ထို့ကြောင့် ကိုယ့်ကိုယ်ကို ရွံရှာမိပါ၏။ နောင်တရလျက် မြေမှုန့်ထဲ၊ ပြာပုံထဲမှာ ထိုင်နေရပါ၏”ဟု လျှောက်လေ၏။
ယေဇကျေလ 20:43 - မြန်မာ့စံမီသမ္မာကျမ်း ကိုယ့်ကိုယ်ကိုယ် ညစ်ညူးစေခဲ့သော သင်တို့၏အပြုအမူအကျင့်အကြံတို့ကို ထိုပြည်တွင် ပြန်လည်သတိရ၍ သင်တို့ပြုခဲ့သောမကောင်းမှုများကြောင့် သင်တို့ကိုယ်သင်တို့ စက်ဆုပ်ကြလိမ့်မည်။ Common Language Bible ထိုအခါသင်တို့သည်မိမိတို့ပြုခဲ့သော စက်ဆုပ်ဖွယ်ရာအမှုများကြောင့်မိမိကိုယ် ကိုရွံရှာ၍ မိမိတို့ကိုယ်ကိုအဘယ်သို့ ညစ်ညမ်းစေခဲ့ကြကြောင်းတို့ကိုပြန်လည် သတိရကြလိမ့်မည်။ ထိုအခါသင့်ကိုယ် သင်ရွံရှာလိမ့်မည်။- Garrad Bible ကိုယ် ကို ညစ် ညူး စေ ရာ အ လေ့ အ လာ အ ပြု အ မူ ဟူ သ မျှ ကို သ တိ ရ လျက်၊ ပြု ကျင့် သ မျှ သော ဆိုး သွမ်း မှု အ တွက်၊ ကိုယ် ကို စက် ဆုပ် ရွံ ရှာ ရာ မှတ် ကြ လ တ္တံ့။ Judson Bible သင်တို့ ညစ်ညူးသော ကျင့်ကြံပြုမူရာအမှုရှိသမျှတို့ကို ထိုပြည်၌ အောက်မေ့၍၊ ပြုမိသမျှသော ဒုစရိုက်တို့ကြောင့် ကိုယ်ကိုကိုယ် ရွံရှာကြလိမ့်မည်။ |
ထို့ကြောင့် ကိုယ့်ကိုယ်ကို ရွံရှာမိပါ၏။ နောင်တရလျက် မြေမှုန့်ထဲ၊ ပြာပုံထဲမှာ ထိုင်နေရပါ၏”ဟု လျှောက်လေ၏။
ဧဖရိမ်က “ကိုယ်တော်သည် အကျွန်ုပ်ကိုပဲ့ပြင်တော်မူပြီ။ အကျွန်ုပ်သည် ရိုင်းသောနွားသငယ်ကဲ့သို့ ပဲ့ပြင်ခြင်းကိုခံရပါပြီ။ အကျွန်ုပ်ကို ပြန်ခေါ်ပါ။ အကျွန်ုပ် ပြန်လာပါရစေ။ ကိုယ်တော်သည် အကျွန်ုပ်၏ထာဝရအရှင်ဘုရားသခင် ဖြစ်တော်မူပါ၏။
ထိုအခါ သင်တို့၏ဆိုးညစ်သောအပြုအမူ၊ မကောင်းသောလုပ်ရပ်များကို ပြန်လည်သတိရ၍ ကိုယ်ပြုခဲ့သောစက်ဆုပ်ရွံရှာဖွယ်အပြစ်တို့ကြောင့် ကိုယ့်ကိုယ်ကို စက်ဆုပ်ကြလိမ့်မည်။
သူတို့၏နေရင်းပြည်တွင် ခြိမ်းခြောက်မည့်သူမရှိ ဘေးကင်းလုံခြုံစွာနေရသောအခါ သူတို့အရှက်ကွဲခဲ့ရသည်ကိုလည်းကောင်း၊ ငါ့အပေါ်သစ္စာမဲ့၍ ဖောက်ပြန်မှားယွင်းခဲ့ကြသည်ကိုလည်းကောင်း မေ့လျော့ကြလိမ့်မည်။
ထိုသို့ ဖမ်းသွားခြင်းခံရ၍ လူမျိုးခြားတို့အလယ်ရောက်ရှိနေသော ကြွင်းကျန်သူတို့သည် စိတ်နှလုံးဖောက်ပြန်၍ ငါ့ထံမှလမ်းလွဲသွားသောကြောင့်၊ မျက်စိဖောက်ပြန်၍ ရုပ်တုများနောက်သို့ လိုက်သွားခဲ့သောကြောင့် ငါမည်မျှရင်ကျိုးခဲ့ရသည်ကို သူတို့သိနားလည်လာကြလိမ့်မည်။ သူတို့ပြုခဲ့သော စက်ဆုပ်ရွံရှာဖွယ်မကောင်းမှုများကြောင့် သူတို့ကိုယ်သူတို့ စက်ဆုပ်ရွံရှာကြလိမ့်မည်။
သူတို့သည် ကိုယ့်အပြစ်ကိုမဝန်ခံမချင်း၊ ငါ့မျက်နှာကိုမရှာမချင်း စံမြန်းရာသို့ ငါပြန်သွားနေမည်။ သူတို့သည် ဆင်းရဲဒုက္ခရောက်သောအခါ ငါ့ကို ကြိုးစားရှာကြလိမ့်မည်။”
အခွန်ကောက်ခံသူမူကား အဝေး၌ရပ်လျက် ကောင်းကင်သို့ပင်မော်မကြည့်ဝံ့ဘဲ ရင်ဘတ်စည်တီးလျက် ‘အို ဘုရားသခင်၊ အပြစ်များသောအကျွန်ုပ်ကို သနားတော်မူပါ’ဟု ဆုတောင်း၏။
ကြည့်ကြလော့။ ဘုရားသခင်၏အလိုတော်နှင့်ညီသော ဤဝမ်းနည်းခြင်းသည် သင်တို့အထဲတွင် မည်သို့သော ကြိုးစားအားထုတ်ခြင်း၊ ဖြေရှင်းချက်ပေးခြင်း၊ မခံမရပ်နိုင်ဖြစ်ခြင်း၊ ကြောက်ရွံ့ခြင်း၊ အလွန်တောင့်တခြင်း၊ စိတ်အားထက်သန်ခြင်းနှင့် တရားသဖြင့်စီရင်ခြင်းတို့ကို ဖြစ်ပေါ်စေခဲ့သနည်း။ သင်တို့သည် ဤအမှု၌အပြစ်ကင်းစင်ကြောင်း သင်တို့ကိုယ်တိုင် အရာရာ၌ထင်ရှားစေကြပြီ။