ဖာရောနေခေါမင်းကြီးသည် ယောရှိမင်းကြီး၏သားတော်ဧလျာကိမ်ကို ခမည်းတော်ယောရှိ၏အရိုက်အရာကို ဆက်ခံစေပြီး ယောယကိမ် ဟုအမည်ပြောင်းပေး၏။ ယောခတ်မင်းကြီးကို အီဂျစ်ပြည်သို့ ခေါ်ဆောင်သွားပြီး ထိုပြည်တွင်ပင် သူအနိစ္စရောက်လေ၏။
ယေဇကျေလ 19:3 - မြန်မာ့စံမီသမ္မာကျမ်း သူကျွေးမွေးသောသားပေါက်တို့ထဲမှ တစ်ကောင်သည် သန်စွမ်းသောခြင်္သေ့ပျိုဖြစ်လာ၍ သားကောင်ကိုကိုက်ဖြတ်ရန် သင်ယူ၍ လူတို့ကိုပင် ကိုက်စားဝါးမျိုတတ်လာ၏။ Common Language Bible သားကောင်များဖမ်းသည့်အတတ်ကို သင်ကြားပေးသဖြင့်၊ ခြင်္သေ့ငယ်တစ်ကောင်သည်သန်စွမ်းလာ၍ လူသားစားခြင်္သေ့ဖြစ်လာလေသည်။ Garrad Bible မွေး မြူ သော သား ငယ် တစ် ကောင် သည်၊ ခြင်္သေ့ ပျို အ ရွယ် ရောက် သော်၊ အ မဲ လိုက် တတ် သည့် ပြင်၊ လူ တို့ ကို ကိုက် စား လေ့ ရှိ သည် ကို၊ Judson Bible ကျွေးမွေးသော သားတစ်ကောင်သည် ခြင်္သေ့ပျိုဖြစ်၍၊ တောတိရစ္ဆာန်တို့ကို ဖမ်းဆီးခြင်းငှာ၊ သင်၏ လူတို့ကိုလည်း ကိုက်စားတတ်၏။ |
ဖာရောနေခေါမင်းကြီးသည် ယောရှိမင်းကြီး၏သားတော်ဧလျာကိမ်ကို ခမည်းတော်ယောရှိ၏အရိုက်အရာကို ဆက်ခံစေပြီး ယောယကိမ် ဟုအမည်ပြောင်းပေး၏။ ယောခတ်မင်းကြီးကို အီဂျစ်ပြည်သို့ ခေါ်ဆောင်သွားပြီး ထိုပြည်တွင်ပင် သူအနိစ္စရောက်လေ၏။
‘သင့်မိခင်ကား မည်သို့သောသူနည်း။ ခြင်္သေ့ပျိုတို့နှင့်အတူနေထိုင်၍ သားပေါက်တို့ကိုကျွေးမွေးသောခြင်္သေ့မ၊ ခြင်္သေ့များကြားမှ ခြင်္သေ့မဖြစ်သည်မဟုတ်လော။
သူ့အကြောင်းကိုကြားသော လူမျိုးခြားတို့သည် သူ့ကိုတွင်းနှင့်ထောင်ဖမ်းပြီး ကြိုးကွင်းစွပ်၍ အီဂျစ်ပြည်သို့ ခေါ်ဆောင်သွား၏။
ထိုသားပေါက်သည် ခြင်္သေ့များကြားတွင် သွားလာနေထိုင်ရင်း သန်စွမ်းသောခြင်္သေ့ပျိုဖြစ်လာပြီး သားကောင်ကိုကိုက်ဖြတ်စားသောက်သောအတတ်ကို သင်ယူ၍ လူကိုပါ ကိုက်စားဝါးမျိုတတ်လာ၏။
ထိုမြို့တွင် ပရောဖက်တို့သည် လျှို့ဝှက်ကြံစည်၍ သားကောင်ကိုဟိန်းဟောက်ကိုက်ဖဲ့သည့်ခြင်္သေ့ကဲ့သို့ လူတို့ကိုဝါးမျို၍ သူတို့၏ဥစ္စာရတနာများကို ယူကြ၏။ ထိုမြို့တွင် မိန်းမအမြောက်အမြားကို မုဆိုးမဘဝသို့ရောက်စေ၏။
“အချင်းလူသား၊ အီဂျစ်ဘုရင်ဖာရောမင်းကြီးအတွက် ငိုကြွေးမြည်တမ်းလျက် ‘သင်သည် လူမျိုးတကာတို့တွင် ခြင်္သေ့ပျိုနှင့်တူ၏။ မြစ်ချောင်းတို့တွင် ကူးခတ်သွားလာပြီး ထိုမြစ်ချောင်းတို့ကို ခြေဖြင့်မွှေနှောက်ကာ နောက်ကျိစေသော ပင်လယ်မြွေနဂါးနှင့်တူ၏’ဟု သူ့အား ဆင့်ဆိုလော့။
အသရေဖျက်ဆီးခံရသောကြောင့် သိုးထိန်းတို့၏မြည်တမ်းသံကို ကြားရလေပြီ။ ဂျော်ဒန်တောအုပ်ကြီးဖျက်ဆီးခံရသောကြောင့် ခြင်္သေ့ပျိုတို့၏ဟိန်းသံကို ကြားရလေပြီ။
ဒန်အမျိုးကိုကား၊ ဒန်အမျိုးသည် ဗာရှန်ပြည်မှခုန်ထွက်လာသည့် ခြင်္သေ့သားပေါက်ဖြစ်၏။