ဧသောက ယာကုပ်အား “ငါသည် မောပန်းနေသဖြင့် ငါ့ကို ထိုဟင်းနီနီလေးကျွေးပါ”ဟု ဆို၏။ (ထို့ကြောင့် သူ၏အမည်ကို ဧဒုံ ဟုခေါ်ကြ၏။)
ယေဇကျေလ 32:29 - မြန်မာ့စံမီသမ္မာကျမ်း ထိုနေရာတွင် ဧဒုံပြည်နှင့်တကွ သူ၏ဘုရင်များ၊ သူ၏ခေါင်းဆောင်များ အားလုံးရှိ၏။ သူတို့သည် အရှိန်အဝါကြီးခဲ့သော်လည်း ဓားဖြင့်အသတ်ခံရသောသူတို့နှင့်အတူ သေရ၏။ တွင်းနက်ထဲသို့ရောက်သွားသော အရေဖျားလှီးခြင်းမခံသောသူတို့နှင့်အတူ လဲလျောင်းရကြ၏။ Common Language Bible ``ဧဒုံသည်လည်းမိမိ၏ဘုရင်များ၊ မင်းညီမင်း သားများနှင့်ထိုအရပ်တွင်ရှိ၏။ သူတို့သည်စွမ်း အားကြီးသည့်စစ်သူရဲများဖြစ်သော်လည်း စစ် ပွဲတွင်ကျဆုံးခဲ့သည့်အရေဖျားလှီးမင်္ဂလာ မခံသူတို့နှင့်အတူမရဏာနိုင်ငံတွင်လဲ လျက်နေရကြလေပြီ။ Garrad Bible တန် ခိုး ကြီး သော ဧ ဒုံ လူ မျိုး သည်၊ ဘု ရင် များ၊ မှူး မတ် များ ပါ၊ ဓား ဖြင့် လုပ် ကြံ ခံ ရ သူ တို့ နှင့် တ ကွ၊ ထို နိုင် ငံ၌ သိပ် ထား လျက် ရှိ ကြ၏။ ထို သူ တို့ သည် လှီး ဖြတ် ခြင်း မဲ့ သူ၊ သင်္ချိုင်း တွင်း ဆင်း ရ သူ တို့ နှင့် အ တူ အိပ် လဲ ကြ ရ လ တ္တံ့။ Judson Bible ထိုအရပ်၌ ဧဒုံလည်းရှိ၏။ ဧဒုံရှင်ဘုရင်နှင့် မှူးတော်မတ်တော်တို့သည် မိမိတို့တန်ခိုးပါလျက်၊ ဓားဖြင့်သေသော သူတို့နှင့်အတူ နေရာကျ၍၊ အရေဖျားလှီးခြင်းကို မခံသောလူ၊ မြေတွင်းထဲသို့ ဆင်းသွားသောသူတို့နှင့်အတူ အိပ်ရကြ၏။ |
ဧသောက ယာကုပ်အား “ငါသည် မောပန်းနေသဖြင့် ငါ့ကို ထိုဟင်းနီနီလေးကျွေးပါ”ဟု ဆို၏။ (ထို့ကြောင့် သူ၏အမည်ကို ဧဒုံ ဟုခေါ်ကြ၏။)
သင်သည်လည်း အရေးဖျားလှီးခြင်းမခံသောသူတို့နှင့်အတူ ဖျက်ဆီးခံရမည်။ ဓားဖြင့်အသတ်ခံရသောသူတို့နှင့်အတူ လဲလျောင်းရလိမ့်မည်။