သေခြင်းသည် သူတို့ကို ရုတ်တရက်ဖမ်းပါစေ။ သူတို့သည် မရဏာနိုင်ငံသို့ အရှင်လတ်လတ်ဆင်းသွားကြရပါစေ။ အကြောင်းမူကား မကောင်းမှုတို့သည် သူတို့တည်းခိုနေထိုင်ရာနေရာ သူတို့အလယ်၌ရှိကြ၏။
ယေဇကျေလ 32:21 - မြန်မာ့စံမီသမ္မာကျမ်း မရဏာနိုင်ငံသို့ရောက်နှင့်နေသော အားကြီးသောသူရဲကောင်းတို့သည် အီဂျစ်နှင့်သူ၏မဟာမိတ်တို့အား ‘သူတို့သည် ဓားဖြင့်အသတ်ခံရသော အရေဖျားလှီးခြင်းမခံသူတို့ရှိရာသို့ ဆင်း၍ သူတို့နှင့်အတူ လဲလျောင်းရပါပြီ’ဟု ဆိုကြလိမ့်မည်။ Common Language Bible အပြောင်မြောက်ဆုံးသူရဲကောင်းများက အီဂျစ်ပြည်သားတို့နှင့်သူတို့ဘက်မှတိုက် ခိုက်သူများကို မရဏာနိုင်ငံမှကြိုဆို ကြလိမ့်မည်။ သူတို့က`စစ်ပွဲတွင်ကျဆုံးခဲ့ ကြသောအရေဖျားလှီးမင်္ဂလာမခံသူ တို့သည် ဤအရပ်သို့ဆင်းသက်ကာအိပ် ကြပြီ' ဟုအော်ဟစ်ကြ၏။'' Garrad Bible မ ရ ဏာ့ နိုင် ငံ ထဲ တွင် သူ ရဲ ကောင်း တို့ က၊ ထို သူ တို့ သည် ဓား ဖြင့် လုပ် ကြံ ခံ ရ၍၊ လှီး ဖြတ် ခြင်း မဲ့ လျက် ဆင်း လာ အိပ် လဲ ကြ သည် တ ကား ဟု ထို မင်း နှင့် စစ် ကူ သူ တို့ ကို ရည် လျက် ကဲ့ ရဲ့ ကြ၏။ Judson Bible ခွန်အားအကြီးဆုံးသော သူရဲတို့သည် မရဏနိုင်ငံထဲက သူနှင့် သူ၏အခြံအရံတို့ကို နှုတ်ဆက်ကြလိမ့်မည်။ သူတို့သည်လည်း ဆင်းသွားကြပြီ။ ဓားနှင့်သေ၍၊ အရေဖျားလှီးခြင်းမခံသောအဖြစ်၌ လဲနေလျက်ရှိကြ၏။ |
သေခြင်းသည် သူတို့ကို ရုတ်တရက်ဖမ်းပါစေ။ သူတို့သည် မရဏာနိုင်ငံသို့ အရှင်လတ်လတ်ဆင်းသွားကြရပါစေ။ အကြောင်းမူကား မကောင်းမှုတို့သည် သူတို့တည်းခိုနေထိုင်ရာနေရာ သူတို့အလယ်၌ရှိကြ၏။
ဆိုးယုတ်သောသူတို့နှင့် ဘုရားသခင်ကိုမေ့လျော့သောလူမျိုးအပေါင်းတို့သည် မရဏာနိုင်ငံသို့လှည့်သွားကြရလိမ့်မည်။
ဆိုးယုတ်သောသူသည် မိမိပြုသောမကောင်းမှုထဲ၌ လဲကျလိမ့်မည်။ ဖြောင့်မတ်သောသူမူကား သူ၏သေခြင်းထဲ၌ပင် ခိုလှုံရာကိုတွေ့လိမ့်မည်။
ခွန်အားကြီးသောသူသည် လောင်စာကဲ့သို့ဖြစ်၍ သူ၏လုပ်ဆောင်ချက်သည် မီးပွားကဲ့သို့ ဖြစ်မည်။ နှစ်မျိုးစလုံး အတူလောင်ကျွမ်း၍ မည်သူမျှငြှိမ်းသတ်မည်မဟုတ်။
ဧဒင်ဥယျာဉ်ရှိအပင်တို့တွင် မည်သည့်အပင်သည် သင်ကဲ့သို့ ဂုဏ်သရေရှိသနည်း၊ ဘုန်းတန်ခိုးရှိသနည်း။ သို့သော် သင်သည် ဧဒင်ဥယျာဉ်ရှိအပင်များနှင့်အတူ တွင်းနက်ထဲသို့ ကျသွားရလိမ့်မည်။ ဓားဖြင့်အသတ်ခံရသောသူများနှင့်အတူ အရေဖျားလှီးခြင်းမခံသောသူများကြားတွင် သင်အိပ်ရလိမ့်မည်။ ဤကား ဖာရောမင်းကြီးနှင့်တကွ သူ၏လူတို့ကို ဆိုလိုသတည်း’ဟူ၍ မိန့်တော်မူသည်”ဟု မိန့်ဆို၏။
‘သင်သည် မည်သူထက်သာ၍ ချစ်ဖွယ်ကောင်းသနည်း။ အရေဖျားလှီးခြင်းကိုမခံသောသူတို့ရှိရာသို့ ဆင်းသွား၍ သူတို့နှင့်အတူ လဲလျောင်းလော့’ဟု ဆင့်ဆိုလော့။
သူတို့သည် အရေဖျားလှီးခြင်းမခံသော၊ ဓားကိုခေါင်းအုံးသဖွယ်အုံးရသော၊ စစ်လက်နက်များနှင့်တကွ မရဏာနိုင်ငံသို့ဆင်းသွားရသော စစ်သူရဲတို့နှင့်အတူ လဲလျောင်းရမည်မဟုတ်။ ထိုသူတို့သည် မြေကြီးသားတို့ကို ထိတ်လန့်တုန်လှုပ်စေခဲ့သည်ဖြစ်၍ အရိုးထိအပြစ်စွဲသောသူများ ဖြစ်ကြ၏။