Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယေ​ရ​မိ 46:1 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

1 လူမျိုးခြား​တို့​နှင့်​ပတ်သက်၍ ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ပရောဖက်​ယေရမိ​ထံသို့​ရောက်လာ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

1 ထာ​ဝ​ရ​ဘု​ရား​သည်​နိုင်​ငံ​တ​ကာ​ကို ရည်​မှတ်​၍ ငါ့​အား​ဗျာ​ဒိတ်​ပေး​တော်​မူ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

1 လူ မျိုး ခြား တို့ နှင့် စပ် လျဉ်း ၍၊ ပ ရော ဖက် ယေ ရ မိ သို့ ရောက် လာ သော၊ ထာ ဝ ရ ဘု ရား ၏ ဗျာ ဒိတ် တော် ကို ရေး ဦး အံ့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

1 တစ်​ပါး​အ​မျိုး​ကို​ရည်​မှတ်၍ ပ​ရော​ဖက်​ယေ​ရ​မိ​သို့​ရောက်​လာ​သော ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​တည်း​ဟူ​သော၊

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ရ​မိ 46:1
13 ပူးပေါင်းရင်းမြစ်များ  

ဤ​သူ​တို့​မှတစ်ဆင့် ကမ်းရိုးတန်းဒေသ​၌​နေထိုင်​သော​လူမျိုး​များ ပြန့်ပွား​လာ​ကြ​၏​။ သူ​တို့​အသီးသီး​သည် အတိုင်းတိုင်း​အပြည်ပြည်​၌ မိမိ​တို့​ဘာသာစကား​အလိုက်​၊ မိမိ​တို့​မျိုးနွယ်စု​အလိုက်​၊ မိမိ​တို့​တိုင်းပြည်​၌​နေထိုင်​ကြ​၏​။


လူမျိုးခြား​များ​နှင့် တိုင်းနိုင်ငံ​များ​ကို နုတ်ပယ်​ဖြိုချ​ရန်​၊ ဖျက်ဆီး​မှောက်လှန်​ရန်​၊ တည်ထောင်​ပြုစု​ရန် ယနေ့ သင့်​အား ငါ​ခန့်ထား​ပြီ​”​ဟု မိန့်​တော်မူ​၏​။


ခြင်္သေ့​သည် ပုန်းအောင်း​ရာ​မှ​ထွက်လာ​ပြီ​။ လူမျိုးတကာ​တို့​ကို​ဖျက်ဆီး​သော​သူ​သည် မိမိ​၏​နေရာ​မှ​ထွက်လာ​ပြီ​။ သင်​၏​ပြည်​ကို လူသူကင်းမဲ့​ရာ​အရပ်​ဖြစ်စေ​ရန် မိမိ​နေရာ​မှ​ထွက်လာ​ပြီ​။ သင်​တို့​၏​မြို့​များ​သည် ပျက်စီး​သွား​လိမ့်မည်​။ နေထိုင်​သူ​ရှိ​မည်​မ​ဟုတ်​။


သူ​သည် ရောက်လာ​၍ အီဂျစ်​ပြည်​ကို တိုက်ခိုက်​လိမ့်မည်​။ သေဘေး​သင့်​သော​သူ​တို့​အား သေ​ခြင်း​သို့​လည်းကောင်း​၊ ဖမ်းခေါ်​သွား​ခြင်း​ဘေး​သင့်​သော​သူ​တို့​အား ဖမ်းခေါ်​သွား​ခြင်း​သို့​လည်းကောင်း​၊ ဓားဘေး​သင့်​သော​သူ​တို့​အား ဓားဘေး​သို့​လည်းကောင်း အပ်​လိမ့်မည်​။


ဒသမ​နှစ်​၊ ဒသမ​လ​၊ တစ်ဆယ့်​နှစ်​ရက်​တွင် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ငါ့​ထံသို့​ရောက်လာ​၍


တစ်ဖန် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ငါ့​ထံသို့​ရောက်လာ​၍


တစ်ဆယ့်​တစ်​နှစ်​မြောက်​၊ တတိယ​လ​၊ ပထမ​နေ့​တွင် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ငါ့​ထံသို့​ရောက်လာ​၍


တစ်ဆယ့်​နှစ်​နှစ်​မြောက်​၊ တစ်ဆယ့်​နှစ်​လ​ပိုင်း​၊ ပထမ​နေ့​တွင် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ငါ့​ထံသို့​ရောက်လာ​၍


ဤသို့ဖြင့် သူ​တို့​သည် မိမိ​တို့​ပိုက်ကွန်​ကို အမြဲ​သွန်ချ​နေ​ရ​မည်လော​။ လူမျိုးတကာ​တို့​ကို မ​ညှာ​မ​တာ အမြဲ​သတ်ဖြတ်​နေ​ရ​မည်လော​။


ဘုန်းအသရေ​ထင်ရှား​တော်မူ​ပြီး​နောက်တွင် သင်​တို့​အား​လုယူဖျက်ဆီး​သော​တစ်ပါးအမျိုးသား​တို့​ထံသို့ ငါ့​ကို​စေလွှတ်​တော်မူ​၏​။ ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က “သင်​တို့​အား​ထိပါး​သော​သူ​သည် မျက်ရှု​တော်​ကို​ထိပါး​သော​သူ​ဖြစ်​၏”​ဟု မိန့်​တော်မူ​၏​။


သူ့​ကို ကျောက်ဆောင်​ထိပ်​မှ ငါ​တွေ့​ရ​၏​။ သူ့​ကို တောင်ကုန်း​ပေါ်မှ ငါ​မြင်​ရ​၏​။ ထို​လူမျိုး​သည် တသီးတခြား​နေ​၏​။ လူမျိုးခြား​တို့​နှင့်​ရောနှော​ခြင်း​မ​ရှိ​။


သို့မဟုတ် ဘုရားသခင်​သည် ဂျူး​လူမျိုး​တို့​၏​ဘုရား​သာ ဖြစ်​တော်မူ​သလော။ လူမျိုးခြား​တို့​၏​ဘုရား​လည်း ဖြစ်​တော်မူ​သည်​မ​ဟုတ်​လော။ ဟုတ်​ပေ​၏။ လူမျိုးခြား​တို့​၏​ဘုရား​လည်း ဖြစ်​တော်မူ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