ရှောလမုန်မင်းကြီးသည် သူမေးသမျှမေးခွန်းတို့ကို ဖြေကြားနိုင်၏။ မင်းကြီးအဖို့ မဖြေနိုင်လောက်အောင် ခက်ခဲသည့်မေးခွန်းဟူ၍ တစ်ခုမျှမရှိ။
ယေဇကျေလ 28:3 - မြန်မာ့စံမီသမ္မာကျမ်း မှန်ပါပေ၏။ သင်သည် ဒံယေလထက်သာ၍ပညာရှိ၏။ သင့်ရှေ့တွင် မည်သည့်အရာမျှဖုံးကွယ်၍မရ။ Common Language Bible မိမိကိုယ်ကိုဒံယေလထက်ပင်ပညာရှိ သည်ဟူ၍ မိမိထံမှအဘယ်အရာမျှ လျှို့ဝှက်မထားနိုင်ဟူ၍ထင်မှတ်၏။- Garrad Bible နက် နဲ ရာ ဟူ သ မျှ ကို ကွယ် ဝှက် ခြင်း ကင်း လျက်၊ ဒံ ယေ လ ထက် ပ ညာ လွန် ကဲ ခြင်း၊ Judson Bible သင်သည် ဒံယေလထက်သာ၍ ပညာရှိပါသည်တကား။ သင်မသိရအောင် သူတစ်ပါးဝှက်ထားနိုင်သောအရာ တစ်စုံတစ်ခုမျှ မရှိ။ |
ရှောလမုန်မင်းကြီးသည် သူမေးသမျှမေးခွန်းတို့ကို ဖြေကြားနိုင်၏။ မင်းကြီးအဖို့ မဖြေနိုင်လောက်အောင် ခက်ခဲသည့်မေးခွန်းဟူ၍ တစ်ခုမျှမရှိ။
ဘုရားသခင်၏အစည်းအဝေးကို သင်တက်ရောက်ကြားနာဖူးသလော။ ဉာဏ်ပညာကို ကိုယ့်အတွက်ကိုယ် ကန့်သတ်ထားရှိသလော။
ထာဝရဘုရားသည် မိမိကိုကြောက်ရွံ့သောသူတို့နှင့်ရင်းနှီးကျွမ်းဝင်တော်မူ၏။ မိမိ၏ပဋိညာဉ်တော်ကိုလည်း သူတို့အား သိစေတော်မူ၏။
ထာဝရဘုရားက “ပညာရှိသောသူသည် မိမိဉာဏ်ပညာ၌ မဝါကြွားစေနှင့်။ ခွန်အားကြီးသောသူသည် မိမိခွန်အား၌ မဝါကြွားစေနှင့်။ ချမ်းသာသောသူသည် မိမိဓနဥစ္စာ၌ မဝါကြွားစေနှင့်”ဟု မိန့်တော်မူ၏။
ထိုပြည်တွင် နောဧ၊ ဒံယေလ၊ ယောဘ စသော ပုဂ္ဂိုလ်သုံးဦးရှိနေလျှင်လည်း သူတို့ဖြောင့်မတ်ခြင်းကြောင့် သူတို့ကိုယ်ကိုသာသူတို့ ကယ်တင်နိုင်မည်”ဟု ဘုရားရှင်ထာဝရဘုရား မိန့်တော်မူ၏။
သင့်ကိုဖန်ဆင်းသည့်နေ့မှစ၍ သင်ပြုခဲ့သောမတရားမှုပေါ်လာသည့်နေ့တိုင်အောင် အပြစ်တင်စရာတစ်စုံတစ်ခုမျှမရှိခဲ့။
ရှင်ဘုရင်မေးမြန်းသမျှသောဉာဏ်စမ်းမေးခွန်းတို့ကို ဖြေကြားရာတွင် သူတို့သည် တစ်နိုင်ငံလုံးရှိနတ်ဝိဇ္ဇာဆရာများ၊ ဂမ္ဘီရဆရာများထက် ဆယ်ဆမက သာသည်ကို ရှင်ဘုရင်တွေ့ရ၏။
“ဘုရားသခင်၏နာမတော်ကို ကာလအစဉ်အဆက်ချီးမွမ်းကြပါစေသော။ ဉာဏ်ပညာနှင့် အစွမ်းတန်ခိုးသည် ကိုယ်တော့်ထံမှဖြစ်ပါ၏။
ခက်ခဲနက်နဲသောအရာ၊ လျှို့ဝှက်သောအရာတို့ကို ဖွင့်ပြတော်မူ၏။ မှောင်မိုက်ထဲ၌ရှိသောအရာတို့ကိုလည်း သိတော်မူ၏။ အလင်းသည် ကိုယ်တော်နှင့်အတူရှိ၏။
“အို မှော်ဆရာချုပ်ကြီးဗေလတရှာဇာ၊ သင်၌ သန့်ရှင်းသောဘုရားများ၏ဝိညာဉ်တည်သောကြောင့် မည်သည့်နက်နဲသောအရာမျှ သင့်အတွက် မခက်ခဲကြောင်းကို ငါသိ၏။ ထို့ကြောင့် စိတ်အာရုံတွင် ငါမြင်မက်သောအိပ်မက်နှင့် အနက်အဓိပ္ပာယ်ကို ဖော်ပြပါလော့။