အကယ်စင်စစ် အသက်ရှင်သောသူတို့၏ပြည်၌ ထာဝရဘုရား၏ကောင်းမြတ်ခြင်းကို တွေ့မြင်ရမည်ဟု ငါယုံကြည်စိတ်ချ၏။
ယေဇကျေလ 26:20 - မြန်မာ့စံမီသမ္မာကျမ်း ရှေးလူတို့ရောက်သွားရာ တွင်းထဲသို့ သင့်ကိုရောက်သွားစေမည်။ ရှေးကာလကတည်းကပြိုပျက်ရာ မြေကြီးအောက်တွင်းနက်ထဲတွင် ထိုသူတို့နှင့်အတူ သင့်ကိုနေထိုင်စေမည်။ သင်ပြန်လာရမည်မဟုတ်။ အသက်ရှင်သူတို့၏ပြည်၌ကား ဂုဏ်သရေရှိစေမည်’ဟု မိန့်တော်မူ၏။ Common Language Bible ရှေးပဝေသဏီအခါကအသက်ရှင်ခဲ့ ကြသူတို့နှင့်အတူနေထိုင်ရန် သင့်အား မြေအောက်မရဏာနိုင်ငံသို့ပို့ဆောင်မည်။ ငါသည်သင့်အားထိုမြေအောက်လောကရှိ ထာဝစဉ်ယိုယွင်းပျက်စီးလျက်နေသည့် အရပ်၌မြေတွင်းထဲတွင်နေစေမည်။ သင် သည်ထိုအရပ်မှအဘယ်အခါ၌မျှ အသက်ရှင်သူတို့ရှိရာအရပ်သို့ပြန် လာရလိမ့်မည်မဟုတ်။- Garrad Bible သင်္ချိုင်း တွင် ဆင်း ရ သူ တို့ နှင့် တ ကွ၊ ရှေး လူ ဟောင်း တို့ ထံ ချ ပြီး လျှင်၊ ရှင် သူ တို့ နေ ရာ တွင် ဂုဏ် အ သ ရေ ကင်း လျက်၊ နေ သူ မဲ့ အံ့ သော ငှာ၊ ယ မန် က ဆိတ် ညံ ရာ အ ရပ်၊ မြေ ပ ထ ဝီ နက် ရှိုင်း ရာ အ ရပ် များ တွင်၊ သင်္ချိုင်း တွင်း ဆင်း ရ သူ တို့ နှင့် အ တူ နေ ရာ ပေး မည်။ Judson Bible ရှေးလူဟောင်းတို့နေရာ မြေတွင်းထဲသို့ ဆင်းသောသူတို့နှင့်အတူ သင့်ကိုငါနှိမ့်ချ၍၊ သင်၌ လူမနေစေခြင်းငှာ မြေတွင်းထဲသို့ ဆင်းသောသူတို့နှင့်အတူ၊ ရှေးကာလမှစ၍ ဆိတ်ညံရာအရပ်၊ မြေအောက်အရပ်တို့၌ ငါချထားမည်။ ထိုအခါ အသက်ရှင်သောသူတို့၏ နေရာ၌ ငါ့ဘုန်းကို ငါဖွင့်မည်။ |
အကယ်စင်စစ် အသက်ရှင်သောသူတို့၏ပြည်၌ ထာဝရဘုရား၏ကောင်းမြတ်ခြင်းကို တွေ့မြင်ရမည်ဟု ငါယုံကြည်စိတ်ချ၏။
အကျွန်ုပ်၏ကျောက်ဆောင်ဖြစ်တော်မူသော ထာဝရဘုရား၊ ကိုယ်တော်ကို အကျွန်ုပ်ခေါ်ပါ၏။ အကျွန်ုပ်ကိုမထူးဘဲနေတော်မမူပါနှင့်။ ကိုယ်တော်သည် အကျွန်ုပ်ကိုမကြားဘဲ တိတ်ဆိတ်စွာနေတော်မူလျှင် အကျွန်ုပ်သည် သေတွင်းထဲသို့ဆင်းသွားသောသူကဲ့သို့ ဖြစ်ရပါလိမ့်မည်။
ထိုသူအပေါင်းတို့က “သင်သည်လည်း ငါတို့ကဲ့သို့အားနည်းပါသည်တကား၊ ငါတို့နှင့်တူပါပြီတကား”ဟု တုံ့ပြန်ပြောဆိုကြလိမ့်မည်။
