အီဂျစ်ပြည်သားတို့ကို ကြမ်းကြုတ်သောသခင်တို့၏လက်သို့ ငါအပ်မည်။ ခက်ထန်သောဘုရင်သည် သူတို့ကိုအုပ်စိုးလိမ့်မည်”ဟု ကောင်းကင်ဗိုလ်ခြေအရှင်သခင်ထာဝရဘုရား မိန့်တော်မူ၏။
ယေဇကျေလ 29:19 - မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် ဘုရားရှင်ထာဝရဘုရားက ‘ကြည့်ရှုလော့။ အီဂျစ်ပြည်ကို ဘေဘီလုံဘုရင်နေဗုခဒ်နေဇာလက်သို့ ငါအပ်မည်။ သူသည် ထိုပြည်၏စည်းစိမ်ဘဏ္ဍာကို သိမ်းယူ၍ တိုက်ခိုက်လုယူသောပစ္စည်းများသည်လည်း သူ၏စစ်သည်များအတွက် အဖိုးအခဖြစ်လိမ့်မည်။ Common Language Bible သို့ဖြစ်၍ငါအရှင်ထာဝရဘုရားမိန့်တော် မူသည်မှာ အီဂျစ်ပြည်ကိုဗာဗုလုန်ဘုရင် နေဗုခဒ်နေဇာမင်း၏လက်သို့ငါအပ်မည်။ သူသည်လုယက်တိုက်ခိုက်ကာအီဂျစ်ပြည် ၏ဥစ္စာဋ္ဌနရှိသမျှကို မိမိ၏တပ်မတော် အတွက်သိမ်းယူသွားလိမ့်မည်။- Garrad Bible တု ရု မြို့ မှ အ ခ မ ရ သည် ကို ထောက် ၍၊ ငါ အ ရှင် ထာ ဝ ရ ဘု ရား က၊ အိ ဂျစ် ပြည် ကို ငါ အပ် ပေး သည့် အ တိုင်း၊ ဗာ ဗု လုန် ဘု ရင် နေ ဗု ခဒ် နေ ဇာ မင်း သည်၊ ဗိုလ် ထု တို့ အ ခ အ ဖြစ်၊ ပြည် သူ ပြည် သား တို့ ကို သိမ်း သွား လျက်၊ ဥ စ္စာ ဘ ဏ္ဍာ ကို လည်း၊ လက် ရ ယူ ငင် ရ လိမ့် မည်။ Judson Bible သို့ဖြစ်၍၊ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ အဲဂုတ္တုပြည်ကို ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာအား ငါပေးမည်။ ထိုမင်းသည် ပြည်သား အလုံးအရင်းကိုလည်းကောင်း၊ လက်ရဥစ္စာ အမျိုးမျိုးကိုလည်းကောင်း၊ သိမ်းယူပြီးလျှင်၊ မိမိစစ်သူရဲတို့ အခဖို့ ဝေငှလိမ့်မည်။ |
အီဂျစ်ပြည်သားတို့ကို ကြမ်းကြုတ်သောသခင်တို့၏လက်သို့ ငါအပ်မည်။ ခက်ထန်သောဘုရင်သည် သူတို့ကိုအုပ်စိုးလိမ့်မည်”ဟု ကောင်းကင်ဗိုလ်ခြေအရှင်သခင်ထာဝရဘုရား မိန့်တော်မူ၏။
သူသည် ပင်လယ်ပြင်အလယ်တွင် ပိုက်ကွန်လှန်းစရာနေရာ ဖြစ်လိမ့်မည်။ ငါဘုရားရှင်ထာဝရဘုရား မိန့်ဆိုပြီ။ လူမျိုးတကာတို့ လုယူဖျက်ဆီးရာ ဖြစ်လိမ့်မည်’ဟု မိန့်တော်မူ၏။
ပါသရုမြို့ကို ငါခြောက်ကပ်စေမည်။ ဇောနမြို့ကို မီးရှို့ပစ်မည်။ နောမြို့ကို ဒဏ်ခတ်မည်။
ဓားဘေးသည် အီဂျစ်ပြည်သို့ ရောက်လာမည်။ အီဂျစ်ပြည်သားတို့ လဲကျသေဆုံး၍ သူ၏ဥစ္စာပစ္စည်းရှိသမျှကို သိမ်းယူသွားကြပြီး အုတ်မြစ်များကို လှန်ပစ်ကြသောအခါ အီသီယိုးပီးယားပြည်သည် ထိတ်ထိတ်ပျာပျာဖြစ်လိမ့်မည်။
“အချင်းလူသား၊ အီဂျစ်ဘုရင်ဖာရောမင်းကြီးနှင့် သူ၏ပြည်သူပြည်သားတို့အား ‘သင်ကဲ့သို့ မည်သူကြီးမြတ်သနည်း။
အကြောင်းမူကား ဘုရားရှင်ထာဝရဘုရားက ‘ဘေဘီလုံဘုရင်၏ဓားသည် သင့်ထံရောက်လာလိမ့်မည်။
‘ငါသည် အီဂျစ်ပြည်တစ်ပြည်လုံးကို သုတ်သင်ရှင်းလင်းပစ်မည်၊ လူသူကင်းမဲ့ရာဖြစ်စေမည်၊ သက်ရှိမှန်သမျှကို ဒဏ်ခတ်မည်။ ထိုအခါမှ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သူတို့သိကြလိမ့်မည်။
ယခင်က ပျက်စီးခဲ့သော်လည်း ယခု လူနေထိုင်ရာပြည်ကိုလည်းကောင်း၊ လူမျိုးခြားတို့ထံမှပြန်လည်စုစည်း၍ ကမ္ဘာမြေအလယ်ဗဟိုတွင်နေထိုင်သော၊ တိရစ္ဆာန်နှင့်ပစ္စည်းဥစ္စာအများအပြားပိုင်ဆိုင်သော လူမျိုးတို့ကိုလည်းကောင်း တိုက်ခိုက်လုယူပြီး အပိုင်သိမ်းရန် လက်ကိုဆန့်၏။