ကျန်စစ်သည်တို့သည် အာဖက်မြို့သို့ ထွက်ပြေးသွားကြ၏။ ထိုကျန်ရှိသောစစ်သည်နှစ်သောင်းခုနစ်ထောင်အပေါ် မြို့ရိုးပြိုကျ၏။ ဗင်္ဟာဒဒ်မင်းကြီးသည်လည်း မြို့တွင်းသို့ပြေးဝင်ပြီး အိမ်ခန်းထဲတွင် ပုန်းနေ၏။
ယေဇကျေလ 21:14 - မြန်မာ့စံမီသမ္မာကျမ်း ‘အချင်းလူသား၊ ပရောဖက်ပြုဟောပြောလော့။ လက်ခုပ်တီးလော့။ ဓားကို နှစ်ကြိမ်မက သုံးကြိမ်မြှောက်လော့။ ဤဓားသည် သတ်ဖြတ်မည့်ဓား၊ သူတို့ကိုဝိုင်းရံပြီး သတ်ပွဲနွှဲမည့်ဓားဖြစ်၏။ Common Language Bible ``အချင်းလူသား၊ ယခုဗျာဒိတ်တော်ကိုပြန် ကြားလော့။ လက်ခုပ်တီးလော့။ ထိုအခါဋ္ဌား တော်ကိုနှစ်ကြိမ်သုံးကြိမ်ဝှေ့ယမ်းလော့။ ထို ဋ္ဌားသည်သူသတ်သောဋ္ဌား၊ ရက်စက်စွာသတ် ဖြတ်သည့်ဋ္ဌားဖြစ်၏။ သူတို့ကိုအဘက်ဘက် မှဝိုင်းရံသတ်ဖြတ်လိမ့်မည်။- Garrad Bible သို့ ဖြစ်၍ အ ချင်း လူ့ သား၊ လက် ပမ်း ပေါက် ခတ် လျက် ဟော ပြော ဦး လော့။ လုပ် ကြံ လေ့ ရှိ သော ဓား တော် ကို သုံး ကြိမ် မြောက် ဝင့် ယမ်း လော့။ မင်း မြတ် ကို လုပ် ကြံ လျက် ဝန်း ဝိုင်း သော ဓား တော် ဖြစ် သည် တ ကား။ Judson Bible သို့ဖြစ်၍၊ အချင်းလူသား၊ ပရောဖက်ပြု၍လက်ခုပ်တီးလော့။ ဓားတော်သည် နှစ်ခေါက်၊ သုံးခေါက်ရောက်ရ၏။ သူရဲဓား၊ အားကြီးသော သူရဲဓားဖြစ်၏။ သူတို့ကိုဝန်းရံသောဓားဖြစ်၏။ |
ကျန်စစ်သည်တို့သည် အာဖက်မြို့သို့ ထွက်ပြေးသွားကြ၏။ ထိုကျန်ရှိသောစစ်သည်နှစ်သောင်းခုနစ်ထောင်အပေါ် မြို့ရိုးပြိုကျ၏။ ဗင်္ဟာဒဒ်မင်းကြီးသည်လည်း မြို့တွင်းသို့ပြေးဝင်ပြီး အိမ်ခန်းထဲတွင် ပုန်းနေ၏။
မိက္ခာယကလည်း “ကြည့်ပါ။ အခန်းထဲ သင်ဝင်ပုန်းနေရသောနေ့ရောက်သောအခါ သိမြင်ရလိမ့်မည်”ဟု ပြန်ပြော၏။
ယောယကိမ်မင်းကြီးလက်ထက်တွင် ဘေဘီလုံဘုရင်နေဗုခဒ်နေဇာမင်းကြီး ချီလာ၍တိုက်ခိုက်သဖြင့် ယောယကိမ်မင်းကြီးသည် သူ့လက်အောက်ခံအဖြစ် သုံးနှစ်နေရ၏။ ထို့နောက် သူ့ကို ပြန်လည်ပုန်ကန်ခဲ့၏။
ထာဝရဘုရားသည် ဓားကိုအမိန့်ပေးထားသည်ဖြစ်၍ ဓားက မည်သို့ငြိမ်ငြိမ်နေနိုင်မည်နည်း။ အာရှကေလုန်မြို့နှင့် ပင်လယ်ကမ်းခြေဒေသတို့ကို တိုက်ခိုက်ရန် ဓားကိုအမိန့်ပေးတော်မူပြီ”ဟု မိန့်တော်မူ၏။
