ဘုရားသခင်သည် မိမိဖန်ဆင်းသောအရာအားလုံး အလွန်ကောင်းသည်ကို မြင်တော်မူ၏။ ညချမ်းအချိန်ရောက်ပြီး နံနက်အချိန်ရောက်၏။ ဆဋ္ဌမနေ့ရက်ဖြစ်လေ၏။
ယေဇကျေလ 28:15 - မြန်မာ့စံမီသမ္မာကျမ်း သင့်ကိုဖန်ဆင်းသည့်နေ့မှစ၍ သင်ပြုခဲ့သောမတရားမှုပေါ်လာသည့်နေ့တိုင်အောင် အပြစ်တင်စရာတစ်စုံတစ်ခုမျှမရှိခဲ့။ Common Language Bible သင်မွေးဖွားချိန်မှအစပြု၍ဒုစရိုက် ကိုစတင်ပြုကျင့်ချိန်အထိ သင်၏အပြု အမူများသည်အဘယ်သို့မျှအပြစ်ဆို စရာမရှိ။- Garrad Bible အို ကွယ် ကာ သော ခေ ရု ဗ၊ ဖန် ဆင်း ထား သော နေ့ ရက် က စ၍၊ သင်၌ ဒု စ ရိုက် မှု ကို မ တွေ့ မ ချင်း၊ Judson Bible ဖွားသောနေ့မှစ၍ သင့်အပြစ်ထင်ရှားသောနေ့တိုင်အောင်၊ ပြုလေရာရာ၌ စုံလင်လျက်ရှိ၏။ |
ဘုရားသခင်သည် မိမိဖန်ဆင်းသောအရာအားလုံး အလွန်ကောင်းသည်ကို မြင်တော်မူ၏။ ညချမ်းအချိန်ရောက်ပြီး နံနက်အချိန်ရောက်၏။ ဆဋ္ဌမနေ့ရက်ဖြစ်လေ၏။
ဖြောင့်မတ်ခြင်းသည် တိုင်းပြည်ကိုချီးမြှောက်တတ်၏။ အပြစ်မူကား တိုင်းသူပြည်သားတို့ကို အရှက်ကွဲစေတတ်၏။
ကြည့်ရှုလော့။ ငါတွေ့ရှိသည့် တစ်ခုတည်းသောအရာကား ဘုရားသခင်သည် လူကိုဖြောင့်မှန်သောသူအဖြစ် ဖန်ဆင်းတော်မူသော်လည်း လူတို့သည် များစွာသောအကြောင်းအချက်တို့ကိုရှာဖွေကြသည်ဟူ၍ဖြစ်၏။
အို နံနက်သား၊ မိုးသောက်ကြယ်၊ သင်သည် ကောင်းကင်မှ ကျလေပြီတကား။ တိုင်းနိုင်ငံတို့ကို အောင်နိုင်သောသင်သည် မြေသို့တိုင်ခုတ်လှဲခြင်းခံရလေပြီတကား။
အကျွန်ုပ်တို့ခေါင်းပေါ်မှ သရဖူသည် ပြုတ်ကျလေပြီ။ အကျွန်ုပ်တို့ပြုမိသောအပြစ်ကြောင့် ယခုမှာ အမင်္ဂလာဖြစ်လေပြီ။
“အချင်းလူသား၊ တိုင်ရာဘုရင်နှင့်ပတ်သက်၍ ငိုချင်းချလျက် သူ့အား ဤသို့ ဆင့်ဆိုလော့။ ဘုရားရှင်ထာဝရဘုရားက ‘သင်သည် စံတင်လောက်အောင် ပြီးပြည့်စုံသောသူ၊ ဉာဏ်ပညာပြည့်ဝသူ၊ အပြစ်ပြောစရာမရှိအောင်လှသူ ဖြစ်၏။
ငါသည် တစ်ချိန်က ပညတ်တရားမပါဘဲ အသက်ရှင်ခဲ့၏။ သို့သော် ပညတ်တော်ရောက်လာသောအခါ အပြစ်သည် ပြန်လည်ရှင်သန်လာပြီး ငါမူကား သေဆုံးခဲ့သဖြင့်
အကြောင်းမူကား ဘုရားသခင်သည် အပြစ်ပြုသည့်ကောင်းကင်တမန်များကို ညှာတာတော်မမူဘဲ အဝီစိငရဲထဲသို့ ပစ်ချ၍ မှောင်မည်းခြင်း၏သံကြိုးဖြင့် ချည်နှောင်ကာ တရားစီရင်ခြင်းအတွက် ထိန်းသိမ်းထားတော်မူ၏။