ထိုအခါ ပင်လယ်မင်းအပေါင်းတို့သည် ရာဇပလ္လင်ပေါ်မှဆင်း၍ ဝတ်လုံများ၊ ပိုးဖဲကတ္တီပါအဝတ်များကို ချွတ်ပစ်ကြလိမ့်မည်။ ကြောက်ရွံ့ခြင်းတန်ဆာကို ဝတ်ဆင်ကြလိမ့်မည်။ မြေပေါ်မှာထိုင်လျက်၊ တုန်လှုပ်လျက် သင့်ကို အံ့ဩကြလိမ့်မည်။
ယေဇကျေလ 27:29 - မြန်မာ့စံမီသမ္မာကျမ်း တက်ခတ်သမားများ၊ သင်္ဘောသားများ၊ မာလိန်မှူးများသည် သင်္ဘောကိုစွန့်ခွာ၍ ကမ်းပေါ်သို့ပြေးတက်ကြလေပြီ။ Common Language Bible ``သင်္ဘောသားအပေါင်းတို့သည်မိမိတို့၏ သင်္ဘောများကိုစွန့်ကာကုန်းပေါ်သို့တက်ကြ လေပြီ။ Garrad Bible ကမ်း ခြေ ရှိ မြို့ ရွာ များ တုန် လှုပ် သည့် ပြင်၊ တက် ခတ် သူ သင်္ဘော သား နှင့် သ မု ဒ္ဒ ရာ ရေ ကြောင်း ပြ ဟူ သ မျှ တို့ သည်၊ သင်္ဘော များ မှ ဆင်း၍ ကုန်း ပေါ် တွင် ရပ် နေ ကြ စဉ်၊ Judson Bible တက်ခတ်သောသူအပေါင်းတို့သည် သင်္ဘောမှဆင်း၍၊ သင်္ဘောသားများနှင့် ပင်လယ်လမ်းပြ မာလိန်အပေါင်းတို့သည် ကုန်းပေါ်မှာရပ်လျက်၊ |
ထိုအခါ ပင်လယ်မင်းအပေါင်းတို့သည် ရာဇပလ္လင်ပေါ်မှဆင်း၍ ဝတ်လုံများ၊ ပိုးဖဲကတ္တီပါအဝတ်များကို ချွတ်ပစ်ကြလိမ့်မည်။ ကြောက်ရွံ့ခြင်းတန်ဆာကို ဝတ်ဆင်ကြလိမ့်မည်။ မြေပေါ်မှာထိုင်လျက်၊ တုန်လှုပ်လျက် သင့်ကို အံ့ဩကြလိမ့်မည်။
ဆီဒုန်မြို့သားများနှင့်အာဝဒ်မြို့သားတို့သည် တက်ခတ်သမားများဖြစ်ကြ၏။ အို တိုင်ရာမြို့၊ သင်၌ ကျွမ်းကျင်သောမာလိန်မှူးများရှိ၏။
သင့်ကြောင့် လူအမြောက်အမြား တုန်လှုပ်ချောက်ချားရလိမ့်မည်။ သူတို့၏ဘုရင်များရှေ့တွင် ဓားကိုရွယ်လိုက်သောအခါ ရှင်ဘုရင်တို့သည် ထိတ်လန့်ကြောက်ရွံ့ကြလိမ့်မည်။ သင်လဲကျသွားသောနေ့၌ လူတို့သည် တစ်ခဏချင်းတွင်ပင် သူတို့၏အသက်အန္တရာယ်အတွက် စိုးရိမ်ပူပန်ကြလိမ့်မည်။
သင်မသိသောလူမျိုးတို့နေရာအရပ်ရပ်သို့ သင်ပျက်စီးသောသတင်းကို ငါလွှင့်သောအခါ လူအမြောက်အမြား စိတ်ပျက်အားလျော့ကြလိမ့်မည်။