ယေဇကျေလ 32:4 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် သင့်ကို ကုန်းပေါ်ကွင်းပြင်တွင် ပစ်ထားမည်။ သင့်အပေါ် မိုးကောင်းကင်ငှက်အပေါင်းတို့ကို လာနားစေမည်။ မြေတစ်ပြင်လုံးရှိ တောရိုင်းတိရစ္ဆာန်တို့ ဝလင်စွာစားရန် ပေးပစ်မည်။ Common Language Bible ထိုနောက်ကုန်းပေါ်တွင်ချထားစေပြီး ကွင်း ပြင်ထဲသို့ဆွဲသွားမည်။ ကမ္ဘာပေါ်ရှိငှက် များနှင့်တိရစ္ဆာန်တို့၏အစာဖြစ်စေမည်။- Garrad Bible မြေ ပြင် တွင် လှဲ ချ ပစ် ထား သော သင့် အ ပေါ်၌၊ လေ သ တ္တ ဝါ အ ပေါင်း တို့ နင်း နေ လျက်၊ မြေ သ တ္တ ဝါ အ ပေါင်း တို့ လည်း ဝ စွာ ကိုက် စား လိမ့် မည်။ Judson Bible ငါသည် သင့်ကို ကုန်းပေါ်မှာတင်၍ လွင်ပြင်၌ပစ်ထားမည်။ မိုးကောင်းကင်ငှက်အပေါင်းတို့ကို သင့်အပေါ်မှာ နားစေမည်။ မြေသားအပေါင်းတို့ကို ဝစွာကျွေးမည်။ |
ကိုယ်တော်သည် လဝိသန်၏ဦးခေါင်းတို့ကို ကြေမွစေ၍ ကန္တာရသတ္တဝါတို့အား စားစရာအဖြစ်ပေးတော်မူ၏။
သင်မူကား သင်၏သင်္ချိုင်းဂူနှင့်ဝေးရာ၌ ဆွေးမြည့်သောသစ်ကိုင်းကဲ့သို့ လွှင့်ပစ်ခြင်းခံရ၏။ အသတ်ခံရသောသူ၊ ဓားထိုးခံရသောသူ၊ ကျောက်တွင်းထဲသို့ကျသောသူတို့၏အသေကောင်များဖြင့် ဖုံးအုပ်ခြင်းခံရလျက် အနင်းခံရသော အလောင်းကောင်ကဲ့သို့ဖြစ်၏။
သူတို့အားလုံးကို တောင်ပေါ်မှာနေသော အသားစားငှက်၊ မြေကြီးပေါ်မှာနေသော တိရစ္ဆာန်တို့အတွက် စွန့်ပစ်ထားမည်။ အသားစားငှက်တို့သည် နွေကာလတစ်လျှောက်လုံး၊ မြေကြီးတိရစ္ဆာန်အပေါင်းတို့သည် ဆောင်းကာလတစ်လျှောက်လုံး အသေကောင်ကို စားကြလိမ့်မည်။
သူတို့သည် ငါ့ကိုဆန့်ကျင်ပုန်ကန်သောလူတို့၏အလောင်းကောင်များကို ထွက်ကြည့်ကြလိမ့်မည်။ ထိုအလောင်းကောင်တို့ကိုစားသောလောက်ကောင်သည် မသေ၊ လောင်သောမီးလည်း မငြိမ်း။ လူခပ်သိမ်းတို့အတွက် စက်ဆုပ်ဖွယ်ဖြစ်မည်”ဟု မိန့်တော်မူ၏။
ထိုနေ့ရက်၌ ထာဝရဘုရားကွပ်မျက်တော်မူခြင်းကိုခံရသောသူတို့သည် မြေကြီးတစ်ဖက်စွန်းမှ အခြားတစ်ဖက်စွန်းတိုင်အောင် အနှံ့ရှိကြလိမ့်မည်။ မြည်တမ်းပေးမည့်သူမရှိ။ စုပုံထားပေးမည့်သူမရှိ။ သင်္ဂြိုဟ်ပေးမည့်သူမရှိ။ မြေပေါ်၌ နောက်ချေးကဲ့သို့ ဖြစ်ကြလိမ့်မည်။
ထိုအရိုးတို့သည် သူတို့ချစ်၍အစေခံသော၊ သူတို့လိုက်စားသော၊ သူတို့ဆည်းကပ်ကိုးကွယ်သောအရာများဖြစ်သည့် နေ၊ လ စသော ကောင်းကင်တန်ဆာအားလုံးတို့အောက်၌ ဖြန့်ထားခြင်းခံရလိမ့်မည်။ စုသိမ်းသင်္ဂြိုဟ်ခြင်း ခံရမည်မဟုတ်။ မြေပြင်ပေါ်တွင် နောက်ချေးကဲ့သို့ဖြစ်သွားလိမ့်မည်”ဟု မိန့်တော်မူ၏။
သင်နှင့်တကွ မြစ်ချောင်းထဲရှိငါးများကို တောကန္တာရတွင် ပစ်ထားမည်။ ကွင်းပြင်မှာကျသွားသောသင့်ကို ကောက်ယူမည့်သူရှိမည်မဟုတ်။ ငါသည် သင့်ကို တောရိုင်းတိရစ္ဆာန်၊ မိုးကောင်းကင်ငှက်တို့အဖို့ အစာဖြစ်စေမည်။
တောင်တန်းများပေါ်တွင် အသေကောင်များဖြင့် ပြည့်စေမည်။ တောင်ကုန်း၊ ချိုင့်ဝှမ်း၊ မြစ်ချောင်းများတွင်လည်း ဓားဖြင့်သေသောသူတို့ ပုံလျက်နေလိမ့်မည်။
ယုဒလူမျိုးတို့ကို ညှဉ်းပန်းနှိပ်စက်၍ သူတို့၏ပြည်တွင် အပြစ်မဲ့သောသူတို့ကို သတ်ဖြတ်ကြသောကြောင့် အီဂျစ်ပြည်သည် လူသူကင်းမဲ့ရာဖြစ်လိမ့်မည်။ ဧဒုံပြည်သည် လူသူကင်းမဲ့သောတောကန္တာရဖြစ်လိမ့်မည်။