ယုဒပြည်၊ အစ္စရေးပြည်တို့သည်လည်း သင်နှင့်ကုန်သွယ်ကြ၏။ သင့်ကုန်စည်တို့ကို မိန္နိတ်မြို့မှထွက်သော ဂျုံ၊ မုန့်၊ ပျားရည်၊ ဆီ၊ လိမ်းဆေး စသည်တို့နှင့် လဲလှယ်ကြ၏။
ယုဒပြည်နှင့်ဣသရေလပြည်တို့ကသင်၏ ကုန်စည်များကိုမင်းနစ်မြို့မှဂျုံစပါး၊ ပျား ရည်၊ သံလွင်ဆီ၊ အမွှေးအကြိုင်အမျိုးမျိုး ပေး၍ဝယ်ယူကြ၏။-
ယု ဒ နှင့် ဣ သ ရေ လ ပြည် သည်၊ မင် နိတ် ဂျုံ စ ပါး၊ စား နပ် ရိ က္ခာ၊ ပျား ရည် ဆီ နှင့် လိမ်း ဆေး ကုန် များ ကို ထပ် လဲ ဖောက် ကား သူ ဖြစ် ၏။
ယုဒပြည်နှင့် ဣသရေလပြည်သည် သင်နှင့်ကုန်သွယ်၍၊ ဂျုံစပါး၊ မုရန်စေး၊ ပနက်စေး၊ ဗာလစံစေး၊ ဆီ၊ ပျားရည်တို့ကိုသင့်ဈေး၌ သွင်းကြ၏။
ထိုအခါ သူတို့၏ဖခင်အစ္စရေးက သူတို့အား “သို့ဖြစ်လျှင် ဤသို့ပြုကြလော့။ လိမ်းဆေးအနည်းငယ်၊ ပျားရည်အနည်းငယ်၊ နံ့သာမျိုး၊ မုရန်စေး၊ အခွံမာသီး၊ ဗာဒံသီး စသည့် ဤပြည်မှထွက်သော အကောင်းဆုံးအရာတို့ကို သင်တို့အိတ်များ၌ထည့်၍ ထိုသူအဖို့လက်ဆောင်အဖြစ်ယူသွားကြလော့။
အကျွန်ုပ်၏အမှုထမ်းတို့အား လက်ဘနွန်တောင်မှသစ်တို့ကို ပင်လယ်အထိသယ်လာပြီး ဖောင်ဖွဲ့၍ပင်လယ်ရေကြောင်းအတိုင်း မျှောချမည်။ မင်းကြီးအလိုရှိသောနေရာသို့ရောက်လျှင် ဖောင်ကိုဖျက်ပြီး သစ်တို့ကို သယ်ယူသွားပါ။ မင်းကြီးလည်း အကျွန်ုပ်၏နန်းတွင်းသူနန်းတွင်းသားတို့အတွက် ရိက္ခာကို ဖြည့်ဆည်းပေးပါရန် အကျွန်ုပ်ဆန္ဒပြုပါသည်”ဟု အကြောင်းပြန်ကြားလေ၏။
မင်းကြီး၏အမှုထမ်း သစ်ခုတ်သမားများ သစ်ခုတ်ပေးသည့်အဖိုးအခအဖြစ် ကြိတ်ပြီးသားဂျုံဆန် ကောရနှစ်သောင်း၊ မုယောဆန် ကောရနှစ်သောင်း၊ စပျစ်ဝိုင် ဗတ်နှစ်သောင်း၊ သံလွင်ဆီ ဗတ်နှစ်သောင်း ပေးပါမည်”ဟု မှာလိုက်၏။
ကျောက်ဆစ်သမား၊ လက်သမားတို့ကို ငွေပေး၍ခိုင်းစေ၏။ ပါးရှားဘုရင် ကုရုမင်းကြီး၏ခွင့်ပြုချက်ဖြင့် ဆီဒုန်အမျိုးသား၊ တိုင်ရာအမျိုးသားတို့ကို စားနပ်ရိက္ခာနှင့်ဆီကိုပေး၍ သစ်ကတိုးသားများကို လက်ဘနွန်တောမှ ယုပ္ပေမြို့အရောက် မျှောချစေ၏။
ဂိလဒ်ပြည်၌ လိမ်းဆေး မရှိသလော၊ ဆေးဆရာ မရှိသလော။ ငါ့လူမျိုး၏သမီးပျိုသည် အဘယ်ကြောင့် အနာမပျောက်ရသနည်း။
ဟေရုဒ်မင်းသည် တိုင်ရာမြို့သားနှင့်ဆီဒုန်မြို့သားတို့အပေါ် ပြင်းစွာဒေါသထွက်သဖြင့် သူတို့သည် မင်းကြီးထံသို့ တစ်စုတစ်ဝေးတည်းလာကြ၍ မင်းကြီး၏အတွင်းဝန်ဗလတ္တုကိုစည်းရုံးကာ ငြိမ်းချမ်းမှုရရှိရန်အတွက် တောင်းပန်ကြ၏။ အဘယ်ကြောင့်ဆိုသော် သူတို့ပြည်သည် မင်းကြီး၏ပြည်မှ အစားအစာကိုရရှိသောကြောင့်ဖြစ်၏။
နွားမှရသောထောပတ်၊ သိုးမှရသောသိုးနို့၊ သိုးသငယ်အဆီ၊ ဗာရှန်ပြည်သိုးထီး၊ ဆိတ်ထီးနှင့်တကွ အကောင်းဆုံးဂျုံဖြင့်လည်းကောင်း ကျွေးမွေးတော်မူ၏။ စပျစ်သွေးတည်းဟူသောဝိုင်နီကိုလည်း သောက်ရ၏။
ဂျုံ၊ မုယော၊ စပျစ်ပင်၊ သဖန်းပင်၊ သလဲပင်တို့နှင့်ပြည့်သောပြည်၊ သံလွင်ဆီ၊ ပျားရည်တို့နှင့်ပြည့်သောပြည်၊
ယေဖသသည် အာရော်မြို့မှ မိန္နိတ်မြို့၊ အာဗေလခေရမိမ်မြို့တို့အထိ မြို့ပေါင်းနှစ်ဆယ်ကို အကြီးအကျယ်လုပ်ကြံတိုက်ခိုက်၏။ ထိုသို့ အမ္မုန်အမျိုးသားတို့သည် အစ္စရေးအမျိုးသားတို့ကို ရှုံးနိမ့်ရလေ၏။