ယေဇကျေလ 21:11 - Common Language Bible11 အဆင်သင့်အသုံးပြုနိုင်စေရန်ထိုဋ္ဌားကို ပြောင်လက်အောင်တိုက်ချွတ်လျက်ရှိ၏။ လူသတ်သမား၏လက်သို့အပ်ရန် ယင်းကိုထက်အောင်သွေးပြီးလျှင် ပြောင်လက်အောင်တိုက်ချွတ်ထား၏။ အခန်းကိုကြည့်ပါ။Garrad Bible11 ဓား တော် ကို စွဲ ကိုင် ရန် တိုက် ပွတ် စေ ပြီ။ ကွပ် မျက် သူ လက် သို့ အပ် ရန် သွေး ကျင်း တိုက် ပွတ် လေ ပြီ ဟု ဖွဲ့ ဆို လော့။ အခန်းကိုကြည့်ပါ။Judson Bible11 သုံးစရာဖို့ ပွတ်စေခြင်းငှာ အပ်ထားပြီ။ လုပ်ကြံသောသူ၌အပ်ခြင်းငှာ ထက်စွာလည်း သွေးလေပြီ။ ပြောင်လက်စွာပွတ်လေပြီ။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း11 ဓားကို သွေးသူလက်သို့ အပ်လိုက်လေပြီ။ သူသည် ပြောင်လက်အောင်၊ ထက်အောင် သွေးပြီး လူသတ်လက်သို့ အပ်လေပြီ’ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
ထိုနေ့ရက်ကျရောက်လာသောအခါထာဝရ ဘုရားကွပ်မျက်တော်မူသောသူတို့၏အလောင်း များသည် ကမ္ဘာမြေပြင်တစ်လျှောက်လုံးတွင်ပျံ့နှံ့ လျက်နေလိမ့်မည်။ သူတို့အတွက်အဘယ်သူမျှ ဝမ်းနည်းပူဆွေးမှုပြုလိမ့်မည်မဟုတ်။ အလောင်း များကိုလည်းယူ၍သင်္ဂြိုဟ်ကြလိမ့်မည်မဟုတ်။ ယင်းတို့သည်နောက်ချေးပုံများကဲ့သို့မြေ ပေါ်တွင်ရှိနေလိမ့်မည်။
`ငါသည်မြောက်အရပ်မှလူမျိုးများနှင့်ငါ ၏အစေခံဗာဗုလုန်ဘုရင်နေဗုခဒ်နေဇာ ကိုဆင့်ခေါ်ကာ ဤပြည်သူပြည်သားအပေါင်း တို့နှင့်နီးနားပတ်ဝန်းကျင်ရှိပြည်သူများ မှလူမျိုးအပေါင်းတို့အားတိုက်ခိုက်စေမည်။ ငါသည်ယင်းတို့ကိုအကြွင်းမဲ့ဖျက်ဆီး၍ ထာဝစဉ်ယိုယွင်းပျက်စီးစေသဖြင့်ရှုမြင် ရသူတို့လန့်ဖျပ်တုန်လှုပ်ကြလိမ့်မည်။ ဤ ကားငါထာဝရဘုရားမြွက်ဟသည့် စကားဖြစ်၏။-
ဤအဖြစ်အပျက်အလုံးစုံကို မော်ဒကဲ သိရသောအခါပြင်းစွာစိတ်ဒုက္ခရောက်လျက် မိမိ၏အဝတ်များကိုဆုတ်ပြီးလျှင်လျှော် တေကိုဝတ်၍ဦးခေါင်းကိုပြာနှင့်လူး၏။ ထို နောက်သူသည်ပြင်းပြစွာငိုကြွေးမြည်တမ်း လျက် နန်းတော်အဝင်ဝသို့ရောက်သည်တိုင် အောင်မြို့ကိုဖြတ်၍လျှောက်သွားလေသည်။ မည်သူမဆိုလျှော်တေကိုဝတ်၍ နန်းတွင်း သို့မဝင်ရသောကြောင့်သူသည်နန်းတွင်း သို့မဝင်ချေ။-