သင်ရောက်လာမည်ဖြစ်၍ အောက်အရပ်ရှိမရဏာနိုင်ငံသည် စိတ်လှုပ်ရှားစွာဖြင့်ကြိုဆိုနေ၏။ သေလွန်ပြီးသော ကမ္ဘာမြေကြီး၏ခေါင်းဆောင်အပေါင်းတို့ကို လှုံ့ဆော်၏။ တိုင်းနိုင်ငံတို့၏ရှင်ဘုရင်အပေါင်းတို့ကို ရာဇပလ္လင်မှထစေ၏။
ထာဝရဘုရားသည် ဇိအုန်တောင်၏ဓမ္မစည်းဝေးရာနေရာမှစ၍ ထိုတောင်၏နေရာအနှံ့တွင် နေ့အချိန်၌ မိုးတိမ်နှင့်မီးခိုးကိုလည်းကောင်း၊ ညအချိန်၌ တောက်ပသောမီးလျှံကိုလည်းကောင်း ဖြစ်ပေါ်စေတော်မူမည်။ အကယ်စင်စစ် ဘုန်းအသရေရှိသမျှတို့အပေါ်၌ မျက်နှာကြက်ရှိမည်။
ငါတို့သည် မျက်မမြင်ကဲ့သို့ နံရံကိုလိုက်စမ်းရ၏။ မျက်စိမပါသောသူကဲ့သို့ လိုက်စမ်းရ၏။ မှောင်ရီပျိုးချိန်၌ ခလုတ်တိုက်သကဲ့သို့ မွန်းတည့်ချိန်မှာပင် ခလုတ်တိုက်ကြ၏။ သန်မာသောသူများကြား၌ လူသေကဲ့သို့ဖြစ်ကြ၏။
ဤမြို့သည် ငါ့အဖို့ ဝမ်းမြောက်စရာ၊ ချီးမွမ်းစရာ၊ ဂုဏ်ပြုစရာ ဖြစ်လိမ့်မည်။ ဤမြို့အတွက် ငါပြုပေးသောကောင်းကျိုးချမ်းသာတို့ကို ကမ္ဘာမြေပေါ်ရှိ လူမျိုးအပေါင်းတို့ကြားသိကြလိမ့်မည်။ ဤမြို့ကို ကောင်းကျိုးချမ်းသာအတိ၊ ငြိမ်သက်ခြင်းအတိရှိစေသည်ကို သူတို့ အံ့ဩတုန်လှုပ်ကြလိမ့်မည်’ဟု မိန့်တော်မူ၏။
ကာလကြာမြင့်စွာကသေဆုံးသွားသူကဲ့သို့ ငါ့ကိုမှောင်မိုက်သောအရပ်ထဲ၌နေစေတော်မူပြီ။
ထို့ကြောင့် ရေနားမှာရှိသောအပင်တို့သည် မြင့်နိုင်တော့မည်မဟုတ်။ အပင်ထိပ်ဖျားသည် မိုးတိမ်ထိအောင် မြင့်နိုင်တော့မည်မဟုတ်။ ရေအလုံအလောက်ရသောအပင်အားလုံးတို့လည်း မြင့်နိုင်တော့မည်မဟုတ်။ အကြောင်းမူကား ထိုအပင်ရှိသမျှတို့ကို သေခြင်းလက်သို့ ပေးအပ်ထားပြီဖြစ်၍ လူသားတို့နှင့်အတူ မြေကြီးအောက်တွင်းနက်ထဲသို့ ဆင်းသွားရမည်’ဟု မိန့်တော်မူ၏။
ငါ့နာမသန့်ရှင်းကြောင်းကို ငါ့လူမျိုးတော်အစ္စရေးတို့အား သိစေမည်။ သန့်ရှင်းသောငါ့နာမကို ရှုတ်ချခွင့်ပြုတော့မည်မဟုတ်။ ငါသည် အစ္စရေးလူမျိုးတွင် သန့်ရှင်းသောအရှင် ထာဝရဘုရားဖြစ်ကြောင်း လူမျိုးတကာတို့သိရလိမ့်မည်။
မရဏာနိုင်ငံတိုင်အောင် တွင်းတူးလျှင်လည်း သူတို့ကို ထိုနေရာမှ ငါကိုယ်တိုင် ဆွဲထုတ်မည်။ ကောင်းကင်တိုင်အောင် တက်သွားလျှင်လည်း သူတို့ကို ထိုနေရာမှ ငါဆွဲချမည်။
