ငါသည် ကိုယ်တော်၏ရှေ့တော်၌ အပြစ်တင်စရာမရှိအောင်နေ၍ ကိုယ့်ဒုစရိုက်ကို ကိုယ်ရှောင်ကြဉ်ပါ၏။
ယေဇကျေလ 18:8 - မြန်မာ့စံမီသမ္မာကျမ်း အတိုးဖြင့်မချေးငှား၊ အမြတ်မယူ၊ မတရားမှုကိုရှောင်ကြဉ်လျက် အမှုဖြစ်ပွားသောလူနှစ်ဦးကြားတွင် မျှတစွာစီရင်လျှင်၊ Common Language Bible သူသည်အတိုးအမြတ်ရရန်ငွေကိုမချေး။ ဆိုးညစ်မှုကိုရှောင်ရှား၍အချင်းများမှု တို့တွင်ဖြောင့်မှန်သောအဆုံးအဖြတ်ကို ပေး၏။- Judson Bible အတိုးစား၍ ငွေကိုမချေး၊ အဓမ္မအမှုကို လက်မခံ၊ သူတစ်ပါးအမှုကို တရားသဖြင့်စီရင်ခြင်း၊ |
ငါသည် ကိုယ်တော်၏ရှေ့တော်၌ အပြစ်တင်စရာမရှိအောင်နေ၍ ကိုယ့်ဒုစရိုက်ကို ကိုယ်ရှောင်ကြဉ်ပါ၏။
ငါမတိုင်ခင် ဘုရင်ခံလုပ်သောသူတို့သည် ပြည်သူပြည်သားတို့အား ဝန်လေးအောင်ပြုခဲ့ကြ၏။ ငွေရှယ်ကယ်လေးဆယ်အပြင် မုန့်နှင့် စပျစ်ဝိုင်ကိုပါ ယူကြ၏။ သူတို့၏လက်အောက်ငယ်သားတို့သည်လည်း ပြည်သူပြည်သားတို့ကို နိုင်လိုမင်းထက်ပြုကြ၏။ ငါမူကား ဘုရားသခင်ကို ကြောက်ရွံ့ရိုသေသောကြောင့် ထိုသို့မပြု။
မိမိငွေကို အတိုးဖြင့်ချေးငှားခြင်းမပြု၊ အပြစ်ကင်းသောသူကိုထိခိုက်စေသည့် တံစိုးလက်ဆောင်ကိုလက်မခံသောသူပင်တည်း။ ဤသို့ပြုသောသူသည် မည်သည့်အခါမျှတုန်လှုပ်မည်မဟုတ်။
သင်တို့နှင့်အတူရှိသော ငါ၏လူမျိုးထဲမှဆင်းရဲသားကို ငွေချေးပေးလျှင် အတိုးစားသောသူကဲ့သို့ မပြုရ။ သူ့ထံမှ အတိုးမယူရ။
အတိုးချခြင်းနှင့် အမြတ်ကြီးစားခြင်းဖြင့် မိမိ၏စည်းစိမ်ဥစ္စာကိုတိုးပွားစေသောသူသည် ဆင်းရဲသောသူတို့ကိုသနားတတ်သောသူအတွက် စုဆောင်းနေခြင်းဖြစ်၏။
ကောင်းသောအမှုကိုပြုရန် သင်ယူကြလော့။ တရားမျှတမှုကို ရှာကြလော့။ အဖိနှိပ်ခံရသူကို ကူမကြလော့။ ဖတဆိုးဘက်မှ တရားသဖြင့်စီရင်ကြလော့။ မုဆိုးမဘက်မှ ရင်ဆိုင်ဖြေရှင်းပေးကြလော့”ဟု မိန့်တော်မူ၏။
ဖြောင့်မတ်စွာအသက်ရှင်လျှောက်လှမ်း၍ ဟုတ်မှန်သောစကားကိုပြောသူ၊ ဖိနှိပ်ညှဉ်းပန်းခြင်းဖြင့်ရသောအကျိုးစီးပွားကိုငြင်းပယ်၍ တံစိုးလက်ဆောင်ကို လက်မခံဘဲ ငြင်းဆိုသူ၊ သတ်ဖြတ်မှုအကြောင်းကို မကြားမိအောင် နားပိတ်ထားသူ၊ မကောင်းသောအရာများကို မကြည့်မိအောင် မျက်စိပိတ်ထားသူ၊
အို ငါ့မွေးသမိခင်၊ ငါ၌အမင်္ဂလာရှိ၏။ ငါသည် မြေတစ်ပြင်လုံးနှင့်ခိုက်ရန်ဖြစ်ပွားသောသူ၊ အငြင်းပွားသောသူ ဖြစ်ရပါပြီတကား။ ငါသည် သူတို့ကို မချေးငှားပေးဖူးပါ။ သူတို့ထံမှ မချေးယူဖူးပါ။ သို့ရာတွင် သူတို့အားလုံးက ငါ့ကိုကျိန်ဆဲကြပါ၏။
