သစ္စာမဲ့သောအစ္စရေးလူမျိုးသည် အိမ်ထောင်ရေးဖောက်ပြန်သည်ကို ငါမြင်သောကြောင့် သူ့ကို ကွာရှင်းစာပေးပြီး နှင်ထုတ်ခဲ့သည်ကိုပင် သူ၏ညီမဖြစ်သော သစ္စာဖောက်ယုဒအမျိုးသည် မကြောက်ဘဲ ပြည့်တန်ဆာသွားလုပ်၏။
ယေဇကျေလ 23:44 - မြန်မာ့စံမီသမ္မာကျမ်း ယောက်ျားတို့သည် ပြည့်တန်ဆာမထံဝင်သကဲ့သို့ပင် ညစ်ညမ်းသောမိန်းမများဖြစ်သည့် အဟောလနှင့်အဟောလိဗထံ ဝင်ကြလေ၏။ Common Language Bible သူတို့သည်ပြည့်တန်ဆာတို့ထံထပ်ခါထပ်ခါ ပြန်သွားကြ၏။ သူတို့သည်အကျင့်ပျက်သူ အဟောလနှင့်အဟောလိဗတို့ထံသို့ပြန် သွားကြ၏။- Garrad Bible ပြည့် တန် ဆာ ထံ ဝင် တတ် သည့် နည်း တူ၊ ဝင် သွား ကြ ၏။ ထို အ တိုင်း၊ မိန်း မ ရွှင် ဖြစ် သော အ ဟော လ နှင့် အ ဟော လိ ဗ တို့ ထံ ဝင် လေ့ ရှိ ကြ သ တည်း။ Judson Bible ပြည့်တန်ဆာမိန်းမရှိရာသို့ ယောက်ျားဝင်တတ်သကဲ့သို့၊ သူတို့သည် ထိုအဓမ္မမိန်းမအဟောလနှင့် အဟောလိဗရှိရာသို့ ဝင်ကြ၏။ |
သစ္စာမဲ့သောအစ္စရေးလူမျိုးသည် အိမ်ထောင်ရေးဖောက်ပြန်သည်ကို ငါမြင်သောကြောင့် သူ့ကို ကွာရှင်းစာပေးပြီး နှင်ထုတ်ခဲ့သည်ကိုပင် သူ၏ညီမဖြစ်သော သစ္စာဖောက်ယုဒအမျိုးသည် မကြောက်ဘဲ ပြည့်တန်ဆာသွားလုပ်၏။
သူတို့သည် အီဂျစ်ပြည်တွင် အပျိုဖြန်းဘဝကတည်းက ပြည့်တန်ဆာအလုပ်ကို လုပ်ကြ၏။ သူတို့၏သားမြတ်ကို အပွတ်သပ်ခံပြီး သူတို့၏အပျိုရည်ကို ပျက်စီးစေကြ၏။
အစ်မကား အဟောလ၊ ညီမကား အဟောလိဗဟု အမည်တွင်၏။ သူတို့ကို ငါပိုင်၏။ သူတို့၌ သားသမီးများရှိ၏။ အဟောလအမည်ရှိသောသူသည် ရှမာရိမြို့၊ အဟောလိဗအမည်ရှိသောသူသည် ဂျေရုဆလင်မြို့ဖြစ်၏။
ထိုအခါ ငါက ပြည့်တန်ဆာဝါရင့်နေသော ဤမိန်းမနှင့်ပတ်သက်၍ ‘ဤယောက်ျားတို့သည် ဤမိန်းမနှင့်ပင် ဖောက်ပြန်မှားယွင်းနေကြပေဦးမည်’ဟု ဆိုမိ၏။
သူတို့သည် အိမ်ထောင်ရေးဖောက်ပြန်သောမိန်းမ၊ လူအသက်သတ်သောမိန်းမ ဖြစ်ကြသောကြောင့် အိမ်ထောင်ရေးဖောက်ပြန်သူ၊ လူအသက်ကိုသတ်သူတို့ကိုစီရင်သည့်အတိုင်း ဖြောင့်မတ်သောသူတို့က သူတို့ကို စီရင်လိမ့်မည်။