“အကျွန်ုပ်သည် ဆင်းရဲဒုက္ခထဲတွင် ထာဝရဘုရားထံ အော်ဟစ်ဆုတောင်းသောအခါ ကိုယ်တော်နားညောင်းတော်မူ၏။ မရဏာနိုင်ငံတွင်းနက်ထဲမှ အကျွန်ုပ်အကူအညီအော်ဟစ်တောင်းခံသောအခါ အကျွန်ုပ်အသံကို ကိုယ်တော်ကြားတော်မူပါ၏။
တောင်ခြေရင်းတိုင်အောင် အကျွန်ုပ်နစ်မြုပ်သွား၍ မြေကြီးသည် အကျွန်ုပ်ကို အစဉ်ကန့်လန့်ထိုးထားသော်လည်း အကျွန်ုပ်၏ဘုရားသခင် ထာဝရဘုရားသည် အကျွန်ုပ်အသက်ကို သေတွင်းမှ ကယ်နုတ်တော်မူပြီ။
ဘုန်းအသရေထင်ရှားတော်မူပြီးနောက်တွင် သင်တို့အားလုယူဖျက်ဆီးသောတစ်ပါးအမျိုးသားတို့ထံသို့ ငါ့ကိုစေလွှတ်တော်မူ၏။ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “သင်တို့အားထိပါးသောသူသည် မျက်ရှုတော်ကိုထိပါးသောသူဖြစ်၏”ဟု မိန့်တော်မူ၏။
ထာဝရဘုရားသည် မဖြစ်ဖူးသေးသောအမှုကိုပြုတော်မူသဖြင့် မြေကြီးသည် မိမိခံတွင်းကိုဖွင့်လျက် သူတို့နှင့် သူတို့ပိုင်ဆိုင်သောအရာရှိသမျှတို့ကိုမျို၍ အရှင်လတ်လတ် မရဏာနိုင်ငံသို့ ဆင်းသွားရလျှင် သူတို့သည် ထာဝရဘုရားကိုမထီလေးစားပြုခြင်းဖြစ်ကြောင်း သင်တို့သိမြင်ကြရလိမ့်မည်”ဟု ဆိုလေ၏။
ထိုသူတို့သည် သူတို့ပိုင်ဆိုင်သောအရာရှိသမျှတို့နှင့်အတူ မရဏာနိုင်ငံသို့ အရှင်လတ်လတ်ဆင်းသွားကြရ၏။ မြေကြီးသည် ပြန်ပိတ်သွားလေ၏။ သူတို့သည် လူအစုအဝေးထဲမှ ပျောက်ကွယ်သွားလေ၏။
ကပေရနောင်မြို့၊ သင်သည် ကောင်းကင်အထိ ချီးမြှောက်ခြင်းကိုခံရပါမည်လော။ သင်သည် မရဏာနိုင်ငံတိုင်အောင် ကျဆင်းရလိမ့်မည်။ အကြောင်းမူကား သင်၌ပြုခဲ့သောတန်ခိုးလက္ခဏာများကို သောဒုံမြို့၌ ပြုခဲ့လျှင် ထိုမြို့သည် ယနေ့တိုင်အောင် တည်ရှိခဲ့ပေလိမ့်မည်။
ကပေရနောင်မြို့၊ သင်သည် ကောင်းကင်အထိ ချီးမြှောက်ခြင်းကိုခံရပါမည်လော။ သင်သည် မရဏာနိုင်ငံတိုင်အောင် ကျဆင်းရလိမ့်မည်။
ရှေးဟောင်းကမ္ဘာကိုလည်း ညှာတာတော်မမူဘဲ ထိုဘုရားတရားမဲ့သောကမ္ဘာကို ရေလွှမ်းမိုးစေတော်မူ၍ ဖြောင့်မတ်ခြင်းတရား၏သံတော်ဆင့်ဖြစ်သောနောဧအပါအဝင် လူရှစ်ဦးကို စောင့်ရှောက်တော်မူ၏။