မိုးကောင်းကင်ငှက်အပေါင်းတို့သည်လည်း အခက်အလက်များတွင် အသိုက်ဆောက်ကြ၏။ တောရိုင်းတိရစ္ဆာန်များသည်လည်း အပင်အောက်တွင် သားပေါက်ကြ၏။ လူအပေါင်းတို့သည်လည်း အပင်ရိပ်တွင် နားခိုတတ်ကြ၏။
ယေဇကျေလ 31:7 - မြန်မာ့စံမီသမ္မာကျမ်း ရေသောက်မြစ်သည် ရေအလုံအလောက်ရရှိသောကြောင့် အကိုင်းအခက်များရှည်လျားပြီး အပင်မှာ လှပတင့်တယ်လျက်ရှိ၏။ Common Language Bible ထိုအာရစ်ပင်သည်လွန်စွာလှပတင့်တယ်၏။ ရှည်လျားသောအကိုင်းအခက်များရှိ၍ အလွန်မြင့်မား၏။ ယင်း၏အမြစ်တို့သည်လည်းမြေအောက် စမ်းချောင်းများတိုင်အောင်ထိုးဆင်းသွားကြ၏။ Garrad Bible ရေ များ ရာ အ ရပ် ၌ အ မြစ် စွဲ သော ကြောင့် အ ခက် အ လက် ရှည် လျား လျက်၊ အ ပင် ကြီး ကျယ် လျက်၊ တင့် တယ် ခြင်း သို့ ရောက် သော်၊ Judson Bible ထိုသို့ ရေများသောအရပ်၌ အမြစ်စွဲသောကြောင့်၊ ကြီးမြင့်၍ အခက်အလက်ရှည်လျားသဖြင့် လှသောအဆင်းနှင့် ပြည့်စုံ၏။ |
မိုးကောင်းကင်ငှက်အပေါင်းတို့သည်လည်း အခက်အလက်များတွင် အသိုက်ဆောက်ကြ၏။ တောရိုင်းတိရစ္ဆာန်များသည်လည်း အပင်အောက်တွင် သားပေါက်ကြ၏။ လူအပေါင်းတို့သည်လည်း အပင်ရိပ်တွင် နားခိုတတ်ကြ၏။
ဘုရားသခင်၏ဥယျာဉ်တော်ရှိသစ်ကတိုးပင်များသည်ပင် ထိုအပင်နှင့်မယှဉ်နိုင်။ ထင်းရှူးပင်သည် သူ၏အခက်အလက်ကို မယှဉ်နိုင်။ ပလိန်းပင်သည်လည်း သူ၏အကိုင်းအခက်ကို မယှဉ်နိုင်။ ဘုရားသခင်၏ဥယျာဉ်တော်ရှိ မည်သည့်အပင်ကမျှ သူ၏လှပတင့်တယ်ခြင်းနှင့်မယှဉ်နိုင်။
အရွက်များ ဝေဆာလှပပြီး အသီးလည်း လှိုင်လှိုင်သီးသောကြောင့် ထိုအပင်ကို မှီခိုသောသတ္တဝါအားလုံး စားစရာရရှိကြ၏။ တောတိရစ္ဆာန်တို့သည် ထိုအပင်အောက်၌ အရိပ်ခိုကြပြီး မိုးကောင်းကင်ငှက်တို့သည်လည်း ထိုအပင်၏အကိုင်းအခက်များတွင် အသိုက်ကိုလုပ်ကြ၏။ သက်ရှိသတ္တဝါအားလုံးတို့သည် ထိုအပင်ကို မှီခိုစားသုံးကြ၏။