ထို့ကြောင့် ဘုရားရှင်ထာဝရဘုရားက ‘ငါသည် အီဂျစ်ပြည်သို့ ဓားကိုယူဆောင်လာမည်။ သင့်အထဲမှ လူနှင့်တိရစ္ဆာန်တို့ကို သုတ်သင်ပစ်မည်။
သို့ဖြစ်၍ယခုငါအရှင်ထာဝရဘုရား မိန့်တော်မူသည်ကား ငါသည်ဋ္ဌားလက်နက်စွဲ ကိုင်သူတို့အားသင့်ကိုတိုက်ခိုက်ရန်စေလွှတ် မည်။ သူတို့သည်သင်၏လူများ၊ တိရစ္ဆာန်များ ကိုသတ်ဖြတ်ကြလိမ့်မည်။-
သို့ ဖြစ်၍၊ ငါ အ ရှင် ထာ ဝ ရ ဘု ရား က၊ ငါ ဖန် ဆင်း သော ဤ မြစ် ကား၊ ငါ ပိုင် ဖြစ် သည် ဟု အောက် မေ့ သူ သင့် အ ပေါ် သို့၊ ဓား ဘေး ကို ငါ သင့် စေ ၍၊ လူ သူ တိ ရ စ္ဆာန် ပါ၊ ပယ် ရှား မည့် အ လျောက်၊ အိ ဂျစ် ပြည် သည် ဆိတ် ညံ ရာ ဖုန်း ဆိုး ကုန်း ဖြစ် သော အ ခါ၊ ထာ ဝ ရ ဘု ရား ငါ ဖြစ် သည် ကို သိ ရ ကြ လ တ္တံ့။
သို့ဖြစ်၍၊ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါသည် သင့်အပေါ်သို့ ဓားကိုဆောင်ခဲ့၍ လူနှင့်တိရစ္ဆာန်တို့ကို ပယ်ဖြတ်သဖြင့်၊
ထို့ကြောင့် ထာဝရဘုရားက “ငါဖန်ဆင်းသောလူကိုလည်းကောင်း၊ လူမှစ၍ တိရစ္ဆာန်များ၊ တွားသွားသောတိရစ္ဆာန်များနှင့် မိုးကောင်းကင်ငှက်များကိုလည်းကောင်း မြေပြင်ပေါ်မှ ငါသုတ်သင်ပယ်ရှင်းမည်။ အကြောင်းမူကား သူတို့ကို ဖန်ဆင်းခဲ့သည်ကို ငါဝမ်းနည်း၏”ဟု မိန့်တော်မူ၏။
ဤညတွင် ငါသည် အီဂျစ်ပြည်ကိုဖြတ်သွား၍ အီဂျစ်ပြည်၌ရှိသော လူမှစ၍ တိရစ္ဆာန်တိုင်အောင် သားဦးအပေါင်းတို့ကိုဒဏ်ခတ်မည်။ ငါသည် အီဂျစ်ဘုရားရှိသမျှတို့ကိုလည်း အပြစ်ဒဏ်ပေးမည်။ ငါသည် ထာဝရဘုရားဖြစ်၏။
လူမရှိ၊ တိရစ္ဆာန်မရှိ ဆိတ်ညံသောပြည်၊ ခါလဒဲတပ်၏လက်သို့ ရောက်သွားသောပြည်ဖြစ်၏ဟု သင်တို့ပြောသော ထိုပြည်မှလယ်ကို ဝယ်ယူကြလိမ့်မည်’ဟု မိန့်တော်မူ၏။
ထို့ကြောင့် ဘုရားရှင်ထာဝရဘုရားက “ကြည့်ရှုလော့။ ငါ့အမျက်ဒေါသသည် ဤအရပ်နှင့်တကွ လူ၊ တိရစ္ဆာန်၊ ကွင်းပြင်ရှိသစ်ပင်၊ မြေအသီးအနှံတို့အပေါ် သွန်ချမည်။ ငါ၏ဒေါသသည် မငြိမ်းဘဲတောက်လောင်လိမ့်မည်”ဟု မိန့်တော်မူ၏။
“သို့မဟုတ် တိုင်းပြည်တွင် ဓားဘေးကျရောက်စေ”ဟု ငါအမိန့်ပေးသဖြင့် ဓားဘေးကျရောက်၍ လူနှင့်တိရစ္ဆာန်တို့ကို သုတ်သင်ပယ်ရှင်းပစ်မည်ဆိုပါစို့။
ထို့ကြောင့် ဘုရားရှင်ထာဝရဘုရားက ‘ငါသည် လက်တော်ကိုဆန့်၍ ဧဒုံပြည်ရှိ လူနှင့်တိရစ္ဆာန်တို့ကို သုတ်သင်ပစ်မည်။ ဆိတ်ညံရာဖြစ်စေမည်။ တေမန်မြို့မှစ၍ ဒေဒန်မြို့တိုင်အောင် ဓားဘေးကျရောက်စေမည်’ဟု မိန့်တော်မူ၏။
ဘုရားရှင်ထာဝရဘုရားက ‘ငါသည် အီဂျစ်ပြည်အင်အားထုကြီးကို ဘေဘီလုံဘုရင်နေဗုခဒ်နေဇာ၏လက်ချက်ဖြင့် ကွယ်ပျောက်သွားစေမည်။
ဓားဘေးသည် အီဂျစ်ပြည်သို့ ရောက်လာမည်။ အီဂျစ်ပြည်သားတို့ လဲကျသေဆုံး၍ သူ၏ဥစ္စာပစ္စည်းရှိသမျှကို သိမ်းယူသွားကြပြီး အုတ်မြစ်များကို လှန်ပစ်ကြသောအခါ အီသီယိုးပီးယားပြည်သည် ထိတ်ထိတ်ပျာပျာဖြစ်လိမ့်မည်။