တာဟတ်၏သား ဇာဗဒ်၊ ဇာဗဒ်၏သား ရှုသေလဖြစ်၏။ ဧဖရိမ်၏သား ဧဇာနှင့်ဧလဒ် တို့မူကား ဂါသပြည်ဖွားလူတို့၏သိုးနွားတို့ကို လုယူသောကြောင့် ထိုသူတို့သည် သူတို့ကို သတ်ဖြတ်လိုက်ကြ၏။
ယေဇကျေလ 25:15 - မြန်မာ့စံမီသမ္မာကျမ်း တစ်ဖန် ဘုရားရှင်ထာဝရဘုရားက ‘ဖိလိတ္တိလူမျိုးတို့သည် ရှေးယခင်ကပင်အငြိုးထားလျက် မလိုတမာစိတ်ဖြင့် ရက်ရက်စက်စက်လက်တုံ့ပြန်လေပြီ’ဟု မိန့်တော်မူ၏။ Common Language Bible အရှင်ထာဝရဘုရားက``ဖိလိတ္တိပြည်သား များသည် မိမိတို့၏ရာသက်ပန်ရန်သူယုဒ အားရက်စက်စွာလက်စားချေကာ မုန်းတီး စိတ်ဖြင့်ဖျက်ဆီးသုတ်သင်ပစ်ကြ၏။- Garrad Bible ငါ အ ရှင် ထာ ဝ ရ ဘု ရား မိန့် ဆို ပြန် သည် မှာ၊ ဖိ လိ တ္တိ လူ မျိုး လည်း၊ တုံ့ ပြန်၍ အ စဉ် ရန် ငြိုး ဖွဲ့ လျက်၊ ဖျက် ဆီး လို သ မှု၊ မုန်း စိတ် နှင့် လက် စား ချေ သော ကြောင့်၊ Judson Bible တစ်ဖန် ဖိလိတ္တိလူတို့သည် အငြိုးထား၍ မနာလိုသောစိတ်အားကြီးသည်နှင့် ဒေါသအလိုကိုပြည့်စုံစွာပြု၍၊ ရှင်းရှင်းဖျက်ဆီးခြင်းငှာ အပြစ်ဒဏ်ပေးသောကြောင့်၊ |
တာဟတ်၏သား ဇာဗဒ်၊ ဇာဗဒ်၏သား ရှုသေလဖြစ်၏။ ဧဖရိမ်၏သား ဧဇာနှင့်ဧလဒ် တို့မူကား ဂါသပြည်ဖွားလူတို့၏သိုးနွားတို့ကို လုယူသောကြောင့် ထိုသူတို့သည် သူတို့ကို သတ်ဖြတ်လိုက်ကြ၏။
ထို့ပြင် ဖိလိတ္တိလူမျိုးတို့သည်လည်း မြေနိမ့်ဒေသရှိမြို့ရွာများနှင့် ယုဒပြည်နေဂေ့အရပ်ကို ဝင်ရောက်တိုက်ခိုက်ပြီး ဗက်ရှေမက်မြို့၊ အာယလုန်မြို့၊ ဂေဒရုတ်မြို့၊ စောခေါမြို့နှင့်ဝန်းကျင်ရှိမြို့ရွာများ၊ တိမနတ်မြို့နှင့်ဝန်းကျင်မြို့ရွာများ၊ ဂိမဇောမြို့နှင့်ဝန်းကျင်မြို့ရွာများကို သိမ်းပိုက်ကာ ထိုနေရာတို့၌ နေထိုင်ကြ၏။
အမှန်စင်စစ် သူတို့သည် စိတ်သဘောတညီတညွတ်တည်းဖြင့် လျှို့ဝှက်ကြံစည်ကြ၍ ကိုယ်တော်ကိုဆန့်ကျင်လျက် မဟာမိတ်ဖွဲ့ကြပါ၏။
ဂေဗလလူမျိုး၊ အမ္မုန်လူမျိုးနှင့်အာမလက်လူမျိုးများ၊ တိုင်ရာမြို့သားများနှင့် ဖိလိတ္တိပြည်သားများ ပါဝင်ကြပါ၏။
အရှေ့ဘက်မှ ဆီးရီးယားလူမျိုး၊ အနောက်ဘက်မှ ဖိလိတ္တိလူမျိုးတို့သည် အစ္စရေးလူမျိုးကို အငမ်းမရဝါးမျိုကြလိမ့်မည်။ ဤအရာအလုံးစုံဖြစ်စေကာမူ အမျက်တော်မပြေ၊ လက်တော်သည် ဆန့်လျက်ရှိသေး၏။
အီဂျစ်ပြည်ရှိလူမျိုးခြားများအားလုံး၊ ဥဇပြည်ရှိဘုရင်အားလုံး၊ ဖိလိတ္တိပြည်ရှိဘုရင်အားလုံး၊ အာရှကေလုန်ပြည်သားများ၊ ဂါဇပြည်သားများ၊ ဧကြုန်ပြည်သားများ၊ ကြွင်းကျန်သော အာဇုတ်ပြည်သားများ၊
တစ်ဖန် ဘုရားရှင်ထာဝရဘုရားက ‘ဧဒုံလူမျိုးသည် ယုဒအမျိုးကို ရက်ရက်စက်စက်လက်တုံ့ပြန်ခဲ့၏။ ထိုသို့လက်တုံ့ပြန်ခြင်းဖြင့် ကြီးလေးသောအပြစ်ကို ပြုလေပြီ’ဟု မိန့်တော်မူ၏။
ဘုရားရှင်ထာဝရဘုရားက ‘သင်သည် ဝမ်းမြောက်ဝမ်းသာလက်ခုပ်တီးကခုန်လျက် အစ္စရေးပြည်ကို ပြောင်လှောင်သောကြောင့်
သင်သည် ရှေးယခင်ကပင် အငြိုးထားခဲ့၏။ အစ္စရေးအမျိုးသားတို့ ဘေးဒုက္ခရောက်ချိန်၊ အပြီးသတ်ဒဏ်ခတ်ခံရချိန်တွင် သင်သည် သူတို့ကို ဓားလက်သို့အပ်လိုက်၏။