ယေဇကျေလ 22:26 - မြန်မာ့စံမီသမ္မာကျမ်း
ယဇ်ပုရောဟိတ်တို့သည်လည်း ငါ၏ပညတ်တရားကို ချိုးဖောက်၍ သန်ု့ရှင်းသောအရာတို့ကို ညစ်ညူးစေကြ၏။ သန့်ရှင်းသောအရာနှင့် မသန့်ရှင်းသောအရာတို့ကို မခွဲခြားပြ။ မစင်ကြယ်သောအရာနှင့် စင်ကြယ်သောအရာတို့ကိုလည်း မသွန်သင်ပြ။ ဥပုသ်နေ့ကို လျစ်လျူရှုကြ၍ ငါ့ကို ရှုတ်ချစရာဖြစ်အောင် ပြုကြပြီ။
အခန်းကိုကြည့်ပါ။
ယဇ်ပုရောဟိတ်တို့သည်လည်းငါ၏တရား တော်ကိုချိုးဖောက်၍ မြင့်မြတ်သန့်ရှင်းသည့် အရာကိုမရိုမသေပြုကြ၏။ သူတို့သည် မြင့်မြတ်သန့်ရှင်းသည့်အရာနှင့် သာမန်အရာ ကိုခွဲခြားမှုမပြုကြ။ သူတို့သည်သန့်စင် သည့်အရာနှင့်မသန့်စင်သည့်အရာ ခြား နားပုံကိုလည်းသင်ကြား၍မပေးကြ။ ဥပုသ်နေ့ကိုလျစ်လူပြုကြ၏။ သို့ဖြစ်၍ ဣသရေလအမျိုးသားတို့သည်ငါ့အား မရိုသေကြ။-
အခန်းကိုကြည့်ပါ။
ပ ရော ဟိတ် တို့ သည်၊ ငါ့ ပ ညတ် တ ရား ကို ရက် စက် စွာ လွှဲ လျက်၊ ငါ့ သီး သန့် ရာ များ ကို မ သန့် ရာ ရောက် စေ လျက်၊ သန့် ရာ မ သန့် ရာ ကို ပိုင်း ခြား ခြင်း၊ ရှင်း ရာ မ ရှင်း ရာ ကို သွန် သင် ခြင်း မ ပြု ဘဲ၊ ဥ ပုသ် နေ့ တော် ကို မျက် နှာ လွှဲ လျက်၊ ငါ့ ကို ရှုတ် ချ ကြ ၏။
အခန်းကိုကြည့်ပါ။
ယဇ်ပုရောဟိတ်တို့သည်လည်း ငါ၏တရားကိုဖျက်၍၊ ငါ၏သန့်ရှင်းရာဌာနကိုလည်း ညစ်ညူးစေကြ၏။ သန့်ရှင်းသောအရာ၊ မသန့်ရှင်းသောအရာတို့ကို မပိုင်းခြား၊ စင်ကြယ်သောအရာ၊ မစင်ကြယ်သောအရာတို့ကို ရောနှောကြ၏။ ငါ၏ဥပုသ်နေ့တို့မှလည်း မျက်နှာလွှဲကြ၏။ သူတို့အလယ်၌ ငါသည် ရှုတ်ချခြင်းကိုခံရ၏။
အခန်းကိုကြည့်ပါ။