ထိုအကြောင်းအရာအလုံးစုံကို မော်ဒကဲ ကြားသိသောအခါ မိမိအဝတ်တို့ကိုဆုတ်ဖြဲ၍ လျှော်တေအဝတ်ကိုဝတ်ပြီးလျှင် ပြာ၌လူးလေ၏။ ထို့နောက် မြို့လယ်ခေါင်သို့သွားကာ ကျယ်လောင်စွာ ခါးခါးသီးသီး အော်ဟစ်ငိုကြွေးလေ၏။
ယေဇကျေလ 21:11 - မြန်မာ့စံမီသမ္မာကျမ်း ဓားကို သွေးသူလက်သို့ အပ်လိုက်လေပြီ။ သူသည် ပြောင်လက်အောင်၊ ထက်အောင် သွေးပြီး လူသတ်လက်သို့ အပ်လေပြီ’ဟု မိန့်တော်မူ၏။ Common Language Bible အဆင်သင့်အသုံးပြုနိုင်စေရန်ထိုဋ္ဌားကို ပြောင်လက်အောင်တိုက်ချွတ်လျက်ရှိ၏။ လူသတ်သမား၏လက်သို့အပ်ရန် ယင်းကိုထက်အောင်သွေးပြီးလျှင် ပြောင်လက်အောင်တိုက်ချွတ်ထား၏။ Garrad Bible ဓား တော် ကို စွဲ ကိုင် ရန် တိုက် ပွတ် စေ ပြီ။ ကွပ် မျက် သူ လက် သို့ အပ် ရန် သွေး ကျင်း တိုက် ပွတ် လေ ပြီ ဟု ဖွဲ့ ဆို လော့။ Judson Bible သုံးစရာဖို့ ပွတ်စေခြင်းငှာ အပ်ထားပြီ။ လုပ်ကြံသောသူ၌အပ်ခြင်းငှာ ထက်စွာလည်း သွေးလေပြီ။ ပြောင်လက်စွာပွတ်လေပြီ။ |
ထိုအကြောင်းအရာအလုံးစုံကို မော်ဒကဲ ကြားသိသောအခါ မိမိအဝတ်တို့ကိုဆုတ်ဖြဲ၍ လျှော်တေအဝတ်ကိုဝတ်ပြီးလျှင် ပြာ၌လူးလေ၏။ ထို့နောက် မြို့လယ်ခေါင်သို့သွားကာ ကျယ်လောင်စွာ ခါးခါးသီးသီး အော်ဟစ်ငိုကြွေးလေ၏။
“ငါ့ကိုမကြည့်ကြနှင့်။ အားရပါးရငိုကြွေးပါရစေ။ ငါ့လူမျိုးသမီးပျိုတို့ ပျက်စီးသည်ဖြစ်၍ ငါ့ကိုနှစ်သိမ့်ဖို့ မကြိုးစားကြနှင့်”ဟု ငါဆို၏။
ထိုနေ့ရက်၌ ထာဝရဘုရားကွပ်မျက်တော်မူခြင်းကိုခံရသောသူတို့သည် မြေကြီးတစ်ဖက်စွန်းမှ အခြားတစ်ဖက်စွန်းတိုင်အောင် အနှံ့ရှိကြလိမ့်မည်။ မြည်တမ်းပေးမည့်သူမရှိ။ စုပုံထားပေးမည့်သူမရှိ။ သင်္ဂြိုဟ်ပေးမည့်သူမရှိ။ မြေပေါ်၌ နောက်ချေးကဲ့သို့ ဖြစ်ကြလိမ့်မည်။
ကြည့်ရှုလော့။ မြောက်အရပ်မှ လူမျိုးအပေါင်းတို့နှင့်တကွ ငါ့အစေအပါး ဘေဘီလုံဘုရင်နေဗုခဒ်နေဇာကို ဆင့်ခေါ်ပြီး ဤပြည်နှင့်ပြည်သူပြည်သားများမှစ၍ ပတ်ပတ်လည်ရှိတိုင်းနိုင်ငံအားလုံးကို ဝင်ရောက်တိုက်ခိုက်ရန် ငါစေလွှတ်မည်။ ငါသည် သူတို့ကို လုံးလုံးဖျက်ဆီးမည်။ ထိတ်လန့်စရာ၊ ကဲ့ရဲ့ပြစ်တင်စရာ၊ ထာဝရပျက်စီးရာ ဖြစ်စေမည်’ဟု မိန့်တော်မူ၏။
ဓားကိုပြောင်လက်အောင်၊ ထက်အောင် သွေးပြီး သတ်ပွဲကြီးဖြစ်တော့မည်ကို ငါတို့ဝမ်းသာရမည်လော။ ငါ့သား၏ရာဇလှံတံသည်လည်း အခြားသစ်ပင်များနည်းတူ သုတ်သင်ပယ်ရှင်းခံရတော့မည်။
‘အချင်းလူသား၊ ငိုကြွေးမြည်တမ်းလော့။ အကြောင်းမှာ ဓားသည် ငါ့လူမျိုးတော်ကို တိုက်ခိုက်လေပြီ။ အစ္စရေးခေါင်းဆောင်တို့ကို တိုက်ခိုက်လေပြီ။ သူတို့သည် ငါ့လူမျိုးတော်နှင့်အတူ ဓားလက်သို့ကျရောက်သည်ဖြစ်၍ ရင်ဘတ်စည်တီးလော့။
“အချင်းလူသား၊ ဘေဘီလုံဘုရင်၏ဓားသွားမည့်လမ်းနှစ်လမ်းကို မှတ်သားလော့။ ထိုလမ်းနှစ်လမ်းတို့သည် ပြည်တစ်ပြည်ထဲမှ အစပြု၍ထွက်လာသောလမ်းဖြစ်၏။ မြို့ထဲသို့သွားသောလမ်းခွ၌ အမှတ်အသားလုပ်ထားလော့။