သို့သော် သူတို့ကို ငါသနား၏။ တောကန္တာရတွင် မဖျက်ဆီးခဲ့။ အဆုံးမစီရင်ခဲ့။
``သို့သော်ငါသည်သူတို့ကိုသနားသဖြင့် တောကန္တာရတွင်ဆုံးပါးပျက်စီးစေရန် မပြု။-
ထို တော တွင် ကုန် ခန်း အောင် မ ဖျက် ဆီး ဘဲ၊ မျက် စောင်း နှင့် ညှာ တာ သေး ၏။
သို့သော်လည်း၊ ငါသည်သူတို့ကို နှမြောသောကြောင့် မဖျက်ဆီး၊ တော၌ဆုံးရှုံးစေခြင်းငှာမပြု။
ကိုယ်တော်သည် ကရုဏာတော်ကြီးမားသောကြောင့် သူတို့ကိုတောကန္တာရတွင် စွန့်ပစ်တော်မမူ။ နေ့အချိန်၌ သူတို့ကို လမ်းခရီးတွင်ပို့ဆောင်ရန် မိုးတိမ်တိုင်ကိုသူတို့ရှေ့မှမဖယ်ရှား၊ ညအချိန်၌ သူတို့သွားသောလမ်းခရီးတွင်လည်း အလင်းရရှိရန် မီးတိုင်ဖြင့် ပို့ဆောင်တော်မူ၏။
ထာဝရဘုရားက “ငါသည် ပြည်တစ်ပြည်လုံးကို လူသူကင်းမဲ့ရာဖြစ်စေမည်။ သို့သော် အကုန်အစင်သုတ်သင်ဖျက်ဆီးမည်မဟုတ်။
ထာဝရဘုရားက “သို့သော်လည်း ထိုနေ့ရက်တွင် သင်တို့ကို ငါအကုန်အစင်ဖျက်ဆီးမည်မဟုတ်။
ထိုအကြောင်းကို ငါပရောဖက်ပြုဟောပြောနေစဉ် ဗေနာယ၏သားပေလတိ သေလေ၏။ ထိုအခါ ငါသည် ပျပ်ဝပ်လျက် “အို ဘုရားရှင်ထာဝရဘုရား၊ ကိုယ်တော်သည် ကြွင်းကျန်သောအစ္စရေးတို့ကိုပါ အကုန်အစင်ဖျက်ဆီးတော်မူမည်လော”ဟု အသံကုန်အော်ဟစ်လျှောက်ဆိုလေ၏။
သို့သော် သူတို့အား ထုတ်ဆောင်လာခဲ့သည်ကို မြင်တွေ့သော လူမျိုးခြားတို့ရှေ့တွင် ငါ့နာမရှုတ်ချမခံရရန်အတွက် ငါပြုခဲ့၏။ သူတို့ကို ငါမဆုံးမခဲ့။
“အချင်းလူသား၊ အစ္စရေးပြည်အား ဘုရားရှင်ထာဝရဘုရားက ‘သူ၏နိဂုံးချုပ်ချိန်သည် ရောက်လာပြီ။ ပြည်တစ်ပြည်လုံး နိဂုံးချုပ်ချိန်ရောက်လေပြီ။
ထို့ကြောင့် သူတို့ကို အမျက်ဒေါသဖြင့် စီရင်မည်။ သနားညှာတာမည်မဟုတ်။ ငါ့ထံ သူတို့အသံကုန်အော်ဟစ်တောင်းလျှောက်လျှင်လည်း ငါနားထောင်မည်မဟုတ်”ဟု မိန့်တော်မူ၏။
ထို့ကြောင့် ငါသည် သူတို့ကို သနားညှာတာမည်မဟုတ်။ သူတို့ပြုမူကျင့်ကြံခဲ့သည်တို့ကို သူတို့ခေါင်းပေါ်ပြန်ရောက်စေမည်”ဟု မိန့်တော်မူ၏။
ယခုပင်ကြည့်ပါလော့။ ထာဝရဘုရားသည် လိုဏ်ဂူထဲရောက်နေသောအရှင်မင်းကြီးအား အကျွန်ုပ်လက်သို့ အပ်တော်မူသည်ကို ယနေ့ အရှင်မင်းကြီးအမြင်ပင် ဖြစ်ပါ၏။ အရှင်မင်းကြီးကို ကွပ်မျက်ရန်ပြောဆိုကြသော်လည်း အရှင်မင်းကြီးကို အကျွန်ုပ်နှမြောသည်ဖြစ်၍ အကျွန်ုပ်က ‘ငါသည် ငါ့သခင်ကို ကိုယ်ထိလက်ရောက်မပြု။ အကြောင်းမှာ သူသည် ထာဝရဘုရား ဘိသိက်ပေးထားသောသူဖြစ်၏’ဟု ပြန်ပြောပါ၏။