“အချင်းလူသား၊ ပုန်ကန်တတ်သောအမျိုးဖြစ်သော အစ္စရေးအမျိုးအနွယ်က သင့်အား ‘သင်ဘာလုပ်နေသနည်း’ဟု မမေးသလော။
ယေဇကျေလ 24:19 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ လူတို့က “သင်ဤသို့ပြုခြင်းသည် အကျွန်ုပ်တို့နှင့်ဆိုင်သလော။ အကျွန်ုပ်တို့အား ပြောပြပါလော့”ဟု ဆိုသဖြင့် Common Language Bible လူတို့က``သင်သည်အဘယ်ကြောင့်ဤသို့ပြု သနည်း။ အကျွန်ုပ်တို့နှင့်ဆိုင်သလော။ ပြော ပါလော့'' ဟုငါ့အားမေးကြ၏။ Garrad Bible ကိုယ် တော် ပြု သော အ ချင်း အ ရာ သည်၊ ကျွန်ုပ် တို့ နှင့် မည် သို့ ဆိုင် သည် ကို ဖော် ပြ ပါ ဟု၊ လူ ပ ရိ သတ် မေး လျှောက် လျှင်၊ Judson Bible လူများတို့ကလည်း ဤသို့သင်ပြုသောအမှုသည် ငါတို့နှင့် အဘယ်သို့ဆိုင်သနည်း။ ငါတို့အားမပြောသလောဟု ငါ့အားမေးကြသော်၊ |
“အချင်းလူသား၊ ပုန်ကန်တတ်သောအမျိုးဖြစ်သော အစ္စရေးအမျိုးအနွယ်က သင့်အား ‘သင်ဘာလုပ်နေသနည်း’ဟု မမေးသလော။
“ပုန်ကန်တတ်သောအမျိုးအား ‘ဤပုံဥပမာသည် မည်သည့်အရာကိုဆိုလိုကြောင်း မသိသလော။ ကြည့်ရှုလော့။ ဘေဘီလုံဘုရင်သည် ဂျေရုဆလင်မြို့သို့ရောက်လာပြီး ဘုရင်နှင့်အကြီးအကဲတို့ကို ဘေဘီလုံမြို့သို့ ဖမ်းဆီးခေါ်ဆောင်သွားပြီ။
ထိုအခါ ငါက “အို ဘုရားရှင်ထာဝရဘုရား၊ သူတို့က အကျွန်ုပ်အား ‘ဤသူသည် ပုံဥပမာ ပြောနေပါသည်’ဟူ၍ ဆိုကြပါ၏”ဟု ပြန်လျှောက်လေ၏။
သူတို့က ‘သင်အဘယ်ကြောင့် ညည်းတွားသနည်း’ဟု မေးလျှင် သင်က ‘ကြားရသောသတင်းစကားကြောင့်ဖြစ်၏။ ကြားရသောသတင်းအတိုင်း ဖြစ်ပျက်လာလျှင် လူတိုင်း စိတ်အားလျော့မည်၊ လက်ပန်းကျမည်၊ စိတ်ဓာတ်ကျ၍ ဒူးများပျော့ခွေသွားလိမ့်မည်’ဟူ၍ ဘုရားရှင်ထာဝရဘုရားမိန့်တော်မူသည်”ဟု မိန့်ဆို၏။
နံနက်ရောက်သောအခါ လူတို့အား ငါပြောပြ၏။ နေဝင်ချိန်ရောက်သော် ငါ့ဇနီးဆုံးသွား၏။ နောက်တစ်နေ့မနက်တွင် မိန့်ဆိုသည့်အတိုင်း ငါပြု၏။
သင့်အမျိုးသားချင်းတို့က သင့်အား ‘ဤအရာသည် မည်သည်ကိုဆိုလိုသနည်း။ သင်ပြောပြနိုင်မည်လော’ဟု မေးလာလျှင်
ထာဝရဘုရားက “သင်တို့သည် ငါ့ကိုဆန့်ကျင်၍ မောက်မောက်မာမာပြောဆိုကြ၏”ဟု မိန့်ဆိုသော် သင်တို့က “အကျွန်ုပ်တို့သည် ကိုယ်တော့်ကို မည်သို့ဆန့်ကျင်ပြောဆိုကြသနည်း”ဟု ပြန်၍ပြောဆိုကြ၏။