လှံတံကို စစ်ကြော၍ သုတ်သင်ပယ်ရှင်းပစ်တော့မည်။ လှံတံမရှိလျှင် မည်သို့ဖြစ်မည်နည်း’ဟု ဘုရားရှင်ထာဝရဘုရား မိန့်တော်မူ၏။
ငါလက်ခုပ်တီးမည်။ ငါ့အမျက်ဒေါသလည်း ပြေသွားမည်’ဟူ၍ ငါထာဝရဘုရားမိန့်တော်မူပြီ”ဟု မိန့်ဆို၏။
ထိုမြို့ပေါ်သို့ ကပ်ရောဂါဘေးကျရောက်စေမည်။ လမ်းများပေါ်တွင် သွေးချောင်းစီးစေမည်။ နေရာတိုင်းတွင် ဓားဖြင့်အသတ်ခံရသူတို့ လဲကျသေဆုံးလိမ့်မည်။ သို့မှ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သူတို့သိကြလိမ့်မည်။
ဘုရားရှင်ထာဝရဘုရားက ‘သင်သည် လက်ခုပ်တီးလျက်၊ ခြေကိုဆောင့်လျက် အလို၊ အစ္စရေးအမျိုးအနွယ်တို့ပြုခဲ့သော စက်ဆုပ်ရွံရှာဖွယ်မကောင်းမှုများကြောင့် ဓားဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေး၊ ကပ်ရောဂါဘေးတို့ဖြင့် သေကြရတော့မည်ဟု ဆိုလော့။
တစ်ဖန် ငါ့အား “အချင်းလူသား၊ အစ္စရေးအမျိုးအနွယ်သက်ကြီးဝါကြီးတို့သည် အမှောင်ထဲတွင် မည်သို့ပြုနေကြသည်ကို သင်မြင်ပြီမဟုတ်လော။ ‘ထာဝရဘုရားသည် ပြည်တော်ကို စွန့်တော်မူပြီဖြစ်၍ ငါတို့ကို မြင်တော်မမူ’ဟု ဆိုလျက် အခန်းထဲတွင် ကိုယ်စီမိမိရုပ်တုဖြင့် ဖောက်ပြန်နေကြပြီ”ဟု မိန့်တော်မူ၏။
ထိုအခါ နေဗုခဒ်နေဇာမင်းကြီးက ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့အား အမျက်ပြင်းစွာထွက်၍ မျက်စိမျက်နှာပျက်လေ၏။ ထို့ကြောင့် မီးပြင်းဖိုကို ပုံမှန်ထက်ခုနစ်ဆတိုး၍ပူစေရန် အမိန့်ပေးလေ၏။
သင်တို့သည် ငါ့ကို ဆက်လက်ဆန့်ကျင်၍ ငါ့စကားကိုနားမထောင်လျှင် ငါသည် သင်တို့၏အပြစ်နှင့်အလျောက် သင်တို့အပေါ်သို့ ဘေးဒဏ်ကို ခုနစ်ဆ ထပ်၍ကျရောက်စေမည်။
ငါသည်လည်း သင်တို့ကို ဆက်လက်ဆန့်ကျင်မည်။ ထိုမျှမက ငါသည် သင်တို့၏အပြစ်အတွက် သင်တို့ကို ခုနစ်ဆဒဏ်ခတ်မည်။
မရဏာနိုင်ငံတိုင်အောင် တွင်းတူးလျှင်လည်း သူတို့ကို ထိုနေရာမှ ငါကိုယ်တိုင် ဆွဲထုတ်မည်။ ကောင်းကင်တိုင်အောင် တက်သွားလျှင်လည်း သူတို့ကို ထိုနေရာမှ ငါဆွဲချမည်။
ထိုအခါ ဗာလက်မင်းကြီးသည် ဗာလမ်ကို အမျက်ထွက်လေ၏။ ထို့ကြောင့် လက်ဝါးရိုက်၍ ဗာလမ်အား “အကျွန်ုပ်၏ရန်သူကို ကျိန်ဆဲရန် သင့်အား အကျွန်ုပ်ခေါ်ခဲ့၏။ ယခုမူကား သင်သည် သူတို့ကို သုံးကြိမ်တိုင်အောင် ကောင်းချီးလုံးလုံးပေးလေပြီတကား။