သို့မှ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သင်တို့သိကြရလိမ့်မည်။ သင်တို့သည် ငါ၏ပြဋ္ဌာန်းချက်တို့ကိုမလိုက်နာ၊ ငါ၏စီရင်ထုံးဖွဲ့ချက်တို့ကိုလည်းမလိုက်လျှောက်ဘဲ သင်တို့ဝန်းကျင်ရှိ လူမျိုးခြားတို့၏စီရင်ထုံးဖွဲ့ချက်များအတိုင်း လိုက်လျှောက်ကြပြီ’ဟူ၍ မိန့်တော်မူသည်”ဟု မိန့်ဆို၏။
အတိုးဖြင့်ချေးငှား၍အမြတ်ယူခြင်း စသည့် အမှုတစ်စုံတစ်ခုကိုပြုလျှင် သူသည် အသက်ချမ်းသာရာရမည်မဟုတ်။ ထိုသို့သောစက်ဆုပ်ရွံရှာဖွယ်ဟူသမျှတို့ကိုပြုသောကြောင့် သူသည် မုချသေရမည်။ သူ၏သွေးသည် သူ့အပေါ်ကျရောက်မည်။
ဆင်းရဲသားကိုမဖိနှိပ်၊ သူတို့ထံမှ အတိုးအမြတ်မယူ၊ ငါ၏စီရင်ထုံးဖွဲ့ချက်များကို စောင့်ထိန်း၍ ငါ၏ပြဋ္ဌာန်းချက်တို့ကိုလိုက်လျှောက်လျှင် သူသည် မိမိဖခင်၏အပြစ်ကြောင့် သေရမည်မဟုတ်။ အမှန်ပင် အသက်ချမ်းသာရာရလိမ့်မည်။
သူတို့သည် တံစိုးလက်ဆောင်ယူ၍ လူအသက်ကို သတ်ကြ၏။ သင်သည် အတိုးအမြတ်ယူ၍ အိမ်နီးချင်း၏ပစ္စည်းကို အနိုင်အထက်လုယူ၏။ ငါ့ကိုလည်း မေ့လျော့လေပြီ’ဟု မိန့်တော်မူ၏။
တရားစီရင်ရာတွင် မတရားသဖြင့် မစီရင်ရ။ ဆင်းရဲသောသူကို ဘက်မလိုက်ရ။ ချမ်းသာသောသူကိုလည်း မလိုက်လျောရ။ သင်၏အိမ်နီးချင်းကို ဖြောင့်မတ်စွာတရားစီရင်ရမည်။
တရားစီရင်ရာတွင်ဖြစ်စေ၊ တိုင်းထွာရာတွင်ဖြစ်စေ၊ ချိန်တွယ်ရာတွင်ဖြစ်စေ၊ ရေတွက်ရာတွင်ဖြစ်စေ မတရားသဖြင့်မပြုလုပ်ရ။
သင်တို့ပြုကျင့်ရမည်မှာ အချင်းချင်း မှန်သောစကားကို ပြောကြလော့။ မြို့တံခါးဝတို့၌ တရားစီရင်ရာတွင် ဖြောင့်မတ်မှန်ကန်စွာ စီရင်ဆုံးဖြတ်ကြလော့။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “စတုတ္ထလအစာရှောင်ခြင်း၊ ပဉ္စမလအစာရှောင်ခြင်း၊ သတ္တမလအစာရှောင်ခြင်း၊ ဒသမလအစာရှောင်ခြင်းတို့သည် ယုဒအမျိုးအနွယ်အဖို့ ရွှင်လန်းဝမ်းမြောက်ဖွယ်ရာ၊ ပျော်ရွှင်ဖွယ်ရာပွဲတော်များ ဖြစ်လိမ့်မည်။ ထို့ကြောင့် သစ္စာရှိခြင်း၊ ငြိမ်းချမ်းခြင်းတို့ကို မြတ်နိုးကြလော့”ဟု မိန့်တော်မူ၏။
သင်၏ဘုရားသခင်ထာဝရဘုရားအား ကတိသစ္စာပြုလျှင် သင်၏ဘုရားသခင်ထာဝရဘုရားသည် ထိုကတိသစ္စာကို သင့်ထံမှ မုချတောင်းတော်မူမည်ဖြစ်၍ ထိုကတိသစ္စာကိုပြည့်စုံစေရန် မနှောင့်နှေးနှင့်။ နှောင့်နှေးလျှင် သင့်အပေါ် အပြစ်သက်ရောက်မည်။