ထိုအခါ ငါ့အား ထာဝရဘုရားဖော်ပြတော်မူသောအရာအလုံးစုံကို ဖမ်းခေါ်သွားခြင်းခံရသောသူတို့အား ငါပြောပြ၏။
ယေဇကျေလ 3:4 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် သူက “အချင်းလူသား၊ ငါ့စကားကို အစ္စရေးလူမျိုးတို့ထံသို့ သွား၍ပြောပြလော့။ Common Language Bible ထိုနောက်ကိုယ်တော်က``အချင်းလူသား၊ ဣသ ရေလအမျိုးသားတို့ထံသို့သွား၍ ငါမိန့် တော်မူသမျှတို့ကိုဆင့်ဆိုလော့။- Garrad Bible တစ် ဖန် မိန့် တော် မူ သည် ကား အ ချင်း လူ့ သား၊ ဣ သ ရေ လ အ မျိုး သား တို့ အား ငါ့ ဗျာ ဒိတ် ချက် များ ကို သွား၍ ဆင့် ဆို လော့။ Judson Bible တစ်ဖန်၊ အချင်းလူသား၊ ဣသရေလအမျိုးသားတို့ရှိရာသို့သွား၍ ငါ့စကားကို ဟောပြောလော့။ |
ထိုအခါ ငါ့အား ထာဝရဘုရားဖော်ပြတော်မူသောအရာအလုံးစုံကို ဖမ်းခေါ်သွားခြင်းခံရသောသူတို့အား ငါပြောပြ၏။
ထို့ကြောင့် အို အချင်းလူသား၊ သူတို့ကို ဆန့်ကျင်၍ ပရောဖက်ပြုဟောပြောလော့”ဟု မိန့်တော်မူ၏။
“အချင်းလူသား၊ သင့်ကို အစ္စရေးအမျိုးသားတို့ထံ၊ ငါ့ကိုဆန့်ကျင်ပုန်ကန်နေသော ပုန်ကန်တတ်သောလူမျိုးတို့ထံ စေလွှတ်မည်။ သူတို့နှင့် သူတို့ဘိုးဘေးတို့သည် ယနေ့တိုင်အောင် ငါ့ကိုပုန်ကန်လျက်ရှိ၏။
သူတို့သည် ခေါင်းမာသူ၊ စိတ်နှလုံးမာကျောသူများဖြစ်ကြ၏။ ထို့ကြောင့် သူတို့ထံသို့ သင့်ကိုစေလွှတ်၍ ‘ဘုရားရှင်ထာဝရဘုရား ဤသို့မိန့်တော်မူသည်’ဟု ဆင့်ဆိုစေခြင်းဖြစ်၏။
သူတို့သည် ပုန်ကန်တတ်သောအမျိုးဖြစ်သောကြောင့် သူတို့နားထောင်သည်ဖြစ်စေ၊ နားမထောင်သည်ဖြစ်စေ ငါ့စကားကို သူတို့အား ပြောပြရမည်။
ထို့ကြောင့် အချင်းလူသား၊ သင်သည် အစ္စရေးအမျိုးအနွယ်အား ‘ဘုရားရှင်ထာဝရဘုရားက သင်တို့၏ဘိုးဘေးတို့သည် ဤနည်းဖြင့် ဖောက်ပြန်မှားယွင်း၍ ငါ့အားစော်ကားပြောဆိုကြပြီ။
ဖမ်းခေါ်သွားခြင်းခံရသော သင့်အမျိုးသားချင်းတို့ထံသို့သွား၍ သူတို့နားထောင်သည်ဖြစ်စေ၊ နားမထောင်သည်ဖြစ်စေ ‘ဘုရားရှင်ထာဝရဘုရား ဤသို့မိန့်တော်မူသည်’ဟူ၍ သူတို့အား ဆင့်ဆိုရမည်”ဟု ဆို၏။
“အချင်းလူသား၊ ငါပေးသောစာလိပ်ကိုစားပြီး သင့်ဗိုက်ကိုဖြည့်လော့”ဟု ဆို၏။ ငါသည် ထိုစာလိပ်ကိုစားသောအခါ နှုတ်၌ ပျားရည်ကဲ့သို့ချိုမြိန်၏။
သင်မသိသောဘာသာစကား၊ သင်နားမလည်သောဘာသာစကားကို ပြောဆိုသောလူမျိုးထံသို့ သင့်ကိုငါစေလွှတ်သည်မဟုတ်။ အစ္စရေးလူမျိုးထံသို့ စေလွှတ်ခြင်းဖြစ်၏။
ကိုယ်တော်ကလည်း“ငါသည် အစ္စရေးအမျိုး၏ပျောက်ဆုံးသောသိုးများထံသို့သာ စေလွှတ်ခြင်းခံရ၏”ဟု ပြန်၍မိန့်တော်မူ၏။
သို့သော် သင်တို့အပေါ်သို့ သန့်ရှင်းသောဝိညာဉ်တော်သက်ရောက်လာသောအခါ သင်တို့သည် တန်ခိုးကိုရရှိလျက် ဂျေရုဆလင်မြို့၊ ယုဒနယ်နှင့်ရှမာရိနယ်တစ်ခုလုံးသာမက မြေကြီးစွန်းတိုင်အောင် ငါ၏သက်သေများဖြစ်ကြလိမ့်မည်”ဟု မိန့်တော်မူ၏။