ဘုရားရှင်ထာဝရဘုရားက ‘ငါသည် အီဂျစ်ပြည်အင်အားထုကြီးကို ဘေဘီလုံဘုရင်နေဗုခဒ်နေဇာ၏လက်ချက်ဖြင့် ကွယ်ပျောက်သွားစေမည်။
အရှင်ထာဝရဘုရားက``ငါသည်အီဂျစ် ပြည်၏ဋ္ဌနအင်အားကိုပပျောက်စေရန် ဗာဗုလုန်ဘုရင်နေဗုခဒ်နေဇာမင်း ကိုအသုံးပြုမည်။-
ငါ ထာ ဝ ရ ဘု ရား ဗျာ ဒိတ် ချက် အ ရ၊ ငါ သည် ဗာ ဗု လုန် ဘု ရင် နေ ဗုခဒ် နေ ဇာ မင်း လက် ဖြင့်၊ အိ ဂျစ် ပြည် သူ ပြည် သား တို့ ကို ပ ပျောက် စေ မည်။
အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာအားဖြင့် အဲဂုတ္တုပြည်၏ အလုံးအရင်းကို ငါဖြတ်မည်။
သူသည် ရောက်လာ၍ အီဂျစ်ပြည်ကို တိုက်ခိုက်လိမ့်မည်။ သေဘေးသင့်သောသူတို့အား သေခြင်းသို့လည်းကောင်း၊ ဖမ်းခေါ်သွားခြင်းဘေးသင့်သောသူတို့အား ဖမ်းခေါ်သွားခြင်းသို့လည်းကောင်း၊ ဓားဘေးသင့်သောသူတို့အား ဓားဘေးသို့လည်းကောင်း အပ်လိမ့်မည်။
‘ငါသည် ကြမ်းကြုတ်သော လူမျိုးခြားတိုင်းတစ်ပါးသားတို့ကို သင့်ထံသို့ခေါ်လာမည်။ သူတို့သည် ဓားကိုထုတ်၍ သင်၏ပညာဂုဏ်ကို ဖျက်ဆီးမည်။ သင်၏ခန့်ညားထည်ဝါမှုကို ဖျောက်ဖျက်ပစ်မည်။
ထို့ကြောင့် ဘုရားရှင်ထာဝရဘုရားက ‘ကြည့်ရှုလော့။ အီဂျစ်ပြည်ကို ဘေဘီလုံဘုရင်နေဗုခဒ်နေဇာလက်သို့ ငါအပ်မည်။ သူသည် ထိုပြည်၏စည်းစိမ်ဘဏ္ဍာကို သိမ်းယူ၍ တိုက်ခိုက်လုယူသောပစ္စည်းများသည်လည်း သူ၏စစ်သည်များအတွက် အဖိုးအခဖြစ်လိမ့်မည်။
ထို့ကြောင့် သူ၏ဆိုးယုတ်မှုကို ကြပ်တည်းစွာဆုံးမမည့် လူမျိုးခြားတို့၏ဘုရင်တစ်ပါးလက်သို့ ငါအပ်လိုက်၏။ သူ့ကို ငါနှင်ထုတ်ပစ်ပြီ။
“အချင်းလူသား၊ အီဂျစ်ဘုရင်ဖာရောမင်းကြီးနှင့် သူ၏ပြည်သူပြည်သားတို့အား ‘သင်ကဲ့သို့ မည်သူကြီးမြတ်သနည်း။