ဆိုးယုတ်သောသူတို့နှင့် ဘုရားသခင်ကိုမေ့လျော့သောလူမျိုးအပေါင်းတို့သည် မရဏာနိုင်ငံသို့လှည့်သွားကြရလိမ့်မည်။
ယေဇကျေလ 31:17 - မြန်မာ့စံမီသမ္မာကျမ်း လူမျိုးတကာတို့တွင် သူ့အရိပ်ကိုခိုနေသော သူ့လက်ရုံးတို့သည်လည်း ဓားဖြင့်အသတ်ခံရသူများရှိရာ မရဏာနိုင်ငံသို့ သူနှင့်အတူ ကျသွားလိမ့်မည်။ Common Language Bible ယင်းတို့သည်ယခင်ကပြိုလဲသွားကြသည့် အပင်များနှင့်ပေါင်းဆုံမိကြရန် အာရစ်ပင် နှင့်အတူမရဏာနိုင်ငံသို့သက်ဆင်းကြ လိမ့်မည်။ ထိုအာရစ်ပင်၏အရိပ်တွင်ခိုလှုံ ခဲ့ကြသူအပေါင်းတို့နှင့် လူမျိုးတကာ မိတ်ဆွေတို့သည်လည်းအတူသက်ဆင်း ကြလိမ့်မည်'' ဟူ၍တည်း။ Garrad Bible လူ မျိုး ခြား တို့ အ တွင်း တွင်၊ အ ရိပ် အောက် မှီ ခို လျက်၊ လက် ရုံး သ ဖွယ် ဖြစ် ဖူး သူ တို့ လည်း၊ ဓား ဖြင့် လုပ် ကြံ ခံ ရ သူ တို့ ရှိ ရာ မ ရ ဏာ့ နိုင် ငံ သို့ လိုက် ဆင်း ကြ လိမ့် သ တည်း ဟု မိန့် ဆို၏။ Judson Bible ထိုသူနှင့်တကွ သူ့လက်ရုံးဖြစ်၍၊ လူမျိုးတို့တွင် သူ့အရိပ်ကို ခိုသောသူတို့သည် ဓားဖြင့် အသေခံရသော သူတို့နေရာ၊ မရဏနိုင်ငံထဲသို့ လိုက်သွားကြ၏။ |
ဆိုးယုတ်သောသူတို့နှင့် ဘုရားသခင်ကိုမေ့လျော့သောလူမျိုးအပေါင်းတို့သည် မရဏာနိုင်ငံသို့လှည့်သွားကြရလိမ့်မည်။
သင်ရောက်လာမည်ဖြစ်၍ အောက်အရပ်ရှိမရဏာနိုင်ငံသည် စိတ်လှုပ်ရှားစွာဖြင့်ကြိုဆိုနေ၏။ သေလွန်ပြီးသော ကမ္ဘာမြေကြီး၏ခေါင်းဆောင်အပေါင်းတို့ကို လှုံ့ဆော်၏။ တိုင်းနိုင်ငံတို့၏ရှင်ဘုရင်အပေါင်းတို့ကို ရာဇပလ္လင်မှထစေ၏။
ငါတို့က “လူမျိုးခြားတို့တွင် ထိုသူ၏အရိပ်အောက်၌ ငါတို့ခိုလှုံအသက်ရှင်ကြမည်”ဟု ဆိုခဲ့သော်လည်း ငါတို့၏အသက်သခင်ဖြစ်သော၊ ထာဝရဘုရားဘိသိက်ပေးသော ထိုသူသည် သူတို့တူးသောတွင်းထဲသို့ ကျလေပြီ။
အကြမ်းကြုတ်ဆုံး လူမျိုးခြားတိုင်းတစ်ပါးသားတို့သည် သူ့ကိုခုတ်ပြီး ပစ်ထားကြလိမ့်မည်။ အကိုင်းအခက်တို့သည် တောင်ပေါ်၊ ချိုင့်ဝှမ်းရှိသမျှတွင် လဲပုံလျက်နေလိမ့်မည်။ အခက်အလက်တို့သည်လည်း တစ်ပြည်လုံးရှိ မြစ်ချောင်းများတွင် ကျိုးကျနေလိမ့်မည်။ မြေကြီးသားအပေါင်းတို့လည်း သူ၏အရိပ်အောက်မှထွက်၍ သူ့ကိုစွန့်ခွာသွားကြလိမ့်မည်။
ကြည့်ရှုလော့။ အဆီးရီးယားပြည်သည် လက်ဘနွန်တောင်မှ သစ်ကတိုးပင်နှင့်တူ၏။ အကိုင်းအခက်ဝေဆာလှပပြီး ထိပ်ဖျားသည် မိုးထိအောင်မြင့်၍ တစ်တောလုံးကို အုပ်မိုးထား၏။
မိုးကောင်းကင်ငှက်အပေါင်းတို့သည်လည်း အခက်အလက်များတွင် အသိုက်ဆောက်ကြ၏။ တောရိုင်းတိရစ္ဆာန်များသည်လည်း အပင်အောက်တွင် သားပေါက်ကြ၏။ လူအပေါင်းတို့သည်လည်း အပင်ရိပ်တွင် နားခိုတတ်ကြ၏။
စိုက်ပြီး ကြီးထွားလာသောအခါတွင်မူ ဟင်းသီးဟင်းရွက်ပင်အားလုံးထက်ကြီး၍ ၎င်း၏အရိပ်အောက်တွင် မိုးကောင်းကင်ငှက်တို့သည် အသိုက်ဖွဲ့နေနိုင်လောက်သော ကြီးမားသည့်အကိုင်းများထွက်လာ၏”ဟု မိန့်တော်မူ၏။