပေါ်ရောက်ရပေ မည်ဖြစ်၏။ အဘယ်ကြောင့်ဆိုသော်သူသည် သတိပေးချက်ကိုဂရုမစိုက်ခဲ့သော ကြောင့်ဖြစ်၏။ အကယ်၍ဂရုစိုက်မည် ဆိုပါကသူသည်သေဘေးမှလွတ် မြောက်နိုင်၏။- Garrad Bible ထို သူ သည်၊ တံ ပိုး မှုတ် သံ ကို ကြား လျက် သ တိ မ မူ သော ကြောင့်၊ ချင်း အ သွေး သည်၊ ချင်း အ ပေါ်၌ တည် ရ လ တ္တံ့။ သ တိ မူ ခဲ့ သော် ကား၊ အ သက် ကယ် ရာ ရောက် လေ ပြီ။ Judson Bible တံပိုးမှုတ်သံကိုကြား၍ အမှုမထားသောကြောင့်၊ ကိုယ်အသက်ဆုံးသောအပြစ်ကို ကိုယ်တိုင်ခံရမည်။ အမှုထားသောသူမူကား၊ ကိုယ်အသက်ကို ကယ်တင်လိမ့်မည်။ |
အစ္စရေးဘုရင်လည်း ဘုရားသခင်၏လူသတိပေးသောနေရာသို့ မိမိလူတို့ကို စေလွှတ်၍စူးစမ်းစေ၏။ ဤနည်းဖြင့် ရန်သူကို တစ်ကြိမ်နှစ်ကြိမ်မက ရှောင်နိုင်ခဲ့၏။
အကြောင်းမူကား ကိုယ်တော်သည် ငါတို့၏ဘုရားသခင်ဖြစ်တော်မူ၏။ ငါတို့သည်လည်း ကိုယ်တော်၏စားကျက်၌ ကျက်စားသောသူ၊ ကိုယ်တော်၏လက်တော်ထဲမှ သိုးစုဖြစ်ကြ၏။ ယနေ့ သင်တို့သည် ကိုယ်တော်၏အသံကိုကြားလျှင်
သင်တို့အဖ အာဗြဟံ၊ သင်တို့ကိုမွေးဖွားသောစာရာကို ကြည့်ကြလော့။ ငါခေါ်စဉ်က အာဗြဟံတစ်ဦးတည်းရှိ၏။ ငါသည် သူ့ကို ကောင်းချီးပေး၍ များပြားစေ၏။
အတိုးဖြင့်ချေးငှား၍အမြတ်ယူခြင်း စသည့် အမှုတစ်စုံတစ်ခုကိုပြုလျှင် သူသည် အသက်ချမ်းသာရာရမည်မဟုတ်။ ထိုသို့သောစက်ဆုပ်ရွံရှာဖွယ်ဟူသမျှတို့ကိုပြုသောကြောင့် သူသည် မုချသေရမည်။ သူ၏သွေးသည် သူ့အပေါ်ကျရောက်မည်။
တံပိုးမှုတ်သံကိုကြားသော်လည်း သတိမထားသောသူသည် ဓားဘေးရောက်လာ၍ သူသေသွားလျှင် သူ့အသက်သည် သူနှင့်သာဆိုင်၏။
ထိုသူတို့က “အကျွန်ုပ်တို့၏အဖသည် အာဗြဟံဖြစ်သည်”ဟု ဆိုကြ၏။ ယေရှုကလည်း“သင်တို့သည် အာဗြဟံ၏သားသမီးများဖြစ်ကြသည်မှန်လျှင် အာဗြဟံပြုသောအမှုများကို ပြုကြလိမ့်မည်။
နောဧသည် မမြင်ရသေးသောအရာများနှင့်ပတ်သက်၍ ဗျာဒိတ်တော်ရသောအခါ ကြောက်ရွံ့ရိုသေသောစိတ်ရှိ၍ မိမိအိမ်သူအိမ်သားတို့ကယ်တင်ခြင်းခံရရန်အတွက် ယုံကြည်ခြင်းအားဖြင့် သင်္ဘောကိုတည်ဆောက်လေ၏။ ထိုယုံကြည်ခြင်းအားဖြင့် သူသည် လောက၏အပြစ်ကိုထင်ရှားစေ၍ ယုံကြည်ခြင်းအားဖြင့်ရရှိသောဖြောင့်မတ်ခြင်းကို အမွေဆက်ခံသူဖြစ်လာ၏။