ကိုယ်တော်သည် မြင့်ရာအရပ်၌နေသောသူတို့ကို နှိမ့်ချတော်မူ၏။ မြင့်မားသောမြို့ကို နိမ့်ကျစေတော်မူ၏။ ထိုမြို့ကို မြေကြီးတိုင်အောင်နိမ့်ကျစေတော်မူ၏။ မြေမှုန့်တိုင်အောင်ရောက်စေတော်မူ၏။
ယေဇကျေလ 26:11 - မြန်မာ့စံမီသမ္မာကျမ်း လမ်းရှိသမျှသည် မြင်းခွာရာများ ထပ်နေလိမ့်မည်။ သင်၏လူများကို ဓားဖြင့်သတ်လိမ့်မည်။ ခိုင်ခံ့သောကျောက်တိုင်များလည်း မြေပေါ်လဲကျရလိမ့်မည်။ Common Language Bible သူတို့၏မြင်းစီးသူရဲများသည်သင်၏ လမ်းများကိုဖြတ်ကျော်ကာလူတို့အား ဋ္ဌားဖြင့်သတ်ကြလိမ့်မည်။ သင်၏ခိုင်ခံ့ သောကျောက်တိုင်များသည်မြေပေါ်သို့ ပြိုလဲကြလိမ့်မည်။- Garrad Bible လမ်း မ လမ်း မြောင် များ ကို မြင်း ခွာ ချ ခြင်း၊ မြို့ သူ မြို့ သား တို့ ကို ဓား ဖြင့် လုပ် ကြံ ခြင်း၊ ခိုင် ခံ့ သော ကျောက် တိုင် များ ကို ဖြို လှဲ ခြင်း၊ ကုန် စည် ဘ ဏ္ဍာ ကို လု ယက် ယူ ငင် ခြင်း၊ Judson Bible မြင်းခွာတို့ဖြင့် သင်၏လမ်းရှိသမျှတို့ကိုနင်းလျက်၊ သင်၏လူတို့ကို ဓားနှင့်သတ်၍၊ သင်ခိုလှုံစရာ ရုပ်တုဆင်းတုတို့သည် မြေတိုင်အောင် ပြိုလဲကြလိမ့်မည်။ |
ကိုယ်တော်သည် မြင့်ရာအရပ်၌နေသောသူတို့ကို နှိမ့်ချတော်မူ၏။ မြင့်မားသောမြို့ကို နိမ့်ကျစေတော်မူ၏။ ထိုမြို့ကို မြေကြီးတိုင်အောင်နိမ့်ကျစေတော်မူ၏။ မြေမှုန့်တိုင်အောင်ရောက်စေတော်မူ၏။
သူတို့၏မြားတို့သည် ချွန်ထက်၍ သူတို့၏လေးရှိသမျှတို့သည်လည်း တင်ထားလျက်ရှိ၏။ မြင်းတို့၏ခွာသည် မီးခတ်ကျောက်နှင့်တူသည်ဟုထင်ရ၏။ စစ်ရထားဘီးတို့သည် လေပွေကဲ့သို့ဖြစ်၏။
အီဂျစ်ပြည်ရှိ ဗက်ရှေမက်မြို့၏အထွတ်အမြတ်ကျောက်တိုင်တို့ကိုလည်း ချိုးဖျက်လိမ့်မည်။ အီဂျစ်နတ်ဘုရားကျောင်းများကိုလည်း မီးရှို့လိမ့်မည်ဟု မိန့်တော်မူ၏’ဟူ၍ ဆင့်ဆိုလော့”ဟု မိန့်ဆို၏။
ထိုပြည်၌ အချက်ပြအလံကိုလွှင့်ထူကြ။ လူမျိုးတကာတို့ကို တံပိုးမှုတ်သံပေးကြ။ ထိုပြည်ကိုတိုက်ခိုက်ရန် လူမျိုးတကာတို့ကို အသင့်ပြင်ဆင်စေကြ။ အာရရတ်၊ မိန္နိနှင့် အာရှကေနတ် စသော တိုင်းနိုင်ငံတို့ကို ဆင့်ခေါ်ကြ။ စစ်ဦးစီးကိုခန့်ထားကြ။ မြင်းတို့ကို ကျိုင်းကောင်အုပ်ကဲ့သို့ ချီတက်စေကြ။
သူတို့၏မြင်းများသည် ကျားသစ်များထက် လျင်မြန်၏။ နေဝင်ချိန်ရောက်မှ သွားလာတတ်သောဝံပုလွေများထက် ရက်စက်၏။ သူတို့၏မြင်းစီးသူရဲတို့ ဒုန်းစိုင်းချီတက်လာပြီ။ မြင်းစီးသူရဲတို့ အဝေးမှ ဒုန်းစိုင်းပြေးလာနေသည်မှာ တစ်ဟုန်ထိုး ထိုးသုတ်ဖမ်းစားတတ်သည့် လင်းယုန်ကဲ့သို့ပင် ဖြစ်၏။