ထိုနေ့ရက်တွင် အီဂျစ်ပြည်အလယ်၌ ထာဝရဘုရားအတွက် ယဇ်ပလ္လင်တစ်ခုရှိလိမ့်မည်။ ထိုပြည်၏နယ်စပ်၌ ထာဝရဘုရားအတွက် ကျောက်တိုင်တစ်တိုင်ရှိလိမ့်မည်။
ယေဇကျေလ 30:1 - မြန်မာ့စံမီသမ္မာကျမ်း တစ်ဖန် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ထံသို့ရောက်လာ၍ Common Language Bible တစ်ဖန်ထာဝရဘုရား၏နှုတ်ကပတ်တော် သည် ငါ့ထံသို့ရောက်လာ၏။- Garrad Bible တစ် ဖန်၊ ထာ ဝ ရ ဘု ရား၏ ဗျာ ဒိတ် တော် သည်၊ ငါ သို့ ရောက် လာ၍၊ Judson Bible တစ်ဖန် ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊ |
ထိုနေ့ရက်တွင် အီဂျစ်ပြည်အလယ်၌ ထာဝရဘုရားအတွက် ယဇ်ပလ္လင်တစ်ခုရှိလိမ့်မည်။ ထိုပြည်၏နယ်စပ်၌ ထာဝရဘုရားအတွက် ကျောက်တိုင်တစ်တိုင်ရှိလိမ့်မည်။
သူသည် ရောက်လာ၍ အီဂျစ်ပြည်ကို တိုက်ခိုက်လိမ့်မည်။ သေဘေးသင့်သောသူတို့အား သေခြင်းသို့လည်းကောင်း၊ ဖမ်းခေါ်သွားခြင်းဘေးသင့်သောသူတို့အား ဖမ်းခေါ်သွားခြင်းသို့လည်းကောင်း၊ ဓားဘေးသင့်သောသူတို့အား ဓားဘေးသို့လည်းကောင်း အပ်လိမ့်မည်။
လူမျိုးခြားတို့နှင့်ပတ်သက်၍ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ပရောဖက်ယေရမိထံသို့ရောက်လာ၏။
အနှစ်နှစ်ဆယ့်ခုနစ်နှစ်မြောက်၊ ပထမလ၊ ပထမနေ့တွင် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ထံသို့ရောက်လာ၍
“အချင်းလူသား၊ အီဂျစ်ဘုရင်ဖာရောမင်းကြီးဘက်သို့မျက်နှာမူပြီး အီဂျစ်ပြည်တစ်ပြည်လုံးကို ဆန့်ကျင်၍ ပရောဖက်ပြုဟောပြောလော့။
ဘုရားရှင်ထာဝရဘုရားက ‘ထိုနေ့ရက်တွင် အစ္စရေးအမျိုးအနွယ်၏ဦးချိုကို ငါပေါက်စေမည်။ သူတို့အလယ်တွင် သင့်ကို ငါဟောပြောခွင့်ပေးမည်။ သို့မှ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သူတို့သိကြလိမ့်မည်’ဟူ၍ မိန့်တော်မူသည်”ဟု မိန့်ဆို၏။
“အချင်းလူသား၊ ပရောဖက်ပြုဟောပြောလော့။ ဘုရားရှင်ထာဝရဘုရားက ‘ညည်းတွားငိုကြွေးလော့။ အမင်္ဂလာနေ့ ရောက်တော့မည်။
“ငါသည် ဖာရောမင်းကြီးနှင့်သူ၏ပြည်သူပြည်သားအပေါင်းတို့ကို မြေကြီးသားတို့ ကြောက်ရွံ့အောင်ပြုခဲ့သော်လည်း နောက်ဆုံးမှာ သူတို့သည် ဓားဖြင့်အသတ်ခံရသော အရေဖျားလှီးခြင်းမခံသူတို့နှင့်အတူ လဲလျောင်းနေရလိမ့်မည်”ဟု ဘုရားရှင်ထာဝရဘုရား မိန့်တော်မူ၏။