တောင်ပေါ်တွင် သင့်အသားကို ဖြန့်ထားမည်။ ချိုင့်ဝှမ်းများကိုလည်း သင့်အလောင်းဖြင့် ပြည့်စေမည်’ဟု မိန့်တော်မူ၏။
သင်၏ပုပ်ပျက်နေသောအလောင်းဖြင့် တောင်များ၊ ချိုင့်ဝှမ်းများကိုငါဖုံးလွှမ်းမည်။-
ငါ သည်၊ သင့် အ သား ကို တောင် များ ပေါ် တွင် ထား လျက်၊ ချိုင့် များ ကို လည်း သင့် အ ကောင် နှင့် ဖြည့်၍၊
သင့်အသားကို တောင်တို့အပေါ်၌ ငါခင်းမည်။ ချိုင့်တို့ကို သင့်ကိုယ်နှင့် ပြည့်စေမည်။
အကြမ်းကြုတ်ဆုံး လူမျိုးခြားတိုင်းတစ်ပါးသားတို့သည် သူ့ကိုခုတ်ပြီး ပစ်ထားကြလိမ့်မည်။ အကိုင်းအခက်တို့သည် တောင်ပေါ်၊ ချိုင့်ဝှမ်းရှိသမျှတွင် လဲပုံလျက်နေလိမ့်မည်။ အခက်အလက်တို့သည်လည်း တစ်ပြည်လုံးရှိ မြစ်ချောင်းများတွင် ကျိုးကျနေလိမ့်မည်။ မြေကြီးသားအပေါင်းတို့လည်း သူ၏အရိပ်အောက်မှထွက်၍ သူ့ကိုစွန့်ခွာသွားကြလိမ့်မည်။
တောင်တန်းများပေါ်တွင် အသေကောင်များဖြင့် ပြည့်စေမည်။ တောင်ကုန်း၊ ချိုင့်ဝှမ်း၊ မြစ်ချောင်းများတွင်လည်း ဓားဖြင့်သေသောသူတို့ ပုံလျက်နေလိမ့်မည်။
သင်နှင့်သင်၏စစ်သည်အားလုံးအပါအဝင် သင်၌ရှိသောလူတို့သည် အစ္စရေးတောင်များပေါ်တွင် ကျဆုံးကြလိမ့်မည်။ သင့်ကို အသားစားငှက်အမျိုးမျိုးနှင့် တောရိုင်းတိရစ္ဆာန်တို့၏အစာ ဖြစ်စေမည်။