သူသည် ပဋိညာဉ်ကိုချိုးဖောက်ခြင်းဖြင့် ကျိန်ဆိုခဲ့သည်ကိုမထီမဲ့မြင်ပြုလျက် တစ်ပါးသူကို အကူအညီတောင်း၏။ ထိုသို့ပြုသောကြောင့် သူသည် ဘေးလွတ်မည်မဟုတ်’ဟု မိန့်တော်မူ၏။
ထိုမင်းသည်မိမိကျိန်ဆိုခဲ့သည့်ကျမ်းသစ္စာ ကိုမလေးစားဘဲ၊ မိမိချုပ်ဆိုခဲ့သည့်ငြိမ်း ချမ်းရေးစာချုပ်ကိုလည်းကောင်းချိုးဖောက်၏။ သူသည်ကတိသစ္စာကျိန်ဆိုပြီးသော်လည်း ဤအမှုတို့ကိုပြုသဖြင့်သူသည်ယခု အသက်ချမ်းသာရာရမည်မဟုတ်'' ဟူ၍ တည်း။
ထို ပ ဋိ ညာဉ် ကို ဖျက် သူ၊ သ စ္စာ တော် ကို ဖောက် ကျော် သူ လက် ဝါး ရိုက် လျက် ပင် ထို သို့ ပြု သူ သည်၊ ဘေး မ လွတ် ရ။
အကြောင်းမူကား၊ ယေရုရှလင်မင်းသည် လက်ချင်းရိုက်ပြီးမှ၊ သစ္စာတော်ကိုမရိုမသေပြု၍ ပဋိညာဉ်ကိုဖျက်လျက်၊ ဤအမှုအလုံးစုံတို့ကို ပြုသောကြောင့် ဘေးမှမလွတ်ရ။
ထို့နောက် ထိုနေရာမှဆက်လက်ထွက်ခွာလာ၍ သူ့ကိုလာရောက်ကြိုဆိုသော ရေခပ်၏သားယောနဒပ်နှင့် တွေ့ဆုံနှုတ်ဆက်လျက် “သင်သည် ငါနှင့်စိတ်သဘောထားချင်းတူပါသလော”ဟုမေးလျှင် ယောနဒပ်က “တူပါ၏”ဟုပြန်ဖြေရာ ယေဟုက “သို့ဖြစ်လျှင် သင့်လက်ကို ကမ်းပေးလော့”ဟု ဆို၏။ ယောနဒပ် လက်ကမ်းပေးလျှင် ယေဟုသည် သူ့ကို ရထားပေါ်သို့ ဆွဲတင်လိုက်လေ၏။
မှူးမတ်များ၊ စစ်သူရဲများနှင့် ဒါဝိဒ်မင်းကြီး၏သားတော်အပေါင်းတို့သည် ရှောလမုန်မင်းကြီးထံ၌ သစ္စာခံကြ၏။
ယခုမှာ ဘိုးဘေးတို့ကဲ့သို့ သင်တို့ ခေါင်းမမာကြနှင့်။ ထာဝရဘုရား အစဉ်သန့်ရှင်းစေတော်မူသောသန့်ရှင်းရာဌာနတော်သို့လာ၍ ဆက်ကပ်ကြလော့။ သင်တို့၏ဘုရားသခင်ထာဝရဘုရားကို အစေခံကြလော့။ သို့မှ ပြင်းထန်သောအမျက်တော်သည် သင်တို့ထံမှ ပြန်လှည့်သွားလိမ့်မည်။
ငါဆိုသည်ကား “ဘုရားသခင်၏ရှေ့တော်၌ကျိန်ဆိုထားသည်ဖြစ်၍ ရှင်ဘုရင်၏အမိန့်ကိုနာခံလော့။
အစာရေစာအလုံအလောက်ရရှိဖို့ရန် အီဂျစ်ပြည်၊ အဆီးရီးယားပြည်တို့ထံ ခယတောင်းဆိုရပါပြီ။
ထိုအခါ ယုဒဘုရင်သည် ဘေဘီလုံဘုရင်ကို ပုန်ကန်ရန် အီဂျစ်ပြည်သို့ တမန်ကိုစေလွှတ်၍ မြင်းနှင့်စစ်သည်အမြောက်အမြားကို စစ်ကူတောင်း၏။ သူ့အကြံ အထမြောက်မည်လော။ ဤသို့ပြုခြင်းဖြင့် သူသည် ဘေးလွတ်မည်လော။ ပဋိညာဉ်ကို ချိုးဖောက်ပြီးမှ သူသည် ဘေးလွတ်မည်လော’ဟု ဆင့်ဆိုလော့။
ထို့ကြောင့် ဘုရားရှင်ထာဝရဘုရားက ‘ငါအသက်ရှင်သည်နှင့်အညီ သူ့အား နန်းတင်ပေးခဲ့သည့် ဘုရင်နှင့် သူဖွဲ့ခဲ့သောပဋိညာဉ်ကို ချိုးဖောက်ခြင်းဖြင့် ထိုဘုရင်နှင့်ကျိန်ဆိုခဲ့သည်ကို သူမထီမဲ့မြင်ပြုသောကြောင့် ထိုဘုရင်၏တိုင်းပြည်ဘေဘီလုံမြို့တွင်ပင် သေဆုံးရမည်။
ထို့ကြောင့် ဘုရားရှင်ထာဝရဘုရားက ‘ငါအသက်ရှင်သည်နှင့်အညီ ငါနှင့်ကျိန်ဆိုခဲ့သည်ကိုမထီမဲ့မြင်ပြု၍ ငါနှင့်ဖွဲ့သောပဋိညာဉ်ကိုချိုးဖောက်သောအပြစ်အတွက် အမှန်ပင် သူ့ခေါင်းပေါ်သို့ရောက်စေမည်။
ဘေဘီလုံဘုရင်ထံ သစ္စာခံထားသောသူတို့က ထိုဗေဒင်သည် မဟုတ်မမှန်ဟု ထင်မှတ်ကြလိမ့်မည်။ သို့သော် ဘေဘီလုံဘုရင်သည် သူတို့အား ဖမ်းခေါ်သွားပြီး သူတို့အပြစ်ကို ပြန်သတိရစေမည်။